Pages

Sunday, October 21, 2012

တောင်ကုတ်မြို့၌ သံဃာတော်အပါး၃၀၀ ခန့် နှင့်လူအင်အား ၅၀၀၀ကျော်တို့ OIC အားဒုတိယအကြိမ်ဆန္ဒထုတ်ဖေါ်

အောက်တိုဘာ (၂၁)နေ့လည်(၁)နာရီ တွင် ရခိုင်ပြည်နယ်တောင် ကုတ်မြို့နယ်၌ သံဃာတော် စုစုပေါင်း အပါး(၃၀၀)ခန့်နှင့်လူအင်အား (၅၀၀၀)ကျော်တို့ ပူးပေါင်းပါဝင်၍ ဒုတိယအကြိမ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်း သတင်းရရှိသည...

Miss International 2012 ၏ နောက်ဆုံးအဆင့် ဆန်ကာတင် အလှမယ် ၁၅ ဦးစာရင်း

Miss International 2012 ၏ နောက်ဆုံးအဆင့် ဆန်ကာတင် အလှမယ် ၁၅ဦးစာရင်းကို ကြေညာလိုက်ပြီ ဖြစ် သည်။ ဆန်ကာတင်စာရင်းဝင် အလှမယ် ၁၅ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်...

ဆန်ကာတင်၁၅ ယောက်ထဲမပါပေမယ့် မြန်မာနိုင်ငံသားအားလုံးကျေးဇူးတင်နေမှာလို့ပြောတဲ့နန်းခင်ဇေယျာ

မြန်မာပြည်မှာအင်တာနက် မြန်နှုန်းနိမ့်ပေမယ့်အိုကီနာဝါကျွန်း၂၀၁၂နိုင်ငံ တကာမယ်ပြိုင်ပွဲမှာ မြန်မာပြည် ကိုယ်စားပြု ၀င်ပြိုင်တဲ့ နန်းခင်ဇေယျာ ကတော့Miss Internet ဆု ရရှိသွားပါပြီ။ သူ့ကို မဲပေးကြတဲ့ အနယ် နယ် က မြန်မာပြည်သားတို့ရဲ့ အားပေးမှုကြောင့် ဒီဆု ရရှိသွားပါပြီ...

အိန္ဒိယနိုင်ငံရဲ့ပထမဆုံးနဲ့ မြောက်ပိုင်း Meghalaya ပြည်နယ်မှာ အကြီးဆုံးဖြစ်တဲ့ မှန်သားပလီကြီးကို ဖွင့်လှစ်လိုက်ပါပြီ

အိန္ဒိယနိုင်ငံ Meghalaya မြောက်ပိုင်းဒေသမှာ မှန်နှင့် တည်ဆောက်ထားတဲ့ ဗလီ တစ်လုံးကို ဖွင့်လှစ်လိုက် ပါတယ်။အဆိုပါဗလီဝတ်ကျောင်းတော်ဟာ မြောက်ပိုင်း မဟာလယာပြည်နယ်ရဲ့ အကြီးဆုံးဗလီ ဖြစ်သွားပါ ပြီ။ အံ့သြချီးမွမ်းဖွယ်ကောင်းလောက်တဲ့ စွဲဆောင်မှုရှိတဲ့ အဆိုပါဗလီဝတ်ကျောင်းတော်ဟာ ရာပေါင်းများ စွာသောကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ...

လက်ဖဝါးလေးတွေ လှပနေစေဖို့ နည်းလမ်းကောင်း

လက်ဖဝါးဆိုတာ လူတစ်ယောက်ရဲ့ အကြောင်းကို လက္ခဏာ မကြည့်ဘဲနဲ့ များစွာဖော်ပြနေပါတယ်။ အဲဒီ့လူ တစ်ယောက် ဘယ်လိုနေတယ်၊ ဘယ်လိုသူ့ကိုယ်သူ ထိန်းသိမ်းစောင့်ရှောက် သလဲ ဆိုတာ ဖော်ပြနေပါတယ်။ နောက်ပြီး အဲဒီ့ လူတစ်ယောက်ရဲ့ အသက်အရွယ်ကို လည်း ဖော်ပြနေပါတယ်။ မိန်းမတစ်ယောက် အတွက်တော့ လက်ဆိုတာ ဆွဲဆောင်မှု တစ်ရပ်လည်း ဖြစ်ပါတယ...

ပေါ့ပေါ့ပါးပါး ကိုယ်အလေးချိန် ချနည်း

ကိုယ်အလေးချိန်ချရာမှာ အကုန်အကျများတဲ့ ကုသနည်းတွေက နောက်ဆုံး ဖြေရှင်းချက်လို့ မဆိုနိုင်ပါဘူး။ အဆီကျ ပိန်ဆေးတွေ၊ အဆီစုပ်ယူ ဖယ်ရှားတဲ့ ခွဲစိတ်ကုသမှုမျိုးတွေ မသုံးဘဲ သင့်ရဲ့ ဘ၀နေထိုင်မှုပုံစံ (lifestyle) ကို ပြောင်းလဲရုံမျှနှင့် သင့်ခန္ဓာကိုယ်ပုံစံကို ပြောင်းလဲနိုင်ပါတယ်လို့ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။ ဘယ်လိုနေထိုင် စားသောက်ရမယ် ဆိုတာ အောက်ပါအတိုင်း ဖော်ပြထားပါတယ...

ပီကေ၀ါးခြင်းရဲ့ အကျိုးအာနိသင်များ

  ကွမ်းယာစားတာကြောင့် သွားနဲ့ခံတွင်း အလှအပနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ကွမ်းစားတဲ့ အကျင့်ရှိသူတွေ အနေနဲ့ ကွမ်းပြတ်စေဖို့ ပီကေကို အစားထိုး ဝါးပေးသင့်ပါတယ်။ ပီကေဝါးတာကြောင့် ကွမ်းပြတ်တဲ့ အကျိုးကျေးဇူးအပြင် အောက်ပါ ကောင်းကျိုးတွေကိုလည်း ရရှိစေနိုင်ပါတယ...

ရွှေတိဂုံ စေတီတော်တွင် ထီးဖြင့် ချိတ်၍ အလှူခံငွေ ခိုးယူ

ကမ္ဘာလှည့် ခရီးသွားများ အဓိက  လေ့လာ ဖူးမျှော်ရာ မြန်မာနိုင်ငံ ၏ အထင်ကရ စေတီတော် တစ်ဆူ  ဖြစ် သော ရွှေတိဂုံ စေတီတော် တွင်  အောက်တိုဘာ လ ၉ ရက်နေ့ က အဆိုပါ စေတီတော် တနင်္ဂနွေ ထောင့် ရှိ ဘိုးဘိုးအောင် ဘုရား သံတံခါး အတွင်းရှိ အလှူငွေများ ကို ထီးနှင့် ချိတ်ဆက်၍ ခိုးယူမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ရွှေတိဂုံ စေတီ ဂေါပကရုံး အဖွဲ့မှူး ဦးဝင်းကြိုင် က ပြောကြားသည...

KIO နှင့် ဆက်သွယ်မှုဖြင့် တနှစ်အတွင်း လူ ၃၀ ကျော် ထောင်ချခံနေရ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်များအကြား  တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့သည့် တ နှစ်ကျော်ကာလအတွင်း မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဒေသခံပြည်သူများ ဖမ်းဆီးခံရသူအနည်းဆုံး၃၂...

အောက်တိုဘာလ ၂၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးေ ယာက်မြို့ တွင် OIC ကန့်ကွက်ဆန္ဒပြပွဲပြုလုပ်

မြန်မာတိုင်းရင်းသား၁၀၀ခန့်ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ရှိOICရုံးချုပ်ရှေ့သို့သွားရောက် ပြီး အောက်တိုဘာလ ၂၀ ရက်နေ့က ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည...

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်တွင် ယမန်နေ့က လူစုလူဝေးဖြစ်လာသည့် အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ် ပစ်ပြီး လူစုခွဲ

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်တွင် ယမန်နေ့က လူစုလူဝေးဖြစ်လာသည့် အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်  မိုးပေါ် ပစ်ဖောက်ပြီးလူစု ခွဲလိုက်ရကြောင်း သိရှိရသည်။ မောင်းတောမြို့နယ် ဗောဓိကုန်းကျေးရွာ အနီးတွင် မွတ်ဆလင်များမှ လူစုရာမှ လူစုကွဲရန် စစ်တပ်မှ သေနတ် ၄ ချက် ပစ်ဖောက်ခဲ့ကြောင်း ကျေးရွာသား တဦးက ပြောသည...

ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင် ငါးရာဦးခန့် နှုတ်ထွက်ပွဲကျင်းပ မည်ဟုသိရ

ပါတီတွင်းဗဟိုဦးစီးစနစ် ကျင့်သုံးနေမှုများအား လက်မခံနိုင်တော့၍ ပုသိမ်မြို့ စကားဝါလမ်း တွင်ဖွင့်လှစ်ထားသည့်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ ပါတီဝင် ငါးရာဦးခန့်သည် လာမည့် အောက်တိုဘာလ  ၂၇ ရက်နေ့တွင် ပါတီဆိုင်းဘုတ် ဖြုတ်ချခြင်းနှင့် ပါတီမှနှုတ်ထွက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည...

