Pages

Wednesday, July 3, 2013

ပျိုမေတို့ အတွက် သကြားတစ်ဇွန်းနဲ့ မျက်နှာကို နုပျိုချောမွတ် စေရန်


ကဲ...ပျိုမေတို့ သကြားတစ်ဇွန်းနဲ့ မျက်နှာကို နုပျိုချောမွတ် စေရန်

အဆင့် (၁) သင်နှစ်သက်ရာ မျက်နှာသစ် ဆပ်ပြာကို သုံးပါ။ ရေနွေးနွေးဖြင့် မျက်နှာသစ် ပေးပါ။
အဆင့် (၂) သကြားအနု (Granulated Sugar) ကိုစားပွဲတင်ဇွန်း (၁)ဇွန်း ထည့်ပါ။

သရုပ်ဆောင် ဖူးစုံ၏ လတ်တလော အနုပညာ လှုပ်ရှားမှု

သရုပ်ဆောင် ဖူးစုံ၏ လတ်တလော အနုပညာ လှုပ်ရှားမှု

ပရိသတ်ကြီးရဲ့ အချစ်တော် ဖူးစုံတစ်ယောက် အခုလတ်တလောမှာ ဘာတွေ လုပ်ဖြစ်နေလဲ ဆိုတာ ဖူးစုံနဲ့ တွေ့ဆုံခိုက် ယခုလို မေးမြန်း ခဲ့ပါတယ်။

M 712 Copperhead လေဆာပဲ့ထိန်း တင့်ဖျက်ကျည်

M 712 Copperhead လေဆာပဲ့ထိန်း တင့်ဖျက်ကျည်

M 712 လေဆာ ပဲ့ထိန်း တင့်ဖျက်ကျည်သည် ပထမဆုံး အကြိမ်အဖြစ် တီထွင် ထုတ်လုပ်ခဲ့သော Smart ကျည်အမျိုးအစား တစ်ခု ဖြစ်ပါသည်။

ဝ တပ်ဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံဆွေးနွေးမည်

၂၀၁၃ ဇူလိုင်လ ၃ ရက် ( ဗုဒ္ဒဟူးနေ့ )

ရှမ်းပြည်တောင်ပိုင်းမှာ လတ်တလော စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ ၀ တပ်ဖွဲ့တို့အကြား
ပြေလည်မှုရစေဖို့ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဆွေးနွေးမယ်လို့ယူဒဗ
လျူအက်စ်အေ ၀ တပ်ဖွဲ့က ပြောပါတယ်။

အမေရိကန်စံချိန်မီ နှလုံးရောဂါ ကုသသင်ကြားရေး ဆေးရုံကြီး မြန်မာနိုင်ငံ တွင် တည်ထောင်မည်

ရန်ကုန်၊ ဇူလိုင် ၃

အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းအဆင့် နှလုံး အထူးကုများနှင့် ကျွမ်းကျင်သူများ ပါဝင်သော အဖွဲ့က အမေရိကန်စံချိန်မီ နှလုံးရောဂါ ကုသရေးနှင့် သင်ကြားရေး ဆေးရုံကြီး Myanmar Heart Institute ကို မြန်မာ
နိုင်ငံရန်ကုန်မြို့တွင်တည်ထောင်မည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီး ဖြစ်မြောက်ရေး အဓိက ဦးဆောင်လှုပ်
ရှားသူ အမေရိကန် အခြေစိုက် နှလုံးအထူးကု သမားတော်ကြီး ဒေါက်တာ ထွဋ်ကျော်ဝင်းက The Voice သို့
 ပြောကြားသည်။

မြန်မာစစ်တပ် အဘက်ဘက်သို့ အင်အားဖြည့် - တောင်ပိုင်း ၀ တပ်လှန့်တုန်လှုပ်

မြန်မာစစ်တပ် အဘက်ဘက်သို့ အင်အားဖြည့် - တောင်ပိုင်း ၀  တပ်လှန့်တုန်လှုပ်

သျှမ်းသံတော်ဆင့်
၃ ဇူလိုင် ၂၀၁၃

မြန်မာစစ်တပ်သည် တောင်ပိုင်း ၀ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ ထိန်းချုပ်နယ်မြေသို့ စစ်အင်အားဖြည့်နေခြင်းသာမက ယမန်နေ့က သျှမ်းပြည် တောင်ပိုင်းကျေးသီး မြို့နယ် ဝမ့်ဟိုင်းအုပ်စု သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာန ချုပ်ဘက်နှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်း သို့ပါ စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသတွင်းသတင်း ရပ်ကွက်ကဆို ပါသည်။ 

