Pages

Saturday, October 26, 2013

လက်ပံတောင်းကြေးနီစီမံကိန်းနယ်မြေရှိ လယ်ယာမြေများပေါ်တွင် လမ်းဖောက်လုပ်မှု ဒေသခံများကန့်ကွက်

Photo: လက်ပံတောင်းကြေးနီစီမံကိန်းနယ်မြေရှိ လယ်ယာမြေများပေါ်တွင် လမ်းဖောက်လုပ်မှု ဒေသခံများကန့်ကွက်
Saturday, October 26, 2013

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေအတွင်း မြန်မာဝမ်ပေါင် ကုမ္ပဏီက မြေထိုးစက်များဖြင့် မိုးကြိုးပြင်ကျေးရွာအနီး လယ်ယာမြေများတွင် လမ်းဖောက်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ သဖြင့် အောက်တိုဘာလ ၂၂ ရက် ညနေက ဒေသခံတောင်သူများ သွားရောက်ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။ 

““မိုးကြိုးပြင်ကျေးရွာအနီးကနေ လိပ်ခွံတောင်ကို မြေထိုးစက်တွေနဲ့ လမ်းဖောက်လုပ်နေတာကို သွားရောက်ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးပြီး လယ်ယာမြေမှာ မြေထိုးစက်တွေနဲ့ ထိုးတော့တောင်သူတွေ နစ်နာမှုတွေ ရှိပါတယ်””ဟု မိုးကြိုးပြင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
““လမ်းဖောက်လုပ်တာကို ညနေ ၃ နာရီခွဲက သွားတားတုန်းက လေးဦးတည်းသွားတားခဲ့တာ။ ညနေ ၄ နာရီခွဲလောက်မှာ နောက်တစ်ကြိမ်သွားတားတော့ လူငါးဆယ်ကျော်လောက် ပါတယ်။ လမ်းဆက်မဖောက်လုပ်ဖို့ ကျောက်တုံးတွေ၊ သစ်ကိုင်းတွေနဲ့တော့ တားထားခဲ့တယ်”” ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

မိုးကြိုးပြင်ကျေးရွာ ဒေသခံများသည် အောက်တိုဘာ ၂၂ ရက် ညနေ ၄ နာရီခွဲက လမ်းဖောက်လုပ်မှုအား တားဆီးရာတွင် ““၀မ်ပေါင်ရဲများ အလိုမရှိ”” စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ ဖောက်လုပ်ဆဲလမ်းပေါ်ရှိ လိပ်ခွံတောင်ခြေအနီးတွင် ““ပြည်သူများ ကာကွယ်စောင့်ရှောက်ထားသည့် လက်ပံတောင်းတောင်ကို မည်သူမျှ မဖျက်ဆီးရ”” စသည့် ရေးသားထားသော ဆိုင်းဘုတ်ကို စိုက်ထူခဲ့သည်။

လက်ပံတောင်းတောင်စီမံကိန်းမှ ပြဿနာများမှာဖြေရှင်းရခက်နေဆဲဖြစ်သည် ဓာတ်ပုံ - မျိုးမင်းဦး 
7Day Daily
လက်ပံတောင်းတောင်စီမံကိန်းမှ ပြဿနာများမှာဖြေရှင်းရခက်နေဆဲဖြစ်သည် ဓာတ်ပုံ - မျိုးမင်းဦး
RangonNewsDaily:: October. 26 .2013
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေအတွင်း မြန်မာဝမ်ပေါင် ကုမ္ပဏီက မြေထိုးစက်များဖြင့် မိုးကြိုးပြင်ကျေးရွာအနီး လယ်ယာမြေများတွင် လမ်းဖောက်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ သဖြင့် အောက်တိုဘာလ ၂၂ ရက် ညနေက ဒေသခံတောင်သူများ သွားရောက်ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။ ““မိုးကြိုးပြင်ကျေးရွာအနီးကနေ လိပ်ခွံတောင်ကို မြေထိုးစက်တွေနဲ့ လမ်းဖောက်လုပ်နေတာကို သွားရောက်ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးပြီး လယ်ယာမြေမှာ မြေထိုးစက်တွေနဲ့ ထိုးတော့တောင်သူတွေ နစ်နာမှုတွေ ရှိပါတယ်””ဟု မိုးကြိုးပြင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
““လမ်းဖောက်လုပ်တာကို ညနေ ၃ နာရီခွဲက သွားတားတုန်းက လေးဦးတည်းသွားတားခဲ့တာ။ 
 
ညနေ ၄ နာရီခွဲလောက်မှာ နောက်တစ်ကြိမ်သွားတားတော့ လူငါးဆယ်ကျော်လောက် ပါတယ်။ လမ်းဆက်မဖောက်လုပ်ဖို့ ကျောက်တုံးတွေ၊ သစ်ကိုင်းတွေနဲ့တော့ တားထားခဲ့တယ်”” ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

မိုးကြိုးပြင်ကျေးရွာ ဒေသခံများသည် အောက်တိုဘာ ၂၂ ရက် ညနေ ၄ နာရီခွဲက လမ်းဖောက်လုပ်မှုအား တားဆီးရာတွင် ““၀မ်ပေါင်ရဲများ အလိုမရှိ”” စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ ဖောက်လုပ်
ဆဲလမ်းပေါ်ရှိ လိပ်ခွံတောင်ခြေအနီးတွင် ““ပြည်သူများ ကာကွယ်စောင့်ရှောက်ထားသည့် လက်ပံတောင်းတောင်ကို မည်သူမျှ မဖျက်ဆီးရ”” စသည့် ရေးသားထားသော ဆိုင်းဘုတ်ကို စိုက်ထူခဲ့သည်။

7Day Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment