Pages

Wednesday, July 3, 2013

နိုင်/ကျဉ်းများ ပြန်လွှတ်ချိန်တွင် ထောက်လှမ်းရေးဟောင်းများ လွတ်မည်မဟုတ်

Wednesday, July 03, 2013

အစိုးရက အကျဉ်းထောင်များထဲတွင် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ မရှိစေရန် နိုင်/ကျဉ်းစိစစ်ရေး

ကော်မတီကို ဖွဲ့စည်းပြီး ပြန်လွှတ်ပေးသင့်သူများကို ရွေးချယ်လျက်ရှိရာ ပြန်လွှတ်မည့်အကျဉ်းသား စာရင်း၌
 ထောက်လှမ်းရေးဟောင်းများ မပါဝင်ကြောင်း နိုင်/ကျဉ်းဟောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညိုထွန်း က ပြောသည်။
လက်ကျန်နိုင်/ကျဉ်းစိစစ်ရေးကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ဦးညိုထွန်းက ''ကျွန်တော် ပုဂ္ဂိုလ်ရေးအနေနဲ့

ပြောမယ်ဆိုရင်တော့ ထောက်လှမ်းရေးအဟောင်းတွေကို နိုင်ငံရေး အငြိုးအရ ချထားတာပဲ။ အဲဒါတွေကို

တော့ သူတို့က မလွှတ်ပေးနိုင် ဘူးပြောတယ်ဗျ''ဟု သူကဆိုသည်။

''နိုင်ငံရေးအကျဉ်းသားထဲမှာသူတို့ (ထောက်လှမ်းရေးဟောင်းများ) မပါဘူးလို့ ဦးစိုးသိန်းက ပြောတယ်ခင်ဗျ။ ကျွန်တော်တို့ အစည်းအဝေးတွေမှာ ပြောတာဗျ။ ထောက်လှမ်းရေးတွေဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသား မ

သတ်မှတ်နိုင်ဘူးလို့ ဦးစိုးသိန်းက ပြောတယ်'' ဟုလည်း အခြေအနေကို ဆက်ရှင်းပြသည်။

ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းသည် သမ္မတက ပြီးခဲ့သည့်ဖေဖော်ဝါရီက ဖွဲ့ပေး ထားသည့် နိုင်/ကျဉ်းစိစစ်

ရေး ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။

လွန်ခဲ့သော ကိုးနှစ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို စစ်အစိုးရက အာဏာဖီဆန်မှု အကျင့်ပျက်ခြ
စား

မှုတို့ဖြင့်ဖမ်းဆီးထိန်းသိမ်းပြီးနောက်တစ်ပြိုင်တည်း ဦးခင်ညွန့်၏ မိခင်တပ်ဖြစ်သည့် ထောက်လှမ်းရေး
တပ်မှ စစ်သားများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုစဉ်က လူဦး ရေမည်မျှ ထိန်းသိမ်းခဲ့သည်ကိုမူ တစ်ကြိမ် မျှ အစိုးရက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ပြီးခဲ့သော ၂ဝ၁၂ ခုနှစ်က ဦးခင်ညွန့် ပြန်လွတ်လာသော်လည်း ထောက်လှမ်း ရေးဟောင်းများအနက်မှ မည်မျှပြန်လွှတ် ပေးခဲ့သည်ကို အစိုးရကပွင့်လင်းစွာမထုတ် ပြန်ခဲ့ပေ။

ထိုသို့ ထောက်လှမ်းရေးဟောင်းများကိုအစိုးရကမလွှတ်ပေးသော်လည်း နိုင်ငံရေးအကျဉ်းသားများကိုမူ ယခု

လအတွင်း၌ပင် ပြန်လွတ်နိုင်ချေရှိသည်ဟု နိုင်/ ကျဉ်းဟောင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညိုထွန်း ကဆိုသည်။



Mizzima - News , RangonNewsDaily
kolatt(PBDN): 3.7.2013

0 comments:

Post a Comment