“ မနေ့က နမ့်ဇန်ဘက်ကနေတက်လာတယ်။ တင့်ကား၊ စစ်ယာဉ်တန်းတွေပါတဲ့ ကားအစီး ၃၀ လောက် ဝမ့်ဟိုင်းဘက် တက်သွားတယ်။ နောက်ပြီး တာ့ကော့တံတားကနေပြီးအရှေ့ဘက် မိုင်းပျင်းဘက်ကို အစီး ၁၀၀ လောက်သွားတယ်လို့လဲ ကွန်ဟိန်းက ကုန်သည်က ပြောပြတယ်” ဟု မိုင်းနောင်ဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။ 

အလားတူ SSPP/SSA ၏ တပ်မှူးများလည်း မြန်မာစစ်ကားများ အားဖြည့်သည်ဟု အတည်ပြုပြောဆို၏။ သို့သော် ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူးစိုင်းလကမူ အတည်ပြုချက်မရသေးဟု သျှမ်းသံတော်ဆင့်အားပြောပါသည်။ 

မြောက်ပိုင်းသို့သာမက သျှမ်းပြည်အရှေ့ပိုင်း( ထိုင်းနိုင်ငံချင်းမိုင်ခရိုင်နှင့်မျက်နှာချင်းဆိုင်) မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ် ခွဲ အခြေစိုက် ဝ တပ်ဖွဲ့များထိန်းချုပ် နယ်မြေ သို့ လည်း မြန်မာစစ်တပ် စစ်ရေးပြင်ဆင်အင်အားဖြည့်တင်းမှုကြောင့် တောင်ပိုင်း ၀ တပ်ဖွဲ့အတွင်း လှုပ်လှုပ်ရှား ရှားဖြစ်နေ ကြောင်း အရှေ့ပိုင်းသျှမ်းပြည် ဒေသခံများကပြောသည်။

“ ဇွန်လ နှောင်းပိုင်းကတည်းက ထိုင်းနယ်စပ်မှာရှိတဲ့ ၀ တပ်စခန်းတွေကို မြန်မာစစ်တပ်က တပ်ဆုတ်ခိုင်းတယ်လေ။ ဟွေ့အော့ဘက်အကုန်ပြန်ဖို့ပေါ့။  ၀ က တပ်မဆုတ်ပေးဘူးဆိုတာနဲ့ မြန်မာစစ်တပ်အင်အားသုံးပြီးလာဝိုင်းထားတယ်။ ပစ်ခတ်မှုတော့မဖြစ်ကြဘူး။ မြေပြန့်က စခန်းတွေမှာ ပြည်သူ့စစ်တွေဘဲထားပြီး ၀ တပ်ဖွဲ့တွေကတော့ တောင်ကုန်းတွေ အမြင့်ပိုင်းနေရာကို နေရာယူထားကြပြီ။ ရွာသားတွေ  လယ်ယာခြံလုပ်ငန်းလဲရပ်နားထားကြတယ်။ ရော်ဘာခြံတွေထဲမှာလဲ ခြုံနွယ်ပိတ်ပေါင်းတွေ ထူနေပြီ။ အလုပ်မလုပ်ကြတော့ဘူး။ ဒီတပတ်ထဲမှာ ၀ ရွာသားတွေ သူတို့ပိုင်တဲ့ ကြက်ဝက်နွားတွေ ပစ္စည်းတွေ မြို့တက်ရောင်းနေကြပြီ။ ရှုပ်လာရင်တော့ နယ်စပ်ဘက်ကိုထွက်ပြေးကြဖို့စီစဉ်ထားတယ်လို့ပြောကြတယ်။ တိုက်တောင် မတိုက်ရသေးဘူး။ အခုလို တပ်လှန့် တုန်လှုပ်နေကြပြီ ။ အခြေအနေကတော့ သိပ်မကောင်းဘူး ” ဟု သျှမ်း ပြည်အရှေ့ပိုင်း မိုင်းတုံမြို့မှ ဒေသခံတဦးကပြောသည်။ 

