Pages

Saturday, October 26, 2013

မင်္ဂလာဒုံမြို့နယ်တွင် တိုယိုတာဒိုင်နာ ယာဉ်တစ်စီး ကားစက်ချွတ်ယွင်း၍ဂျန်းတုံးခုမည်ပြုစဉ် ယာဉ် ပေါ်လိုက်ပါလာသူ ကားနောက်ဘီးဖြင့်ကြိတ်မိသေဆုံး

RangonNewsDaily:: October. 26 .2013
၂၅.၁၀.၂၀၁၃ ရက်နေ့ ၀၉၁၅ အချိန် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းအတိုင်း မင်္ဂလာဒုံဘက်မှ ထောက်
ကြန့်ဘက်သို့ ယာဉ်မောင်း မျိုးဝင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ၂ခ/----- တိုယိုတာဒိုင်နာ အဖြူ
ရောင်(အုတ်/သဲ/ကျောက်တင်)ယာဉ်သည်နီလာရိုးမဆိုင်ရှေ့အရောက်စက်ချွတ်ယွင်းသဖြင့်ယာဉ်
နောက်ခန်းမှစီးနင်းလိုက်ပါလာသော

ကိုရီးယားပိုင် MV.EVANGELI သင်္ဘော ဖမ်းဆီးခံရမှုကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် မြန်မာသင်္ဘောသားများ ကုမ္ပဏီထံ လျော်ကြေးတောင်းမည်

Photo: အလုပ်လက်မဲ့ ဖြစ်သွားသည့် မြန်မာသင်္ဘောသားများ ကုမ္ပဏီထံ လျော်ကြေးတောင်းမည်
Saturday, October 26, 2013

ငွေကြေး အရှုပ်အထွေးများကြောင့် သီရိလင်္ကာနိုင်ငံတွင် ဖမ်းဆီးခံရသည့် ကိုရီးယားနိုင်ငံရှိ KTB ဘဏ်လုပ်ငန်းပိုင် MV.EVANGELI သင်္ဘောတွင် လုပ်ကိုင်နေသော မြန်မာသင်္ဘောသားများ အလုပ် လက်မဲ့ ဖြစ်သွားသဖြင့် သင်္ဘောသို့ ဆက်သွယ် စေလွှတ်ပေးသည့် ကုမ္ပဏီထံမှ နစ်နာကြေး တောင်းမည် ဖြစ်ကြောင်း အလုပ်လက်မဲ့ ဖြစ်သွားသည့် သင်္ဘောအရာရှိတစ်ဦး ဖြစ်သူ ဦးစိုးစိုးက ပြောကြားသည်။

MV.EVANGELI တွင် လုပ်ကိုင်ရန် အလုပ်လုပ်ကိုင်ခွင့် သဘောတူညီ စာချုပ် ချုပ်ဆိုပေးခဲ့သည့် ရန်ကုန်မြို့တော် အခြေစိုက် MARINE FUTURE ကုမ္ပဏီထံမှ စာချုပ်ပါ အခွင့်အရေးအတိုင်း လျော်ကြေး တောင်းရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ အလုပ်လက်မဲ့ ဖြစ်သွားသူ သင်္ဘောသား ၁၃ ဦး အနက် သုံးဦးမှာ လျော်ကြေးတောင်းရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

စာချုပ်ပါ အချက်များအရ ခြောက်လမတိုင်မီ အကြောင်းကြောင်းကြောင့် လုပ်ငန်း ဖျက်သိမ်းရပါက လုပ်သားတစ်ဦးကို အခြေခံလစာ၏ နှစ်လစာ ပေးလျော်ရမည် ဖြစ်ပြီး ခြောက်လကျော်ပြီးမှ လုပ်ငန်း ဖျက်သိမ်းရပါက အခြေခံလစာ၏ တစ်လစာကို ပေးလျော်ရမည် ဖြစ်ကြောင်း၊ လျော်ကြေး တောင်းရန် ပြင်ဆင်နေသူ သုံးဦးတွင် တစ်ဦးမှာ လေးလကျော်သာ လုပ်ကိုင်ထားသူ ဖြစ်ပြီး ကျန်နှစ်ဦးမှာ ခြောက်လအထက် လုပ်ကိုင်ထားသူများ ဖြစ်ကြောင်း ဦးစိုးစိုးက ထပ်မံပြောဆိုသည်။

သင်္ဘောအဖမ်းအဆီး ခံရစဉ် အလုပ်လုပ်ထားသည့် လုပ်ခများ ရရှိရေးအတွက် MARINE FUTURE ကုမ္ပဏီက အကူအညီ ပေးခဲ့ခြင်း မရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် (ITF) ၏ စစ်ဆေးရေးမှူး တစ်ဦးဖြစ်သူ ဦးရွှေထွန်းအောင်နှင့် တောင် ကိုရီးယားနိုင်ငံရှိ ITF တို့၏ အကူအညီဖြင့် လုပ်ခလစာများကို ပြန်လည် ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါ လျော်ကြေးကိစ္စနှင့် ပတ်သက်၍ MARINE FUTURE ကုမ္ပဏီ၏ မြန်မာပြည်ရုံးခွဲမှ တာဝန်ရှိသူ တစ်ဦးထံ ဆက်သွယ် မေးမြန်းရာ လျော်ကြေး တောင်းဆိုမှုကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်သာ ဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

