Pages

Wednesday, July 3, 2013

“ကပ္ပတိန် ဂျက်စပဲရိုးကို ဆက်လက် မြင်တွေ့ရမည်”

“ကပ္ပတိန် ဂျက်စပဲရိုးကို ဆက်လက် မြင်တွေ့ရမည်”

ကပ္ပတိန် ဂျက်စပဲရိုး၏ အူကြောင်ကြောင်နိုင်သော ပုံရိပ်ကို ရုပ်ရှင်ပိတ်ကားများတွင် ဆက်လက် တွေ့မြင်ရမည်ဟု သိရှိရသည်။ ဟောလီးဝုဒ်မင်းသား ဂျွန်နီဒက်ပ် အဓိက ပါဝင် သရုပ်ဆောင်ထားသော #Pirates #of #Caribbean ဇာတ်ကား၏ (၅)ခုမြောက် ဇာတ်လမ်းကို ယခုနှစ်ကုန်ပိုင်းတွင် စတင် ရိုက်ကူးမည်ဟု သတင်းများက ဆိုသည်။

နော်ဝေးလူမျိုး ဒါရိုက်တာ နှစ်ဦးဖြစ်သော ဂျိုအာချင်မ် ရိုနင်နှင့် အက်စ်ပန်ဆန်းဘာ့ဂ်တို့သည် လအနည်းငယ် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ယင်းဇာတ်ကားကို ရိုက်ကူးမှု စတင်ရန် အသင့် ဖြစ်လာဖွယ် ရှိနေသည်။ ပရိုဂျူဆာ ဂျင်ရီ ဘာ့ခ်ဟိုင်မာက Disney၏ စိတ်ကူးယဉ် ဇာတ်လမ်းသည် မကြာမီ အကောင်အထည် ပေါ်လာဦးမည်ဟု အတည်ပြုခဲ့သည်။

ဘာ့ခ်ဟိုင်မာက "လူငယ် ဒါရိုက်တာ နှစ်ယောက်ကို ကျွန်တော်တို့ ငှားထားတယ်။ #Kon-#Tiki ဆိုတဲ့ ဇာတ်ကားကို သူတို့ ရိုက်ခဲ့တာပါ။ ပြီးခဲ့တဲ့ အပတ်ကမှ ဟောလီးဝုဒ်ကို သူတို့တွေ ရောက်လာတယ်။ ခုတော့ စပြီး ပြင်ဆင်မှုတွေ လုပ်နေပြီ။ ဒီနှစ်ကုန်ပိုင်း၊ ဒါမှမဟုတ် နောက်နှစ်ဆန်းပိုင်းလောက်မှာ ဇာတ်ကား စရိုက်ဖြစ်ပါစေလို့ ကျွန်တော်တို့ မျှော်လင့်နေတယ်"ဟု ဆိုသည်။ 

ယခုဇာတ်ကားသစ်တွင် ဒက်ပ်မှာ သေချာပေါက် ပြန်လည် ပါဝင်လာမည် ဖြစ်သလို (၂၀၁၁)ခုနှစ်က ရုံတင်သည့် #On #Stranger #Tides တွင် တွဲဖက် သရုပ်ဆောင်ခဲ့သူ မင်းသမီး ပင်နီလုပ် ခရုဇ်သည်လည်း အန်ဂျလီကာတိခ်ျအဖြစ် ဆက်လက် ပါဝင်လာဖွယ် ရှိနေကြောင်း သိရှိရသည်။ 

#Captain #Jacks, #Johnny #Depp
#PlanetMyanmar

ကပ္ပတိန် ဂျက်စပဲရိုး၏ အူကြောင်ကြောင်နိုင်သော ပုံရိပ်ကို ရုပ်ရှင်ပိတ်ကားများတွင် ဆက်လက် တွေ့မြင်ရ
မည်ဟု သိရှိရသည်။ ဟောလီးဝုဒ်မင်းသား ဂျွန်နီဒက်ပ် အဓိက ပါဝင် သရုပ်ဆောင်ထားသော ‎#Pirates ‎#of ‎#Caribbean ဇာတ်ကား၏ (၅)ခုမြောက် ဇာတ်လမ်းကို ယခုနှစ်ကုန်ပိုင်းတွင် စတင် ရိုက်ကူးမည်ဟု သတင်း
များက ဆိုသည်။ နော်ဝေးလူမျိုး ဒါရိုက်တာ နှစ်ဦးဖြစ်သော ဂျိုအာချင်မ် ရိုနင်နှင့် အက်စ်ပန်ဆန်းဘာ့ဂ်တို့သည် လအနည်း
ငယ် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက်ယင်းဇာတ်ကားကိုရိုက်ကူးမှုစတင်ရန်အသင့် ဖြစ်လာဖွယ်၇ှိနေသည်။
ပရိုဂျူဆာ ဂျင်ရီ ဘာ့ခ်ဟိုင်မာက Disney၏ စိတ်ကူးယဉ် ဇာတ်လမ်းသည်မကြာမီအကောင်အထည် ပေါ်လာ
ဦးမည်ဟု အတည်ပြုခဲ့သည်။

ဘာ့ခ်ဟိုင်မာက "လူငယ် ဒါရိုက်တာ နှစ်ယောက်ကို ကျွန်တော်တို့ ငှားထားတယ်။ ‎#Kon-‎#Tiki ဆိုတဲ့ ဇာတ်
ကားကို သူတို့ ရိုက်ခဲ့တာပါ။ ပြီးခဲ့တဲ့ အပတ်ကမှ ဟောလီးဝုဒ်ကို သူတို့တွေ ရောက်လာတယ်။ ခုတော့ စပြီး
ပြင်ဆင်မှုတွေလုပ်နေပြီ။ဒီနှစ်ကုန်ပိုင်း၊ဒါမှမဟုတ် နောက်နှစ်ဆန်းပိုင်းလောက်မှာ ဇာတ်ကား စရိုက်ဖြစ်ပါ
စေလို့ ကျွန်တော်တို့ မျှော်လင့်နေတယ်"ဟု ဆိုသည်။

ယခုဇာတ်ကားသစ်တွင် ဒက်ပ်မှာ သေချာပေါက် ပြန်လည် ပါဝင်လာမည် ဖြစ်သလို (၂၀၁၁)ခုနှစ်က ရုံတင်
သည့် ‎#On ‎#Stranger ‎#Tides တွင် တွဲဖက် သရုပ်ဆောင်ခဲ့သူ မင်းသမီး ပင်နီလုပ် ခရုဇ်သည်လည်း အန်ဂျလီ
ကာတိခ်ျအဖြစ် ဆက်လက် ပါဝင်လာဖွယ် ရှိနေကြောင်း သိရှိရသည်။


Planet Myanmar Network : RangonNewsDaily
kolatt(PBDN): 3.7.2013

0 comments:

Post a Comment