တဖက်ကလည်း RCSS/SSA နှင့် မြန်မာစစ်တပ်တို့ပူးပေါင်း၍ ဝ တပ်ဖွဲ့အား တိုက်ခိုက်မည်ဟု ဝ တပ်ဖွဲ့နှင့် ဒေသခံများ အကြားသတင်းပျံ့နှံ့နေမှုကြောင့် ထိုသို့ တပ်လှန့်နေကြခြင်းလည်းဖြစ်ကြောင်း ဒေသခံများကပြောပါသည်။ ဤကိစ္စနှင့် စပ် လျဉ်း၍ RCSS/SSA ဘက်မှ အခြေအမြစ်မရှိကြောင်းငြင်းပယ်ခဲ့ပြီးဖြစ်သည်။

ထို့သို့ မြန်မာစစ်တပ်မှ အဘက်ဘက်သို့ စစ်အင်အားပို့ဆောင်နေခြင်းမှာ တောင်ပိုင်း ၀ တပ်နှင့် မြောက်ပိုင်း ဝ တပ်အား ဆက်သွယ်ရေးဖြတ်တောက်လိုခြင်းကြောင့်လည်းဖြစ်နိုင်ကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA မှ အရာရှိများက သုံးသပ်ပြောဆိုပါသည်။ 

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်  ဗျူဟာမှူးဗိုလ်မှူးကြီး စိုးတင့်နိုင် သည် တောင်ပိုင်း ၀ တပ်ဖွဲ့၏တပ်စခန်းများအားလုံး ၏ စာရင်းကိုပို့ပေးရန် ပြီးခဲ့သည့်အပတ် တောင်းဆိုထားခဲ့သည်။

၃ ဇူလိုင် ၂၀၁၃

မြန်မာစစ်တပ်သည် တောင်ပိုင်း ၀ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ ထိန်းချုပ်နယ်မြေသို့ စစ်အင်အားဖြည့်နေခြင်းသာမက ယမန်နေ့က သျှမ်းပြည် တောင်ပိုင်းကျေးသီး မြို့နယ် ဝမ့်ဟိုင်းအုပ်စု သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာန ချုပ်ဘက်နှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်း သို့ပါ စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသတွင်းသတင်း ရပ်ကွက်ကဆို ပါသည်။

စားဝတ်နေရေးမပြေလည်သည့် ကိုယ်ဝန်ဆောင်တစ်ဦး ဆွဲကြိုးချသေဆုံး

၃.၇.၂၀၁၃၊ ဗုဒ္ဓဟူးနေ့
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ရှိ ဇီးတောအုပ်စု မကျည်းပွင့်ကျေးရွာတွင် ကိုယ်ဝန်ဆောင် တစ်ဦး ဆွဲကြိုးချသေဆုံးမှု ဇွန် ၂ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းက သတင်းထုတ်ပြန်သည်။

မိုင်တိုင် ၂၆ ဇာတ်ကား အကြောင်း ရှင်းပြတဲ့ ခွန်းဆင့်နေခြည်


မိုင်တိုင် ၇၆ သရဲကားနဲ့ ပရိသတ်တွေရဲ့ အားပေးမှု ရခဲ့တဲ့သရုပ်ဆောင်ခွန်းဆင့်နေခြည်က သူ့ရဲ့ ကိုယ်ပိုင်
ကျောက်ဆူး ဗီဒီယိုထုတ်လုပ်ရေး ကနေပြီး မိုင်တိုင်၂၆ ဆိုတဲ့ သရဲကား တစ်ကားကို ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံ များမှာ ဇူလိုင်လ ၅ ရက်နေ့ကစပြီး ရုံတင် ပြသတော့မှာပါ။

SEA Games ၌ဖိလစ်ပိုင်ဘောလုံးအသင်း ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၃

မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲသို့ ဖိလစ်ပိုင် လက်ရွေးစင် ဘောလုံးအသင်း ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အာရှဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန်လိုက်သည်။ယင်းသို့ ယှဉ်ပြိုင်ခြင်း မပြုရန် ဖိလစ်ပိုင် အိုလံပစ်ကော်မတီနှင့် အားကစား ကော်မရှင်တို့က ဇွန်လနောက်ဆုံးရက်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ယင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားမှာ ငလျင်ကြောင့် (၂၂)ဦးသေဆုံး