ငြိမ်းချမ်းရေး အမှတ်တံဆိပ်တွေကို ဖားကန့်ဒေသ တခုလုံးကပ်ထားမည်

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အောက်တိုဘာလ ၂၄ ရက်နေ့ ကျရောက်မယ့် ကမ္ဘာ့ကုလသမဂ္ဂနေ့ မှာ ငြိမ်းချမ်းရေးအထိမ်းအမှတ်စာသားတွေပါတဲ့ ကပ်ခွာတွေ နေရာအနှံ့ကပ်ကြမယ်လို့သိရပါတယ်။...

သီတင်းကျွတ် မီးထွန်း ပွဲတော်နှင့် အတူ ပခုက္ကူမှ ချစ်စဖွယ် မီးပုံး ရုပ်ကလေးများ (ဆောင်းပါး)

မြန်မာ့ရိုးရာ သီတင်းကျွတ် မီးထွန်း ပွဲတော်များ မြန်မာ တစ်နိုင်ငံလုံး နှစ်စဉ် ကျင်းပရာ မကွေး တိုင်း ဒေသကြီး ပခုက္ကူမြို့၌ သီတင်းကျွတ် လဆန်း ၁ ရက်မှ စတင်၍  သီတင်းကျွတ် လပြည့်နေ့ အထိ တာဝတိံသာ နတ်ပြည်မှ ပြန်လည် ကြွမြန်းလာသည့် မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍ ဆီမီးထွန်းညှိ ပူဇော် ကြသည...

အလားအလာကောင်း များစွာရှိတဲ့ မိုဘိုင်းလ်ဖုန်း

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် ပြောင်းလဲနေသော ကမ္ဘာကြီးနှင့် အတူ မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက် အသုံးပြုသူ ဦးရေမှာ အဆတစ်ရာ မြင့်တက် လာခဲ့သည်။မြန်မာနိုင်ငံတွင် GSM, UMTS မိုဘိုင်းလ်ဖုန်း စီမံကိန်း မစတင်မီ ၂ဝ၁၁ ခုနှစ်...

ကိုယ်ခန္ဓာ အနားယူချိန် တွင် ဦးနှောက် ညာဘက်ခြမ်း သည် ဘယ်ဘက်ခြမ်း ထက် ပို၍ လှုပ်ရှားကြောင်း သုတေသီများ တွေ့ရှိ

လူသားများ အနား ယူချိန်နှင့် မည်သည့် အတွေးမျှ မတွေးသည့် အချိန်၌ ပင်လျှင် ဦးနှောက်သည် အလုပ် လုပ်လျက် ရှိကြောင်းကို ယခင် က သိရှိပြီး ဖြစ်သည်။ သို့ရာတွင် လူအများစု၌ ဦးနှောက်၏ ညာဘက်ခြမ်း ကသာ အလုပ် လုပ်ခြင်း ဖြစ်သည်ကို သုတေသီ များက တွေ့ ရှိ ခဲ့ကြောင်း အင်တာနက် သတင်းတစ်ပုဒ် အရ သိရသည...

တောင်ပံ ဝတ်စုံဝတ် အမြင့်ခုန် ချန်ပီယံ ပြိုင်ပွဲ တရုတ် နိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပ

တောင်ပံ ဝတ်စုံ ဝတ်ဆင်၍ အမြင့်မှ ခုန်ချ ရသော ပထမဆုံး အမြင့်ခုန် ချန်ပီယံ ပြိုင်ပွဲကို တရုတ် နိုင်ငံ အလယ်ပိုင်း ဟူနန် ပြည်နယ် ကျန်းကျားကျဲ မြို့တွင် ကျင်းပ ခဲ့ကြောင်း သိရသည...

မလေးရှား နိုင်ငံ၏ Scorpene ရေငုပ် သသင်္ဘောများသည် စစ်ဆင်ရေး လုပ်ငန်းများကို ကောင်းစွာ လုပ်ဆောင် နိုင်စွမ်း ရှိသည်ဟု

မလေးရှား ရေတပ်၏ Scorpene ရေငုပ် သင်္ဘောများကို ကောင်းစွာ ပြုပြင် ထိန်းသိမ်းလျက် ရှိကြောင်းနှင့် ၎င်းရေငုပ် သင်္ဘောများသည် နိုင်ငံတော် လုံခြုံရေးကို ကာကွယ် ထိန်းသိမ်းရေး အတွက် စစ်ဆင်ရေးများ ဆင်နွှဲ နိုင်စွမ်း ရှိကြောင်း မလေးရှား ရေတပ်ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ်ကြီး တန်ဆရီ အဗ္ဗဒူအဇစ် ဂျာဖာက ကိုတာကင် နာဘာလူ ရေတပ် အခြေစိုက် စခန်းသို့ လာရောက် သတင်း ရယူသော သတင်း မီဒီယာအဖွဲ့ တစ်ဖွဲ့ကို ပြောကြား ခဲ့သည်ဟု...

