Pages

Wednesday, July 3, 2013

ဝ တပ်ဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံဆွေးနွေးမည်

၂၀၁၃ ဇူလိုင်လ ၃ ရက် ( ဗုဒ္ဒဟူးနေ့ )

ရှမ်းပြည်တောင်ပိုင်းမှာ လတ်တလော စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ ၀ တပ်ဖွဲ့တို့အကြား
ပြေလည်မှုရစေဖို့ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဆွေးနွေးမယ်လို့ယူဒဗ
လျူအက်စ်အေ ၀ တပ်ဖွဲ့က ပြောပါတယ်။ ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် နားယောင်းရွာမှာ ပြီးခဲ့တဲ့အပတ်အတွင်း အစိုးရတပ်ဘက်က ၀ တပ်ဖွဲ့
ဝင်တွေ ဆန်သယ်တဲ့ခါ ယူနီဖောင်းမ၀တ်ရ၊လက်နက်မကိုင်ရ စတဲ့အချက်တွေထိန်းချုပ်တယ်လို့ဝပြည်သွေး
စည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ)တရားရေးဌာနရုံးတာဝန်ခံဦးအိုက်လူက ပြောပါတယ်။

ဝ တပ်ဖွဲ့ဘက်ကလည်း မြန်မာတပ်တွေကို ၂ ဘက်စလုံး ယူနီဖောင်း မ၀တ်ရ၊လက်နက်မကိုင်ဆောင်ရလို့
ပြန်ပြောရာက နှစ်ဘက်တင်းမာမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်း မိုင်းတုန်း၊ မိုင်းခတ်၊ ပန်ဖ ကျေးရွာတွေဘက်ကို အစိုးရတပ်ဘက်က အင်အား ၅၀၀
လောက် ထပ်ပြီး ရောက်လာတယ်လို့ ဦးအိုက်လူက ပြောပါတယ်။

နှစ်ဘက်တပ် တင်းမာနေတဲ့ ကိစ္စကိုဒု-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးမယ့်အကြောင်းယူဒဗလျု
အက်စ်အေဘက်ကို မနေ့ကဘဲ ဖုန်းနဲ့ အကြောင်းကြားလာကြောင်း၊ဘယ်နေ့၊ဘယ်ချိန်၊ဘယ်နေရာမှာဆွေး
နွေးမယ်ဆိုတာ မသိရကြောင်း ဦးအိုက်လူက ပြောပါတယ်။

ယူဒဗလျူအက်က်စ်အေ ၀ တပ်ဖွဲ့ဟာ ယခင် န၀တအစိုးရလက်ထက်ကတည်းက အပစ်အခတ်ရပ်ပြီး အထူး
ဒေသ ၂ အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေ ရရှိထားတာ ဖြစ်ပါတယ်။

DVB News , RangonNewsDaily
kolatt(PBDN): 3.7.2013

0 comments:

Post a Comment