အင်ဒိုးနီးရှားနိုင်ငံအနောက်ပိုင်း အဆဟ်ပြည်နယ်မှာ အဂါင်္နေ့ကငလျင်လှုတ်ခတ်ခဲ့တာကြောင့်အနည်းဆုံး
လူ(၂၂)ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

မန္တလေးကျုံးရေပြင် အမျိုးသားတစ်ဦး အလောင်းတွေ့

မန္တလေး၊ ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၂၆ x ၇၅ လမ်းထောင့် ကျုံးရေပြင်တွင် ဇူလိုင် ၁ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်က အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

လိုင်စင်မဲ့ကား ၂ နှစ်မပြည့်မီ လုံးဝပပျောက်အောင် ဆောင်ရွက်မည်

လိုင်စင်မဲ့ကား ၂ နှစ်မပြည့်မီ လုံးဝပပျောက်အောင် ဆောင်ရွက်မည်
Wednesday, July 03, 2013

လိုင်စင်မဲ့ကားများကို တစ်နှစ်ခွဲ ကျော်အတွင်း လုံးဝပပျောက် သွား အောင် ဆောင်ရွက်မည်ဟု နေပြည် တော် အခြေစိုက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံး မှရဲမှူးကြီးက ပြောသည်။

လက်ရှိတွင် သိမ်းဆည်းဖမ်းဆီး အရေးယူမည့်အပြင် လက်ဝယ်အပြင် မူလဇာစ်မြစ်အထိ ဖော်ထုတ်အရေးယူ မည်ဟု ၄င်းက ပြောသည်။
''တစ်နှစ် နှစ်နှစ်အတွင်း ဒါတွေ ပပျောက်သွားမှာပါ''ဟု ၄င်းက ပြော သည်။ လက်ရှိတွင်တရားမဝင် တင်သွင်း လာသည့် မော်တော်ယာဉ်များနှင့် ပတ် သက်၍ နယ်မြေခံရဲ၊ ယာဉ်ထိန်းရဲ ကညန စသည့် စုပေါင်းအဖွဲ့တို့က လိုက်လံဖမ်းဆီးမှု ပြုနေရာ လိုင်စင်မဲ့ ကားတစ်စီးဖမ်းမိခြင်းအပေါ် လက်ဝယ် တွေ့ရှိသူ၊ တစ်ဆင့်ခံ ဝယ်ယူလာသူနှင့် တင်သွင်းခဲ့သူတို့အထိ စစ်ဆေးခြင်းဖြင့် ဥပဒေကြောင်းအရ အရေးယူမည်ဟု ၄င်းတပ်ဖွဲ့ရုံးမှ ရဲမှူးကြီးက ဆိုသည်။

''ဒီကားကို ဘယ်သူ့ဆီက ဝယ်ခဲ့ လဲ၊ ဒီလို ဆက်နွယ်တဲ့ သူတွေပါ လိုက် ပြီး အရေးယူမှာပါ''ဟု ၄င်းက ဆိုသည်။ လိုင်စင်မဲ့ ယာဉ်တစ်စီးဖမ်းမိပါက ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အရေးယူပြီး ယခင်က လက်ဝယ်တွေ့ သူ ကိုသာ အရေးယူခဲ့သည်။ ယခုတွင် နောက်ဆက်တွဲကိုပါ ထည့်သွင်း အရေး ယူတော့မည်ဟု သိရသည်။

''ဥပဒေမှာက အားလုံးတန်းတူပါ ပဲ။ ဌာနဆိုင်ရာ တာဝန်ရှိသူကလည်း လိုင်စင်မဲ့ကားစီးလို့မရပါဘူး။ စီးတာကို စစ်ဆေးမိရင်လည်း တန်းတူပဲ ထားပြီး အမှုဖွင့် အရေးယူမှာပါ''ဟု ရဲမှူးကြီးက ဆက်ပြောသည်။ဝန်ကြီး ဌာနများက ၄င်းတို့၏ ဝန် ထမ်းများအား လိုင်စင်မဲ့ကားများ မစီး ကြရန် ညွှန်ကြားထားသော်လည်း ဝန် ထမ်းအချို့မှာ စီးနင်းမှုအချို့ ရှိနေကြ ခြင်းအပေါ် စိစစ်သွားမည်ဟုလည်း ပူး ပေါင်းအဖွဲ့မှ သိရသည်။