လျော်ကြေး ရရှိရန်အတွက် သင်္ဘောသားများထံမှ တိုင်ကြားထားသည့် တိုင်စာကို အထက်လူကြီးများထံ တင်ပြသွားမည် ဖြစ်ပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းသည့်အသွင်
ဖြင့် အမြန်ဆုံး ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသားဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခင်ပိုင်ရှင် အဆက်ဆက်ကပင် ပေးရန်အကြွေးများ ရှိနေပြီး ဘဏ်တွင်လည်း ပေါင်နှံထားသည့် အဆိုပါ MV.EVANGELI သင်္ဘောကို အကြွေးများအတွက် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ဇူလိုင် ၁၈ ရက်နေ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: October. 26 .2013
ငွေကြေး အရှုပ်အထွေးများကြောင့် သီရိလင်္ကာနိုင်ငံတွင် ဖမ်းဆီးခံရသည့် ကိုရီးယားနိုင်ငံရှိ KTBဘဏ်လုပ်
ငန်းပိုင် MV.EVANGELI သင်္ဘောတွင် လုပ်ကိုင်နေသော မြန်မာသင်္ဘောသားများ အလုပ် လက်မဲ့ ဖြစ်သွား
သဖြင့်သင်္ဘောသို့ဆက်သွယ် စေလွှတ်ပေးသည့် ကုမ္ပဏီထံမှ နစ်နာကြေး တောင်းမည် ဖြစ်ကြောင်း အလုပ်
လက်မဲ့ ဖြစ်သွားသည့် သင်္ဘောအရာရှိတစ်ဦး ဖြစ်သူ ဦးစိုးစိုးက ပြောကြားသည်။

မြန်မာမော်ဒလ် နွယ်နွယ်ထွန်းရဲ့ အလှဓာတ်ပုံလေးများ

Photo

RangonNewsDaily:: October. 26 .2013
မြန်မာမော်ဒလ် နွယ်နွယ်ထွန်းရဲ့ အလှဓာတ်ပုံလေးများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။  

လေ့လာမှတ်သားစရာ ဘ၀မှတ်စု

RangonNewsDaily:: October. 26 .2013
(------)  ဘယ်သူ့အတွက်ကြောင့်မှ ဘယ်တော့မှ လက်မလျှော့ပါနဲ့... မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်နေတတ်ပါတယ်...
::
(------)  သတ္တိရှိပါ... သင့်မှာသတ္တိမရှိရင်တောင်မှ ရှိချင်ဟန်ဆောင်ပါ... သတ္တိတကယ်ရှိမရှိဆိုတာ ဘယ်သူမှ သေချာမပြောနိုင်ပါဘူး...

ဆီဒိုးနားဟိုတယ်၏ တိုးချဲ့ ၂၉ ထပ် အဆောက်အအုံသစ် ၂၀၁၆ တွင် ဖွင့်မည်

ဆီဒိုးနားဟိုတယ်၏ တိုးချဲ့ ၂၉ ထပ် အဆောက်အအုံသစ် ၂၀၁၆ တွင် ဖွင့်မည်

ပြည်ပဧည့်သည်အ၀င် တိုးတက်လာသည်နှင့်အမျှ ဟိုတယ်အခန်း လိုအပ်ချက်ဖြည့်ဆည်းရန် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်ဝင်းအတွင်း 
၂၉ ထပ် မြင့် ဟိုတယ်သစ်တစ်လုံးကို လက်ရှိဟိုတယ်နှင့်တွဲကာ ၂၀၁၅ ခုနှစ်အတွင်း အပြီးတည်ဆောက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း 
စင်ကာပူ အခြေစိုက် Keppel Land ၏ အမှုဆောင် အရာရှိချုပ် မစ္စတာ 
Ang Wee Gee ကအောက်တိုဘာလ ၂၂ ရက်နေ့က ပြုလုပ်သည့် စီမံကိန်း စတင်သည့် အခမ်းအနားတွင်ပြော ကြားသည်။

"အခုလို လက်ရှိဟိုတယ်ကို ပြန်လည်မွမ်းမံခြင်းနဲ့ အသစ်တိုးချဲ့ တည်ဆောက်ခြင်းက အဆင့်မြင့်ဟိုတယ် အခန်း တောင်းဆိုမှု မြင့်တက်လာချိန် နဲ့ အံကိုက်ဖြစ်ပါတယ်။ အခုလောလောဆယ်
တော့ အဆင့်မြင့် ဟိုတယ်အခန်းက ရန်ကန်မှာ နည်းနေပါသေးတယ်။ လက်ရှိ ရန်ကုန်ဆီဒိုးနား ဟိုတယ်မှာဆို ၀န်ထမ်းပေါင်း ၅၀၀ ကျော်လောက်ရှိပါတယ်။ အခုဒီ ၂၉ ထပ် ဟိုတယ်အသစ်ကို၂၀၁၆ ခုနှစ် စတင်ဖွင့်လှစ်ချိန်မှာ ၀န်ထမ်း ၂၅၀ ကျော်လောက် ထပ်လိုအပ်ပါတယ်။

တစ်နည်းအားဖြင့် မြန်မာ့စီးပွားရေးနယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်းတီးပေးဖို့ရာ အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ခေတ်မီ ဗိသုကာလက်ရာနဲ့ ဆီဒိုးနားဟိုတယ်အသစ်ကြီးက ပြောင်းလဲနေ တဲ့ ရန်ကုန်မြို့ အထပ်မြင့်အဆောက်အအုံတွေမှာ သမိုင်းဝင်နှစ်လိုဖွယ်ဖြစ်
မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါ တယ်" ဟု ၎င်းကပြောသည်။