ကယ်လီဖိုးနီးယား ကမ်းလွန်ပင်လယ်ပြင်တွင် ရှားပါးရေဘဝဲတစ်ကောင်တွေ့ရှိ

ကယ်လီ ဖိုးနီးယား တောင်ပိုင်း ကမ်းလွန် ပင်လယ်ပြင် အတွင်း ရှားပါး ရေဘဝဲ တစ်ကောင်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။  အဆိုပါ ရေဘဝဲ အမသည်   ခြေရှစ်ချောင်း ပါရှိကာ စက္ကူ ကဲ့သို့ ပါးလွှာသော အရေခွံ ထုတ်လုပ်နိုင် သည်။ ၎င်း၏ သွင်ပြင်သည် လှေငယ် ကလေးနှင့် ဆင်တူ သောကြောင့် ရေကြောင်း ခရီးသွား များက ဂရိဒဏ္ဍာ ရီပုံပြင် Argonauts  ကို အစွဲ ပြု၍ argonaut  ဟုခေါ်ဆိုကြသည...

KIA လူသစ်များအတွင်း သူလျှိုများနှင့် စစ်တပ်ထောက်လှမ်းရေးအဖွဲ့များ ပါဝင်လျက်ရှိ

KIA နဲ့ ဗမာစစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်း KIA မှ အရာရှိအဆင့် ၂၆၀ ကျော်အပါအ၀င် စုစုပေါင်း ၂၀၀၀ လောက်သေဆုံးခဲ့တယ်။ သေဆုံးသူ အရေအတွက်ရဲ့ ၂ ဆဖြစ်တဲ့ အင်အား ၄၀၀၀ လောက်ဟာ ထိခိုက်ဒဏ်ရာရခဲ့တယ်...

ထိုင်းလုလင်ပျိုတို့ အမျိုးသမီးအသွင်နဲ့ တင်ပြမယ့်ပွဲ

ထိုင်းလုလင်ပျိုတွေက အမျိုးသမီးအသွင် တင်ဆက်မယ့် ကပွဲသဘင် ရန်ကုန်ကို လာပါပြီ။မြန်မာပြည်မှာ ပထမဆုံး ဖျော်ဖြေတင်ဆက်တဲ့ပွဲ လို့ ဆိုပါတယ...

မြေပုံမြို့တွင် မွတ်ဆလင် ရပ်ကွက် မြို့ပြင်ထုတ်ရန် ဆန္ဒပြ တောင်းဆို

ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများက ယနေ့ ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ရာ မြို့ထဲရှိ မွတ်ဆလင် ရပ်ကွက်ကို မြို့ပြင်သို့ ထုတ်ပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်ဟု သိရသည...

မန္တလေးတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသားနှစ်ဦးရန်ဖြစ်ရာမှ တစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့တော် ၈၄ လမ်းနှင့် ၄၂ လမ်းထောင့် ရှိ ပန်းတိုင်နေ့ အထူးနှင့် ဘော်ဒါဆောင်တွင် အဆောင်နေသော တက္ကသိုလ် ဝင်တန်း ကျောင်းသားနှစ်ဦးဖြစ်သူ မောင် သန်းထိုက်အောင် ၁၅ နှစ်နှင့် မောင်ဝင်း ကို ကို တို့သည် အောက်တိုဘာလ ၁၂ ရက်နေ့ ည၁၁ နာရီတွင် စကားများ ခိုက်ရန် ဖြစ်ပွားရာ မောင်သန်းထိုက်အောင် မှာ ဦးခေါင်းသွေးထွက် ဒဏ်ရာရှိခဲ့ပြီး အောက်တို ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း တွင်...

Miss International 2012 နောက်ဆုံးပြိုင်ပွဲကို အင်တာနက်ဖြင့် အခမဲ့ကြည့်ရှုနိုင်ပါမယ်

  Miss International 2012 နောက်ဆုံးပြိုင်ပွဲကို အင်တာနက်ဖြင့် အခမဲ့ကြည့်ရှုနိုင်ပါမယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက် (တနင်္ဂနွေနေ့) တွင် ဂျပန်နိုင်ငံ အိုကီနာဝါ မြို့တွင် ကျင်းပတော့ မှာ ဖြစ်ပါသည်...
 
world time