ကလေးနှင့်တမူးတွင် လိုင်စင်မဲ့ ကားများကို ဇွန်လဆန်းက ဖမ်းဆီးခဲ့ရာ သုံးရက်အတွင်း ၂၇ စီးဖမ်းမိခဲ့သည်။ ထိုဖြစ်ရပ်အပေါ် လိုင်စင်မဲ့ကားဆို သည်မှာ ကလေးတွင်သာမဟုတ် ကျန် သည့် နေရာများတွင်လည်း ရှိကြောင်း၊ ကလေးတွင် ဖမ်းသလို ကျန်ဒေသတွင် လည်း ဖမ်းဖို့လိုကြောင်း လိုင်စင်မဲ့ကား ကလေးမြို့သို့ရောက်ရန် မြို့များကို ဖြတ်သန်းခဲ့ရာ ထိုမြို့များကိုရော မည် သို့ဆောင်ရွက်မည်နည်းဟု ကလေးပြည် သူ့လွှတ်တော် ကိုယ်စားလှယ်က မေးခွန်း ထုတ်ခဲ့ဖူးသည်။

ကညနက ဖမ်းဆီးကားများ လိုင် စင်မဲ့ဟုတ်၊ မဟုတ် စစ်ဆေးခြင်း၊ ရဲက နယ်မြေခံသတင်းအရ ဖမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ မွန်ပြည် နယ် ချောင်းဆုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ''သိမ်းဆည်း ထောင်ချတာကို ကျွန်တော်ကတော့ လက်မခံပါ ဘူး။ လက်မခံတဲ့ဘက်ကပါ။ ဒဏ်တစ်ခုတပ်ပြီး လိုင်စင်လုပ်ပေးပါ။ ပြီးတော့ မဝင်လာအောင် ကြပ်ကြပ်မတ် မတ်လုပ်ပါ''ဟု ပြောသည်။

မြဝတီ နယ်စပ်ဂိတ်တို့မှ စကာ ဂိတ်အသီးသီး ကျော်ဖြတ်လာသဖြင့် မည်သည့်တာက ကျိုးနေကြောင်း ဖော် ထုတ်မှသာ ပပျောက်မည် ဟု၎င်း က ပြောသည်။ ပြည်ပမှ မော်တော်ယာဉ်တင်သွင်း မှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က လိုင်စင် မဲ့ ကားများ မဝင်နိုင်ရန် တရားဝင် တင် သွင်းခွင့်ကို လွယ်ကူစွာ လုပ်ပေးထားပြီး ဖြစ်သည့်အတွက် လိုင်စင်မဲ့ကားများကို လက်ခံမည်မဟုတ်ဟု တရားဝင်ပြော ဆိုထားသည်။

Popular Myanmar News Journal

Wednesday, July 03, 2013

လိုင်စင်မဲ့ကားများကို တစ်နှစ်ခွဲ ကျော်အတွင်းလုံးဝပပျောက်သွား အောင် ဆောင်ရွက်မည်ဟု နေပြည် တော်
အခြေစိုက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံး မှရဲမှူးကြီးက ပြောသည်။

တစ်ကိုယ်တော်ခွေ အတွက် သီချင်းတွေ စုနေတဲ့ ထက်ထက် (Bobby Soxer)

တစ်ကိုယ်တော်ခွေ အတွက် သီချင်းတွေ စုနေတဲ့ ထက်ထက် (Bobby Soxer)
========================================

ထက်ထက် (Bobby Soxer) က နယ်တွေမှာ သီချင်းတွေ ဆိုဖြစ်နေပြီး ဒုံးပျံ အမ်တီဗီ ကိုလည်း ထွက်လာတဲ့ အခါမှာ ပရိသတ်တွေ ကြည့်ရင် အားရကျေနပ်အောင် ကြိုးစား ရိုက်ကူးနေ တယ်လို့ ဆိုပါတယ်။