ဆီဒိုးနား ဟိုတယ်သည် နိုင်ငံခြား မှ ရင်းနှီးမြှုပ်နှံထားသည့် ကြယ်ငါးပွင့် အဆင့် ဟိုတယ်အနည်းစုအနက် တစ်ခု အပါအ၀င်ဖြစ်သည်။ လက်ရှိဟိုတယ် အဆောက်အအုံအား ၁၉၉၇ ခုနှစ်တွင် စုစုပေါင်း အခန်း ၃၆၆ ခန်းဖြင့် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးနှင့် အပန်းဖြေ ခရီးသွား ဧည့်သည်
များအကြိုက် ဟိုတယ်အဖြစ် ရပ်တည်ခဲ့သည်။

ယခု တိုးချဲ့တည်ဆောက်မည့် ဒုတိယပိုင်း အထပ် ၂၉ ထပ်မြင့် ဟိုတယ်တွင် အခန်း ပေါင်း ၄၂၀ထည့်သွင်းတည်ဆောက် မည်ဖြစ်ကာ လက်ရှိ အခန်းများနှင့် ပေါင်းပါက ၂၀၁၆ ခုနှစ်တွင် အခန်း၇၈၆ ခန်း အထိရှိသွားမည်ဖြစ်သည်။ ထို့ပြင် ဟိုတယ်တည်ဆောက်ပြီးချိန် တွင် ဆီဒိုးနားဟိုတယ်အဆောက်အအုံ သည် ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံများတွင် အပါအ၀င် ဖြစ်လာမည်ဖြစ်သည်။

လက်ရှိ ဒုတိယပိုင်းတည်ဆောက် ရေးလုပ်ငန်း ကုန်ကျစရိတ်ကို အမေရိ ကန် ဒေါ်လာသန်း ၈၀ သတ်မှတ်ထားသည်။ ထို့ပြင် ယခင်ဟိုတယ် အဆောက် အအုံကိုလည်း လက်ရှိအနေအထား မပျက် ပြင်ဆင်မှုများအတွက် ဒေါ်လာ ၂၅ သန်း ကုန်ကျမည်ဖြစ်ပြီး ယခုနှစ်မကုန်မီ အပြီးသတ်ပြင်ဆင် မည်ဖြစ်သည်။

ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင်ခရီးသည်အ၀င် သုံးသန်းနှင့်၂၀၂၀ ပြည့်နှစ် တွင် ၇ ဒသမ ၅သန်းအထိ မျှော်မှန်းထားကြေင်း အဆိုပါ အခမ်းအနားတွင် ပြော
ကြားသည်။

"ကျွန်တော်တို့ အကြီးစား ခရီးသွား စီမံကိန်းအရ ၂၀၂၀ ပြည့်နှစ်မှာ ခရီးသွား လုပ်ငန်းကနေ ၀င်ငွေ ဒေါ်လာ ၁၀ ဒသမ ၈ ဘီလီလျံအထိ မျှော်မှန်း ထားပါ တယ်။ ကျွန်တော်တို့ရဲ့ ပို့ဆောင်ရေး ပိုမိုကောင်းမွန်ဖို့အတွက် လမ်းတွေ၊ မီးရထားလမ်းတွေကိုလည်း ပြုပြင် တည်ဆောက်ဖို့ရှိပါတယ်။ဒါ့ပြင် ပဲခူး မြို့မှာလည်း ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကိုလည်း တည်
ဆောက်တော့မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

Keppel Land သည် ၁၉၉၃ ခုနှစ် တွင် စတင်ဝင်ရောက်ခဲ့ရာ လက်ရှိ ဆီဒိုနားဟိုတယ်(ရန်ကုန်)နှင့် ဆီဒိုးနား ဟိုတယ် (မန္တလေး)တို့ကို ပိုင်ဆိုင်ထား သည်။ မြန်မာနိုင်ငံရှိ ၎င်း၏ဒုတိယမြောက်ဟိုတယ်ဖြစ်သည့် ဆီဒိုးနား ဟိုတယ်(မန္တလေး)ကိုလည်း ဒေါ်လာ ခုနစ်သန်း အကုန်အကျ
ခံကာ အဆင့်မြင့်ပြင်ဆင်မှုများ ပြုလုပ်သွား မည်ဖြစ်သည်။


Credit @ MM Times


www.propertyguru.com.mm
အိမ်ခြံမြေ အွန်လိုင်း အခမဲ့ဝန်ဆောင်မှု

RangonNewsDaily:: October. 26 .2013 ပြည်ပဧည့်သည်အ၀င် တိုးတက်လာသည်နှင့်အမျှ ဟိုတယ်အခန်း လိုအပ်ချက်ဖြည့်ဆည်းရန် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်ဝင်းအတွင်း ၂၉ ထပ် မြင့် ဟိုတယ်သစ်တစ်လုံးကို လက်ရှိဟိုတယ်နှင့်တွဲကာ ၂၀၁၅ ခုနှစ်
အတွင်း အပြီးတည်ဆောက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း

ရေပြင်ရေအောက် ရှာဖွေရေး ကိရိယာများ အိန္ဒိယမှ မြန်မာ့ရေတပ်မတော် ဝယ်ယူ

Photo: ရေပြင်ရေအောက် ရှာဖွေရေး ကိရိယာများ အိန္ဒိယမှ မြန်မာ့ရေတပ်မတော် ဝယ်ယူ
Saturday, October 26, 2013

