Pages

Wednesday, July 3, 2013

မြောက်ကိုရီးယားနဲ့လက်နက်ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး မြန်မာ့ တပ်မတော် စစ်လက်နက် ပစ္စည်းထုတ် လုပ်ရေးမှူးချုပ် ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် အစိုးရက ပိတ်ပင်မှု နာမည်ပျက် စာရင်း သွင်း

မြောက်ကိုရီးယားနဲ့လက်နက်ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး မြန်မာ့ တပ်မတော် စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးမှူးချုပ် ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် အစိုးရက ပိတ်ပင်မှု နာမည်ပျက် စာရင်း သွင်းလိုက်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သူနဲ့ အမေရိကန်တွေ စီးပွားရေး မလုပ်ဖို့နဲ့ သူ့ရဲ့ အမေရိကန် ပြည်ထောင်စုအတွင်းမှာ ပတ်သက်ဆက်နွယ်မှု ရှိနိုင်မယ့် ပိုင်ဆိုင်မှုတွေကို ပိတ်ပင်တားဆီးလိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ကြေညာချက် ထဲမှာတော့ မြောက်ကိုရီးယား စစ်လက်နက်ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေး တစ်ဦးတည်းကိုသာ ဦးတည်ဒဏ်ခတ်လိုက်တာဖြစ်ပြီး မြန်မာအစိုးရရဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု လျှော့ချပြောင်းလဲလာမှုအပေါ် ချီးကျုးထားပါတယ်။

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးဟာ နယ်စပ်ရေးရာ ၀န်ကြီးဌာနနဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားသူလည်း ဖြစ်ပါတယ်။ အသက် ၅၇နှစ် ရှိနေပြီ ဖြစ်တဲ့ သူဟာ ၁၉၇၈ ခုနှစ်မှာ ရန်ကုန် စက်မှု တက္ကသိုလ်ကနေ B.E Mechanicalနဲ့ စက်မှုအင်ဂျင်နီယာဘွဲ့ရပီး စစ်ထဲဝင်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။

ဓါတ်ပုံ - နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲမှာ တွေ့ရတဲ့ ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး
ဓါတ်ပုံ - နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲမှာ တွေ့ရတဲ့ ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး
မြောက်ကိုရီးယားနဲ့လက်နက်ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး မြန်မာ့ တပ်မတော် စစ်လက်နက် ပစ္စည်းထုတ်
လုပ်ရေးမှူးချုပ် ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် အစိုးရက ပိတ်ပင်မှု နာမည်ပျက် စာရင်း သွင်းလိုက်
ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သူနဲ့ အမေရိကန်တွေ စီးပွားရေး မလုပ်ဖို့နဲ့ သူ့ရဲ့ အမေရိကန် ပြည်ထောင်စုအတွင်းမှာ ပတ်သက်ဆက်နွယ်မှု ရှိနိုင်မယ့် ပိုင်ဆိုင်မှုတွေကို ပိတ်ပင်တားဆီးလိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ကြေညာချက် ထဲမှာတော့ မြောက်ကိုရီးယား စစ်လက်နက်ကုန်သွယ်မှုနဲ့ ပတ်
သက်ပြီး ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေး တစ်ဦးတည်းကိုသာ ဦးတည်ဒဏ်ခတ်လိုက်တာဖြစ်ပြီး မြန်မာအစိုးရရဲ့
 မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု လျှော့ချပြောင်းလဲလာမှုအပေါ် ချီးကျုးထားပါတယ်။

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးဟာ နယ်စပ်ရေးရာ ၀န်ကြီးဌာနနဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားသူလည်း ဖြစ်ပါတယ်။ အသက် ၅၇နှစ် ရှိနေပြီ ဖြစ်တဲ့ သူဟာ ၁၉၇၈ ခုနှစ်မှာ ရန်ကုန် စက်မှု တက္ကသိုလ်ကနေ B.E Mechanicalနဲ့ စက်မှုအင်ဂျင်နီယာဘွဲ့ရပီး စစ်ထဲဝင်ခဲ့သူဖြစ်ကြောင်း သိရပါ
တယ်။
 
Kamayut Media , RangonNewsDaily
kolatt(PBDN): 2.7.2013


0 comments:

Post a Comment