“ထက်ထက်က အမ်တီဗီပိုင်းနဲ့ ပတ်သက်ပြီးတော့ ယုံကြည်မှုတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သေချာ လေးလုပ်ထားတယ်။ တစ်ပုဒ်ကို ၂ ရက် ခွဲပြီး ရိုက်ထားရတဲ့ အပုဒ်တွေလည်း ပါတယ်။ အရည်အသွေးပိုင်း ကိုတော့ ပရိသတ် တွေကြည့်ပြီး ကျေနပ် အားရမယ် လို့လည်း ထက်ထက် မျှော်လင့် ပါတယ်။ ပြီးတော့ ထက်ထက် အမ်တီဗီ ရိုက်ရင် ရုပ်အလှလေး တွေထက် ရုပ်ပြောင်လေးတွေကို သီချင်းနဲ့ လိုက်ပြီး ရိုက်ထား တာလေးတွေလည်း ပါမယ်။ သီချင်းနဲ့ မဆိုင်ပေမယ့်လည်း ပရိသတ် အမြင်မှာ ထူးဆန်းအောင်၊ ရယ်ရအောင် ရိုက်ထားတာမျိုး တွေလည်းပါပါတယ်။ သေသေချာချာ အသေးစိတ် စီစဉ်ထား တယ်” လို့ပြောပါတယ်။ ထက်ထက် (Bobby Soxer) က ဒုံးပျံ သီချင်းခွေကို စီစဉ် ဖြစ်နေရင်းနဲ့ တစ်ကိုယ်တော် အခွေအတွက် လည်း ရရင်ရသလို သီချင်းတွေစု ဖြစ်နေတယ်လို့ ပြောပါတယ်။

“ထက်ထက် ဖြည်းဖြည်းချင်း စီတော့ သီချင်း လေးတွေ ရေးဖြစ်နေတယ်။ သီချင်းရေးဆရာ တွေနဲ့ ထက်ထက်က အပ်တာမျိုး မဟုတ်တော့ ထက်ထက် အေးဆေးပဲ။ ကိုယ်အား တဲ့အချိန်၊ စိတ်ပါ တဲ့အချိန်လေးတွေမှာ ရေးဖြစ်တယ်။  ထွက်ဖို့ ကတော့ လိုပါသေးတယ်။” လို့ ပြောပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ- အောင်ဇော်မင်း

ထက်ထက် (Bobby Soxer) က နယ်တွေမှာ သီချင်းတွေ ဆိုဖြစ်နေပြီး ဒုံးပျံ အမ်တီဗီ ကိုလည်း ထွက်လာတဲ့ အခါမှာ ပရိသတ်တွေ ကြည့်ရင် အားရကျေနပ်အောင် ကြိုးစား ရိုက်ကူးနေ တယ်လို့ ဆိုပါတယ်။

“ကပ္ပတိန် ဂျက်စပဲရိုးကို ဆက်လက် မြင်တွေ့ရမည်”

“ကပ္ပတိန် ဂျက်စပဲရိုးကို ဆက်လက် မြင်တွေ့ရမည်”

ကပ္ပတိန် ဂျက်စပဲရိုး၏ အူကြောင်ကြောင်နိုင်သော ပုံရိပ်ကို ရုပ်ရှင်ပိတ်ကားများတွင် ဆက်လက် တွေ့မြင်ရမည်ဟု သိရှိရသည်။ ဟောလီးဝုဒ်မင်းသား ဂျွန်နီဒက်ပ် အဓိက ပါဝင် သရုပ်ဆောင်ထားသော #Pirates #of #Caribbean ဇာတ်ကား၏ (၅)ခုမြောက် ဇာတ်လမ်းကို ယခုနှစ်ကုန်ပိုင်းတွင် စတင် ရိုက်ကူးမည်ဟု သတင်းများက ဆိုသည်။

နော်ဝေးလူမျိုး ဒါရိုက်တာ နှစ်ဦးဖြစ်သော ဂျိုအာချင်မ် ရိုနင်နှင့် အက်စ်ပန်ဆန်းဘာ့ဂ်တို့သည် လအနည်းငယ် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ယင်းဇာတ်ကားကို ရိုက်ကူးမှု စတင်ရန် အသင့် ဖြစ်လာဖွယ် ရှိနေသည်။ ပရိုဂျူဆာ ဂျင်ရီ ဘာ့ခ်ဟိုင်မာက Disney၏ စိတ်ကူးယဉ် ဇာတ်လမ်းသည် မကြာမီ အကောင်အထည် ပေါ်လာဦးမည်ဟု အတည်ပြုခဲ့သည်။