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက မြန်မာ့ရေတပ်မတော်အတွက် ရေပြင်ရေအောက် ရှာဖွေရေး ကိရိယာများကို ရောင်းချသွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကာ ကွယ်ရေးဝန်ကြီးဌာန၏ ကာကွယ် ရေး သုတေသန နှင့် ဖွံ့ဖြိုးရေးအ ဖွဲ့မှ အကြံပေးအရာရှိက ပြော ကြားသည်။ မြန်မာ့ရေတပ်မတော်တွင် အသုံးပြုရန်အတွက် လိုအပ်သော ရေအောက်ရှာဖွေရေးကိရိယာ များ(Sonar)၊ ရေပြင်ရှာဖွေရေး ကိရိယာများ(Radar)များကို တင် ပို့ရောင်း ချသွား မည်ဖြစ်ပြီး လိုအပ် သော နည်းပညာများကို အကူ အညီပေးသွားမည်ဖြစ်ကြောင်း  Hindu Newspaper တွင်ဖော် ပြထားချက်အရ သိရသည်။

''ရေအောက်ရှာဖွေရေး ကိရိယာနဲ့ ရေပြင်ရှာဖွေရေးကိရိ ယာတွေကို ကျွန်တော်တို့ကိုယ် တိုင်ထုတ်လုပ်နိုင်ခဲ့ပါပြီ။ သင်္ဘော မှာတပ်ဆင်တဲ့ ရေအောက်ရှာဖွေ ရေးကိရိယာ(Sonar)တွေကို မြန် မာနိုင်ငံကိုတင်ပို့နေပါပြီ''ဟု အိန္ဒိယနိုင်ငံ ကာကွယ် ရေးဝန်ကြီး ဌာန၏ကာကွယ်ရေးသုတေသ နနှင့် ဖွံ့ဖြိုးရေးအဖွဲ့မှ အကြံပေး အရာရှိ Avinash Chander  က ပြောသည်။ မြန်မာ့ရေတပ်မတော်အ နေဖြင့် အိန္ဒိယရေတပ်မတော်  သို့ပညာသင်ကြားမှုအများဆုံး စေလွှတ်ပြီး ယခုကဲ့သို့ခေတ်မီ ပစ္စည်း များနှင့် နည်းပညာများကို ရရှိပါက တပ်မတော်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရန် တည်ဆောက် နေသည့်ကာလအတွင်းတွင် ကြီး မားသည့်အထောက်အပံ့ဖြစ်ပြီး ရေတပ်အင်အားကိုလည်း ပိုမို ကောင်းမွန်လာစေနိုင်သည်ဟု ထင်မြင် ကြောင်း ဧရာဝတီရေ တပ်စခန်းဌာနချုပ်၊ အမှတ်(၁)ဗျူဟာစစ်ရေယာဉ်စုမှ အရာရှိ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ပြောသည်။

မြန်မာ့နိုင်ငံရေးလေ့လာ သူကိုကျော်လင်းဦးက''ကျွန်တော် တို့နိုင်ငံရဲ့ ဂျီဒီပီအရပြောရမယ် ဆိုရင် တပ်မတော်ကအများဆုံး ရထားပေမယ့် ခေတ်မီစစ်လက် နက်ဝယ်ယူတပ်ဆင်တာကို ပြည် သူကိုချပြမှုအားနည်းနေပါတယ်။ အခုလိုမြန်မာ့ နိုင်ငံရေး အပြောင်း အလဲကာလမှာ မြန်မာ့တပ်မတော် အနေနဲ့ မည်သည့်နိုင်ငံနဲ့မဆို စစ်ရေးပူးပေါင်းမှုတွေရှိဖို့လိုအပ် ပါတယ်''ဟု ပြောသည်။ မြန်မာ့ရေတပ်မတော်သည် အိန္ဒိယနိုင်ငံသို့ စစ်ပညာသင်ကြား ရန် ၁၉၉၆ခုနှစ်မှ ၂၀၁၁ခုနှစ်အ ထိ အရာရှိ ပေါင်း ၁၀၃ဦးနှင့် စစ် သည်ပေါင်း ၇၃ဦး ပညာတော်သင် စေလွှတ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ရေတပ် စစ်ရေယာဉ် တစ်စင်းအားတွေ့ရစဉ်။ Photo: Myanmar Defence Weapons Facebook

ငယ်ထွေး(ကလေး)
The Yangon Times
မြန်မာ့ရေတပ် စစ်ရေယာဉ် တစ်စင်းအားတွေ့ရစဉ်။ Photo: Myanmar Defence Weapons Facebook
RangonNewsDaily:: October. 26 .2013
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက မြန်မာ့ရေတပ်မတော်အတွက် ရေပြင်ရေအောက်ရှာဖွေရေးကိရိယာများ
ကို ရောင်းချသွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကာ ကွယ်ရေးဝန်ကြီးဌာန၏ ကာကွယ် ရေး သုတေသန နှင့် ဖွံ့ဖြိုးရေးအ ဖွဲ့မှ အကြံပေးအရာရှိက ပြော ကြားသည်။

အဲယားကွန်းမလိုပဲ အပူအအေး မျှစေမည့် လက်ကောက်ဝတ်

Photo: အဲယားကွန်းမလိုပဲ အပူအအေး မျှစေမည့် လက်ကောက်ဝတ် 
Saturday, October 26, 2013

အဲယားကွန်းတစ်လုံးက သုံးတဲ့ လျှပ်စစ်ပါဝါဟာ တစ်လမှာ ၁၀၀ ကီလိုဝပ်နာရီ ပျမ်းမျှရှိတယ်လို့ ဆိုထားပြီး ပုံမှာ မြင်တွေ့နေရတဲ့ လက်ကောက်ဝတ်ကတော့ လျှပ်စစ်ဓာတ် မစားသလောက်ကို ပါဝါ အသုံးပြုမယ့် တစ်ကိုယ်ရေသုံး အဲယားကွန်းဖြစ်ပါတယ်။ 

တစ်ကိုယ်ရေသုံးဆိုတော့ တပ်ဆင်ထားရမယ့် နေရာက လက်ကောက်ဝတ်မှာ ဖြစ်ပါတယ်။ လက်ကောက်ဝတ်မှာ တပ်ဆင်ထားပြီးရင် တစ်ကိုယ်လုံးက အပူချိန်ကို တိုင်းတာပေးပြီး အေးနေရင် ပူအောင်၊ ပူနေရင် အေးအောင် လိုသလို ချိန်ညှိပေးသွားမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း User က ထိန်းညှိ နိုင်ပါတယ်။ အသုံးပြုတဲ့ ပစ္စည်းကတော့ ကော့ပါး-အလွိုင်းသတ္တု ပါဝင်ပြီး အပူစီးကူးနှုန်းကောင်းတဲ့ အခြားပစ္စည်း များလည်း ပါဝင်ပါတယ်။ လျှပ်စစ်ဓာတ်အား အနည်းငယ်သာ လိုအပ်ပြီး သူ့အလိုအလျောက် အားဖြည့်မယ့် စနစ်ကိုတောင် ကြိုးစားဖန်တီးနေခြင်း ဖြစ်ပါတယ်။ 

တီထွင်ဖန်တီးသူတို့က အမေရိကန် MIT ကျောင်းက အင်ဂျင်နီယာကျောင်းသားများ ဖြစ်ပါတယ်။ အရေအတွက် အမြောက်အများ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိပြီး ယင်း ကျောင်သား အဖွဲ့ MIT Making and Designing Materials Engineering Competition မှာ ပထမဆု ရရှိခဲ့ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham ( TSJ Team )

RangonNewsDaily:: October. 26 .2013
အဲယားကွန်းတစ်လုံးက သုံးတဲ့ လျှပ်စစ်ပါဝါဟာ တစ်လမှာ ၁၀၀ ကီလိုဝပ်နာရီ ပျမ်းမျှရှိတယ်လို့ ဆိုထားပြီး ပုံမှာ မြင်တွေ့နေရတဲ့ လက်ကောက်ဝတ်ကတော့ လျှပ်စစ်ဓာတ် မစားသလောက်ကို ပါဝါ အသုံးပြုမယ့် တစ်
ကိုယ်ရေသုံး အဲယားကွန်းဖြစ်ပါတယ်။

သမီးဖြစ်သူများ၏ အပျိုစင်ဘ၀အား ရောင်းစားခဲ့သည့် အမေဖြစ်သူကို ကိုလံဘီယာတွင်ဖမ်းဆီး

သမီးဖြစ်သူများ၏ အပျိုစင်ဘ၀အား ရောင်းစားခဲ့သည့် အမေဖြစ်သူကို ကိုလံဘီယာတွင်ဖမ်းဆီး
================
အောက်တိုဘာ ၂၆၊ ၂၀၁၃
M-Media

သမီးဖြစ်သူများ၏ အပျိုစင်ဘ၀အား ဒေါ်လာရာဂဏန်းအနည်းငယ်ဖြင့် ရောင်းစားခဲ့သည့် မိခင်တစ်ဦးအား ကိုလံဘီယာ ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်သည်ဟု သိရသည်။

ထိုအမျိုးသမီးမှာ အသက် ၄၅ နှစ်အရွယ်ရှိ Margarita de Jesus Zapata Moreno ဟု အမည်ရပြီး ကလေး ၁၄ ယောက်၏ မိခင်ဖြစ်ကာ၊ အသက် ၅၁ နှစ် အရွယ်ရှိ ကန်ထရိုက်တာတစ်ဦးနှင့်အတူ ယခု သီတင်းပတ်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထိုကန်ထရိုက်တာမှာ ထိုအမျိုးသမီး၏ သမီး ဖြစ်သူအား ကိုဝန်ရရှိစေခဲ့သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်နေသည်။

ကိုလံဘီယာမြို့တော် ဘိုဂိုတာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး Zapata Moreno မှာ သူမ၏ ၁၂ အရွယ်သမီးဖြစ်သူများအား လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှု အတွက် အသက် အရွယ်ကြီးရင့်သူများထံ ကိုလံဘီယာပီဆို ၃-သိန်းနှင့် ၄-သိန်းအကြား (ကန်ဒေါ်လာ ၁၆၀ နှင့် ၂၁၂ အကြား) ပမာဏဖြင့် ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Ref : cnn

RangonNewsDaily:: October. 26 .2013
သမီးဖြစ်သူများ၏ အပျိုစင်ဘ၀အား ဒေါ်လာရာဂဏန်းအနည်းငယ်ဖြင့် ရောင်းစားခဲ့သည့် မိခင်တစ်ဦးအား ကိုလံဘီယာ ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်သည်ဟု သိရသည်။

ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦး ဖုန်းတွေကို အမေရိကန်ကြားဖြတ် နားထောင်ဟု Guardian သတင်းစာဖော်ပြ

Photo: ကမ္ဘာ့ခေါင်းဆောင် ၃၅ ဦး ဖုန်းတွေကို အမေရိကန်ကြားဖြတ် နားထောင်ဟု Guardian သတင်းစာဖော်ပြ
 Saturday, October 26, 2013

အမေရိကန်တွေဟာ ကမ္ဘာ့ခေါင်းဆောင် ၃၅ ယောက်ရဲ့ တယ်လီဖုန်း ပြောဆိုမှုတွေကို ထောက်လှမ်းခဲ့တယ် ဆိုတာကို အမေရိကန် အစိုးရ၊ ပင်တဂွန်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အရာရှိတွေက အတည်ပြုခဲ့ပါတယ်လို့ The Guardian သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

