Pages

Wednesday, July 3, 2013

SEA Games ၌ဖိလစ်ပိုင်ဘောလုံးအသင်း ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၃

မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲသို့ ဖိလစ်ပိုင် လက်ရွေးစင် ဘောလုံးအသင်း ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အာရှဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန်လိုက်သည်။ယင်းသို့ ယှဉ်ပြိုင်ခြင်း မပြုရန် ဖိလစ်ပိုင် အိုလံပစ်ကော်မတီနှင့် အားကစား ကော်မရှင်တို့က ဇွန်လနောက်ဆုံးရက်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ယင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ ဖိလစ်ပိုင် အိုလံပစ်ကော်မတီဥက္ကဋ္ဌ နှင့် အားကစားကော်မရှင် ဥက္ကဋ္ဌတို့က (၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲ၌ အောင်မြင်မှုရနိုင်သည့် အားကစားနည်း များမှ အားကစားသမား များကိုသာ ရွေးချယ်စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ရာ ဘောလုံးအားကစားနည်း နှင့်အတူ ဖူဆယ်ဘောလုံး အသင်းကိုပါ ယှဉ်ပြိုင်ခွင့် မပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကနဦးထွက်ပေါ်ခဲ့သော သတင်းများအရ ဖိလစ်ပိုင် နိုင်ငံသည် ၂၀၁၁ခုနှစ် အင်ဒိုနီးရှား SEA Games ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ရခဲ့ကြသူများနှင့် ရွှေတံဆိပ် ဆုရနိုင်သည့် ကစားသမား၅၀ ခန့်ကိုသာ စေလွှတ်မည်ဖြစ်ကြောင်း ဇွန်လဆန်းပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။

ဖိလစ်ပိုင် အားကစားကော်ရှင် ဥက္ကဋ္ဌသည် ဇွန်လဆန်းပိုင်း ၂၇ကြိမ်မြောက် SEA Games ပြိုင်ပွဲကို သပိတ်ေ
မှာက်မည်ဟု ပြောကြားခဲ့သူလည်း ဖြစ်သည်။ ဖိလစ်ပိုင် လက်ရွေးစင် ဘောလုံးအသင်းနှင့် ဖူဆယ် ဘောလုံးအသင်းတို့မှာ SEA Games ပြိုင်ပွဲ သမိုင်းတစ်လျှောက် အောင်မြင်မှု မရှိခဲ့သည့် အားကစားနည်းများ ဖြစ်သည်။
 
The Voice Weekly, RangonNewsDaily
kolatt(PBDN): 3.7.2013

0 comments:

Post a Comment