ဘာ့ခ်ဟိုင်မာက "လူငယ် ဒါရိုက်တာ နှစ်ယောက်ကို ကျွန်တော်တို့ ငှားထားတယ်။ #Kon-#Tiki ဆိုတဲ့ ဇာတ်ကားကို သူတို့ ရိုက်ခဲ့တာပါ။ ပြီးခဲ့တဲ့ အပတ်ကမှ ဟောလီးဝုဒ်ကို သူတို့တွေ ရောက်လာတယ်။ ခုတော့ စပြီး ပြင်ဆင်မှုတွေ လုပ်နေပြီ။ ဒီနှစ်ကုန်ပိုင်း၊ ဒါမှမဟုတ် နောက်နှစ်ဆန်းပိုင်းလောက်မှာ ဇာတ်ကား စရိုက်ဖြစ်ပါစေလို့ ကျွန်တော်တို့ မျှော်လင့်နေတယ်"ဟု ဆိုသည်။ 

ယခုဇာတ်ကားသစ်တွင် ဒက်ပ်မှာ သေချာပေါက် ပြန်လည် ပါဝင်လာမည် ဖြစ်သလို (၂၀၁၁)ခုနှစ်က ရုံတင်သည့် #On #Stranger #Tides တွင် တွဲဖက် သရုပ်ဆောင်ခဲ့သူ မင်းသမီး ပင်နီလုပ် ခရုဇ်သည်လည်း အန်ဂျလီကာတိခ်ျအဖြစ် ဆက်လက် ပါဝင်လာဖွယ် ရှိနေကြောင်း သိရှိရသည်။ 

#Captain #Jacks, #Johnny #Depp
#PlanetMyanmar

ကပ္ပတိန် ဂျက်စပဲရိုး၏ အူကြောင်ကြောင်နိုင်သော ပုံရိပ်ကို ရုပ်ရှင်ပိတ်ကားများတွင် ဆက်လက် တွေ့မြင်ရ
မည်ဟု သိရှိရသည်။ ဟောလီးဝုဒ်မင်းသား ဂျွန်နီဒက်ပ် အဓိက ပါဝင် သရုပ်ဆောင်ထားသော ‎#Pirates ‎#of ‎#Caribbean ဇာတ်ကား၏ (၅)ခုမြောက် ဇာတ်လမ်းကို ယခုနှစ်ကုန်ပိုင်းတွင် စတင် ရိုက်ကူးမည်ဟု သတင်း
များက ဆိုသည်။

Networking Seminar များ ကျင်းပ ပြုလုပ်မည်

Networking Seminar များ ကျင်းပ ပြုလုပ်မည်

Singapore နိုင်ငံရှိ Network Engineering များ စုပေါင်းထားသည့် Team RHC မှ  ရန်ကုန်မြို့တွင် လာရောက်ကာ Networking ဆိုင်ရာ အတွေ့အကြုံများ ဆွေးနွေးဖလှယ်ပွဲကို လာမည့် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် MES ခန်းမတွင် ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

ဟောပြောပွဲခေါင်းစဉ်
"How to become a Computer Network Engineer"

ဟောပြောမည့်သူများ 
Team RHC
1. Sai Linn Thu - Fujitsu
2. Hermanto - Savvis
3. Jason Kalai - Extreme Networks
4. Allan Lieu - Global Alliance
5. Ye Htoo Naing - NEC
6. Nyan Win Myint - CSC Technologies
7. Sai Thiha - NCS

နေရာ: Myanmar Engineering Society (MES), Function Hall, 3rd Floor, Near Myanmar InfoTechCampus

အချိန်: (ဇူလိုင်လ ၆ရက်နေ့ နှင့် ၇ရက်နေ့) 
စနေနေ့ နေ့လည် ၁၂နာရီမှ ၃နာရီအထိ
တနင်္ဂနွေ မနက် ၉ နာရီမှ နေ့လည် ၁၂နာရီအထိ

August Myanmar Media မှ ပံ့ပိုးကူညီပြီး RHC Singapore နှင့် August Myanmar Development Centre (AMDC) တို့မှ ပူးပေါင်း စီစဉ်ကျင်းပပါသည်။

Singapore နိုင်ငံရှိ Network Engineering များ စုပေါင်းထားသည့် Team RHC မှ ရန်ကုန်မြို့တွင် လာရောက်
ကာNetworkingဆိုင်ရာအတွေ့အကြုံများ ဆွေးနွေးဖလှယ်ပွဲကို လာမည့် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင်
MES ခန်းမတွင် ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။

အရပ်ရှည်၍ ခန္ဓာကိုယ်ကြီးထွားနေသူ ကိုဝင်းဇော်ဦး၏ ဟော်မုန်း စင်ကာပူ ပို့ထား