အမေရိကန် အစိုးရက သူ့ရဲ့ မဟာမိတ် နိုင်ငံတွေကို ထောက်လှမ်းခဲ့တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ အမေရိကန်ကို ပြစ်တင်ရှုတ်ချ နေတဲ့ ဂျာမဏီရဲ့ နောက်မှာ ဥရောပ ခေါင်းဆောင်တွေ စည်းစည်းလုံးလုံး ရှိနေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်  အခုလို သတင်း ဖော်ပြချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့ တုန်းကတော့ အိမ်ဖြူတော် ပြောခွင့်ရ Jay Carney က အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA ဟာ ဂျာမဏီ ၀န်ကြီးချုပ် Angela Merkel ရဲ့ ဆက်သွယ် ပြောဆိုမှုတွေ အပေါ်မှာ ထောက်လှမ်းခဲ့တယ်ဆိုတဲ့ အပေါ် မှတ်ချက်ပေးဖို့ငြင်းဆို ပါတယ်။

ဂျာမဏီ ၀န်ကြီးချုပ် မစ္စ မာကယ်လ် ကတော့ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားကို တယ်လီဖုန်း ခေါ်ဆိုပြီး မိတ်တွေတွေ အပေါ်မှာ လျို့ဝှက်ထောက်လှမ်းမှုဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ မဟာမိတ်တွေနဲ့ မိတ်ဆွေ နိုင်ငံတွေကြားမှာ ယုံကြည်မှု လိုပါတယ်။ ဒီလိုယုံကြည်မှုမျိုးကို အခုတော့ အသစ်ပြန်လည် တည်ဆောက်ရပါတော့မယ်လို့လည်း မစ္စ မာကယ်လ်က  ဘရပ်ဆဲလ် မြို့မှာ ကျင်းပမယ့် နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်တဲ့ ဥရောပ သမဂ္ဂ ညီလာခံ မတိုင်ခင်မှာ ပြောဆိုပါတယ်။

ညီလာခံ တက်ရောက်လာတဲ့ ဥရောပ ခေါင်းဆောင်တွေဟာလည်း ဂျာမဏီ ၀န်ကြီးချုပ်ရဲ့ မကျေမနပ်မှုနဲ့ ထပ်တူ ပြောဆိုကြပါတယ်။ ဥရောပ သမဂ္ဂ ကော်မရှင် ဥက္ကဌ Jose Manuel Barroso ကတော့ အကြွင်းမဲ့ အာဏာရှင် ဆန်ဆန် လျှို့ဝှက် ထောက်လှမ်းမှုတွေကို ကန့်ကွက်တဲ့ အကြောင်း ပြောဆိုပါတယ်။

အမေရိကန် အမျိုးသားထောက်လှမ်းရေး အေဂျင်စီ NASA အဆောက်အဦး။
VOA
အမေရိကန် အမျိုးသားထောက်လှမ်းရေး အေဂျင်စီ NASA အဆောက်အဦး။
RangonNewsDaily:: October. 26 .2013
အမေရိကန်တွေဟာ ကမ္ဘာ့ခေါင်းဆောင် ၃၅ ယောက်ရဲ့ တယ်လီဖုန်း ပြောဆိုမှုတွေကို ထောက်လှမ်းခဲ့တယ် ဆိုတာကို အမေရိကန် အစိုးရ၊ ပင်တဂွန်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အရာရှိတွေက အတည်ပြုခဲ့ပါတယ်လို့ The Guardian သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် Sandhurst စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြော

Photo: ဒေါ်အောင်ဆန်းစုကြည် Sandhurst စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြော
Saturday, October 26, 2013

ဗြိတိန်နိုင်ငံကိုရောက်ရှိနေတဲ့ NLD ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst (ဆန်းဒတ်စ်) တော်ဝင် စစ်တက္ကသိုလ်ကိုသွားရောက်ပြီး လေ့လာခဲ့သလို ဗိုလ်လောင်းတွေကိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မနေ့ကတော့ မြောက်အိုင်ယာလန်ကို သွားရောက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင် ပတ်သက်တဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ အသေးစိတ်ကိုတော့ ဗြိတိန်နိုင်ငံခြားရေးရုံးကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင် က ပြောပြပေးပါမယ်။

အခုအသံလွှင့်ချိန် မတိုင်ခင် ဗြိတိန်စံတော်ချိန် ၃နာရီ၊ ၄၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst တော်ဝင်စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ စစ်တပ်ကို ဘယ်လိုလေ့ကျင့် သင်ကြားပေးသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက်လေ့လာ တာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Jonathan Farr က ဗွီအိုအေကိုပြောပါတယ်။

"ဒီကနေ့မှာ Sandhurst တော်ဝင်စစ်တက္ကသိုလ်မှာ လန်ဒန်စံတော်ချိန် နေ့လည်ပိုင်းမှာ ဗိုလ်လောင်းတွေနဲ့တွေ့ဆုံမှာဖြစ်ပြီး ဗြိတိန်နိုင်ငံအနေနဲ့ စစ်တပ်ကို ဘယ်လိုလေ့ကျင့် သင်ကြားပေးသလဲ ဆိုတာကို  ဒေါ်အောင်ဆန်းစုကြည်လေ့လာမှာပါ။ ပြီးတော့ သူကိုယ်တိုင်လည်း ဗိုလ်လောင်းတွေကို မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး ၊ဗြိတိန် မှာ သူရဲ့ ကိုယ်ပိုင်ချိန်အဖြစ်ရှိနေမှာပါ။"

အခုလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ Sandhurst တော်ဝင်စစ်တက္ကသိုလ် ကိုသွားရောက်လေ့လာတဲ့အတွက်လည်း အလွန်ပဲဝမ်းသာဂုဏ်ယူမိပါတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး Philip Hammond ကပြောပါတယ်။

ဒီကနေ့ခေတ်မှီတဲ့ကမ္ဘာမှာရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့  ပြည်သူ့ဝန်ထမ်း စစ်သားကောင်းပီသဖြစ်အောင် ဗြိတိန်နိုင်ငံအနေနဲ့ ဘယ်လိုလေ့ကျင့်သင်ကြားနေသလဲဆိုတာ ဒီစစ်တက္ကသိုလ်ကနေ စံနမူနာအဖြစ်ရှိနေပါတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။

ဒါ့အပြင် အနာဂတ်မြန်မာနဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံမှုဟာ ဒီမိုကရေစီစံပြီး နိုင်ငံတကာ ဥပဒေကို လေးစား လိုက်နာတဲ့ ခေတ်မှီစစ်တပ်ဖန်တီးရေးကို အဓိကဦးတည်မှာဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီး Mr Hammond ကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ  မနေ့ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ပတ်သက်လို့ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံး ပြောခွင့်ရ Mr Jonathan Farr ကပြောပါတယ်။

"ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လန်ဒန်ကိုရောက်ပြီး ဗြိတိန်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ၀န်ကြီးတို့နဲ့တွေ့ဆုံခဲ့ပါတယ်။မနေ့က မြောက်အိုင်ယာလန်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ Belfast မြို့မှာ DUP ပါတီနဲ့ ရှမ်ဖိန်အဖွဲ့တို့ကခေါင်းဆောင်တွေနဲ့လည်း သူ ဆွေးနွေးခဲ့ပါတယ်။"

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဟာ အပြည့်အဝ ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်ပွဲဖြစ်ဖို့ ဖွဲ့စည်းပုံကို ပြင်ဖို့လိုအပ်တယ်လို့ ဗြိတိန်နိုင်ငံက ယူဆကြောင်းဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ယူကေအစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက အကူအညီတွေ ဆက်ပြီးပေးသွားမယ် ဆိုတာကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ကျန်းမာရေးနဲ့ ပညာရေးပိုင်းမှာ တိုးတက်စေဖို့ အပါအဝင် မြန်မာနိုင်ငံအတွက် စတာလင်ပေါင် သန်း ၅၀ ကျော် သုံးစွဲဖို့ အာမခံထားတယ်လို့ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး Justine Greening ကပြောပါတယ်။

အခုယူကေခရီးစဉ် ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို ခရီးဆက်ပြီး၊ မြန်မာ့ဒီမိုကရေစီရေးအတွက် ထောက်ခံခဲ့တဲ့ မြို့ ၅ မြို့ကို သွားမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တော်ဝင်စစ်တက္ကသိုလ် Sandhurst မှာ လေ့လာနေစဉ်။

အင်ကြင်းနိုင်
VOA

RangonNewsDaily:: October. 26 .2013
ဗြိတိန်နိုင်ငံကိုရောက်ရှိနေတဲ့ NLD ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ Sandhurst (ဆန်းဒတ်စ်) တော်ဝင် စစ်တက္ကသိုလ်ကိုသွားရောက်ပြီး လေ့လာခဲ့သလို ဗိုလ်လောင်းတွေကိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

လက်ပံတောင်းကြေးနီစီမံကိန်းနယ်မြေရှိ လယ်ယာမြေများပေါ်တွင် လမ်းဖောက်လုပ်မှု ဒေသခံများကန့်ကွက်

Photo: လက်ပံတောင်းကြေးနီစီမံကိန်းနယ်မြေရှိ လယ်ယာမြေများပေါ်တွင် လမ်းဖောက်လုပ်မှု ဒေသခံများကန့်ကွက်
Saturday, October 26, 2013

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေအတွင်း မြန်မာဝမ်ပေါင် ကုမ္ပဏီက မြေထိုးစက်များဖြင့် မိုးကြိုးပြင်ကျေးရွာအနီး လယ်ယာမြေများတွင် လမ်းဖောက်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ သဖြင့် အောက်တိုဘာလ ၂၂ ရက် ညနေက ဒေသခံတောင်သူများ သွားရောက်ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။ 

““မိုးကြိုးပြင်ကျေးရွာအနီးကနေ လိပ်ခွံတောင်ကို မြေထိုးစက်တွေနဲ့ လမ်းဖောက်လုပ်နေတာကို သွားရောက်ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးပြီး လယ်ယာမြေမှာ မြေထိုးစက်တွေနဲ့ ထိုးတော့တောင်သူတွေ နစ်နာမှုတွေ ရှိပါတယ်””ဟု မိုးကြိုးပြင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
““လမ်းဖောက်လုပ်တာကို ညနေ ၃ နာရီခွဲက သွားတားတုန်းက လေးဦးတည်းသွားတားခဲ့တာ။ ညနေ ၄ နာရီခွဲလောက်မှာ နောက်တစ်ကြိမ်သွားတားတော့ လူငါးဆယ်ကျော်လောက် ပါတယ်။ လမ်းဆက်မဖောက်လုပ်ဖို့ ကျောက်တုံးတွေ၊ သစ်ကိုင်းတွေနဲ့တော့ တားထားခဲ့တယ်”” ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

