Pages

Saturday, October 26, 2013

မင်္ဂလာဒုံမြို့နယ်တွင် တိုယိုတာဒိုင်နာ ယာဉ်တစ်စီး ကားစက်ချွတ်ယွင်း၍ဂျန်းတုံးခုမည်ပြုစဉ် ယာဉ် ပေါ်လိုက်ပါလာသူ ကားနောက်ဘီးဖြင့်ကြိတ်မိသေဆုံး

RangonNewsDaily:: October. 26 .2013
၂၅.၁၀.၂၀၁၃ ရက်နေ့ ၀၉၁၅ အချိန် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းအတိုင်း မင်္ဂလာဒုံဘက်မှ ထောက်
ကြန့်ဘက်သို့ ယာဉ်မောင်း မျိုးဝင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ၂ခ/----- တိုယိုတာဒိုင်နာ အဖြူ
ရောင်(အုတ်/သဲ/ကျောက်တင်)ယာဉ်သည်နီလာရိုးမဆိုင်ရှေ့အရောက်စက်ချွတ်ယွင်းသဖြင့်ယာဉ်
နောက်ခန်းမှစီးနင်းလိုက်ပါလာသော

ကိုကျော်လင်း(ဘ)ဦးအောင်သန်း၊ အင်းစိန်မြို့နယ်နေသူမှ ဂျန်းတုံးခုရန်ယာဉ်ပေါ်မှဆင်းရာ အရှိန်
လွန်၍ယာဉ်အောက်သို့ရောက်သွားကာ ယာဉ်၏ယာဘက်နောက်ဘီးဖြင့်ဦးခေါင်း၊၀မ်းဗိုက်တို့အား
ကြိတ်မိ၍ အခင်းဖြစ်နေရာတွင်သေဆုံးပြီး ယာဉ်မောင်းမျိုးဝင်းသည်ယာဉ်ကိုထားကာထွက်ပြေး
တိမ်းရှောင်သွားခဲ့ကြောင်းသတင်းရရှိသည်။

ယာဉ်မောင်း မျိုးဝင်းအား ထောက်ကြန့်နယ်မြေ ရဲစခန်း ယာဉ်(ပ)၅၅/၂၀၁၃၊ ပုဒ်မ ၃၀၄- က/၂၀၂
 ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police  ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment