Pages

Wednesday, July 3, 2013

မန္တလေးကျုံးရေပြင် အမျိုးသားတစ်ဦး အလောင်းတွေ့

မန္တလေး၊ ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၂၆ x ၇၅ လမ်းထောင့် ကျုံးရေပြင်တွင် ဇူလိုင် ၁ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်က အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။ အဆိုပါသေဆုံးသူသည် အမည်မသိ အသက် ၄၀ နှစ်ခန့် အမျိုးသားတစ်ဦး ဖြစ်ပြီး ပြင်ပဒဏ်ရာ မတွေ့ရဘဲ လွန်ခဲ့သည့် သုံးရက်အတွင်းက ရေနစ် သေဆုံးသည်ဟု ယူဆရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးလျက် ရှိကာ အောင်မြေသာစံမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ် စဉ် ၃၄/၂၀၁၃ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

"ကျုံးထဲမှာ ရေနစ်သေတာတွေက ညဘက်အရက်မူးပြီး ပြုတ်ကျတာတို့၊ ရန်ဖြစ်ပြီး ပစ်ချတာတို့လည်း ဖြစ်နိုင်တယ်" ဟု မန္တလေးမြို့ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

မန္တလေး ကျုံးရေပြင်တွင် ၂၀၁၃ ခုနှစ်အတွင်း ဇူလိုင်လ ၁ ရက်နေ့အထိ ရေနစ်သေဆုံးသူ အမျိုးသား သုံးဦးရှိပြီဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 3.7.2013

0 comments:

Post a Comment