မိုးကြိုးပြင်ကျေးရွာ ဒေသခံများသည် အောက်တိုဘာ ၂၂ ရက် ညနေ ၄ နာရီခွဲက လမ်းဖောက်လုပ်မှုအား တားဆီးရာတွင် ““၀မ်ပေါင်ရဲများ အလိုမရှိ”” စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ ဖောက်လုပ်ဆဲလမ်းပေါ်ရှိ လိပ်ခွံတောင်ခြေအနီးတွင် ““ပြည်သူများ ကာကွယ်စောင့်ရှောက်ထားသည့် လက်ပံတောင်းတောင်ကို မည်သူမျှ မဖျက်ဆီးရ”” စသည့် ရေးသားထားသော ဆိုင်းဘုတ်ကို စိုက်ထူခဲ့သည်။

လက်ပံတောင်းတောင်စီမံကိန်းမှ ပြဿနာများမှာဖြေရှင်းရခက်နေဆဲဖြစ်သည် ဓာတ်ပုံ - မျိုးမင်းဦး 
7Day Daily
လက်ပံတောင်းတောင်စီမံကိန်းမှ ပြဿနာများမှာဖြေရှင်းရခက်နေဆဲဖြစ်သည် ဓာတ်ပုံ - မျိုးမင်းဦး
RangonNewsDaily:: October. 26 .2013
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေအတွင်း မြန်မာဝမ်ပေါင် ကုမ္ပဏီက မြေထိုးစက်များဖြင့် မိုးကြိုးပြင်ကျေးရွာအနီး လယ်ယာမြေများတွင် လမ်းဖောက်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ သဖြင့် အောက်တိုဘာလ ၂၂ ရက် ညနေက ဒေသခံတောင်သူများ သွားရောက်ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။

တိုယိုတာရဲ့ နောက်ဆုံးပေါ် Touch Panel ကား

Photo: တိုယိုတာရဲ့ နောက်ဆုံးပေါ် Touch Panel ကား
Saturday, October 26, 2013

Touch Screen ဖုန်း၊ Tablet နဲ့ အခြား Portable Electronic Device တွေကိုတော့ ကမ္ဘာတစ်လွှားမှာ ရင်းနှီးနေ ကြပါပြီ။ ဒါပေမဲ့ ထိတွေ့ပြောင်းလဲလိုရတဲ့ Touch Panel ပါရှိတဲ့ကားရှိပါတယ်ဆိုရင်တော့ အံ့သြစရာ ဖြစ်ပါလိမ့်မယ်။

၂၀၁၁ခုနှစ် နိုဝင်ဘာ၂၈ ဂျပန်နိုင်ငံ တိုကျိုမြို့ မှာကျင်းပပြုလုပ်ခဲ့တဲ့ ၄၂ကြိမ်မြောက် တိုယိုတာကားပြပွဲမှာ ပွဲထုတ်ခဲ့တဲ့ Touch Panelသုံး Fun Vii အမည်ရကားဟာ မော်တော်ကားနည်းပညာ လောကကို အံ့အားသင့်သွားစေ ပါတယ်။

ကားကိုစမတ်ဖုန်း Tablet စတာတွေနဲ့ချိတ်ဆက်နိုင်မယ် အင်တာနက်မှ Wallpaper , ရောင်စုံကာလာ ဒီဇိုင်းများကို Download ဆွဲပြီးကားရဲ့ အရောင်ကို ပြောင်းလဲယူလိုရပါတယ်။ပြီးတော့ကားမှာ အသုံးပြု ထားတဲ့ software ကိုလည်း update လုပ်နိုင်ပြီး ယင်းTouch Panel အပေါ်ပေးစွမ်းမဲ့ ၀န်ဆောင်မှု အသစ်တွေကိုရရှိ ဦးမှာဖြစ်ပါတယ်။

လောလောဆယ်ဆယ်ကတော့ ကာလာဒီဇိုင်း မှာသာအလုပ်လုပ်ပါသေးတယ်။နောက်ဒီထက် အဆင့်မြင့် ပြီးထိတွေ့မောင်းနှင့်ရလောက် တဲ့အထိမောင်းနှင်ရလောက်တဲ့ အထိဆင့်မြင့်ပြီး ထိတွေ့မောင်းနှင်ရ လောက်တဲ့ အဆင်မြင့် မှာဖြစ်တယ်လို သိရပါတယ်။

လက်ရှိ Fun Vii ကားကိုဒီဇင်ဘာ ၃ရက်မှာစတင်ရောင်းချ မှာဖြစ်တယ်လို သိရပါတယ်။ ကားရဲ့အသေးစိတ် အပိုင်းတွေကတော့ ထုတ်လုပ်နေကျ တိုယိုတာကားများရဲ့ Function တွေအတိုင်းပဲဖ်ြပါတယ်။ဘော်ဒီအ တွင်းအပြင်ကတော့ နည်းပညာအလွှာကြီးတစ်ခုဖြစ်သွားတယ်ပေါ့။

အော် ဒီTouch Panel ကားကိုဈေးနှုန်းဘယ်လောက် နဲ့ရောင်းချမယ်ဆိုတာ ကိုတော့ကြေညာထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Myanmar ICT

RangonNewsDaily:: October. 26 .2013
Touch Screen ဖုန်း၊ Tablet နဲ့ အခြား Portable Electronic Device တွေကိုတော့ ကမ္ဘာတစ်လွှားမှာ ရင်းနှီးနေ ကြပါပြီ။ ဒါပေမဲ့ ထိတွေ့ပြောင်းလဲလိုရတဲ့ Touch Panel ပါရှိတဲ့ကားရှိပါတယ်ဆိုရင်တော့ အံ့သြစရာ ဖြစ်ပါလိမ့်မယ်။

လျှပ်စစ်ဓာတ်အားသုံးစွဲသော အများပြည်သူသို့ အသိပေးပန်ကြားခြင်း