Pages

Sunday, October 21, 2012

ကိုယ်ခန္ဓာ အနားယူချိန် တွင် ဦးနှောက် ညာဘက်ခြမ်း သည် ဘယ်ဘက်ခြမ်း ထက် ပို၍ လှုပ်ရှားကြောင်း သုတေသီများ တွေ့ရှိ

လူသားများ အနား ယူချိန်နှင့် မည်သည့် အတွေးမျှ မတွေးသည့် အချိန်၌ ပင်လျှင် ဦးနှောက်သည် အလုပ် လုပ်လျက် ရှိကြောင်းကို ယခင် က သိရှိပြီး ဖြစ်သည်။ သို့ရာတွင် လူအများစု၌ ဦးနှောက်၏ ညာဘက်ခြမ်း ကသာ အလုပ် လုပ်ခြင်း ဖြစ်သည်ကို သုတေသီ များက တွေ့ ရှိ ခဲ့ကြောင်း အင်တာနက် သတင်းတစ်ပုဒ် အရ သိရသည်။
အဆိုပါ သတင်းတွင် ဖော်ပြထားချက် အရ လူသားများ အနားယူသည့် အချိန် အတွင်း၌ လူ အများစု၏ ညာဘက် ဦးနှောက်ခြမ်းသည် ဘယ်ဘက် ဦးနှောက်ခြမ်းထက် ပို၍ လှုပ်ရှားမှု ရှိပြီး တစ်ခြမ်းနှင့် တစ်ခြမ်း အပြန် အလှန် သတင်း ပေးပို့ခြင်းထက် ညာဘက် ခြမ်းမှ ရရှိ သည့် သတင်း အချက်အလက် များကို ဘယ် ဘက်ခြမ်းသို့  ပေးပို့ နေကြောင်းကို သုတေသီ များက တွေ့ရှိ ခဲ့ကြသည်ဟု သိရသည်။
 
ထူးခြား အံ့သြဖွယ် ကောင်းသည့် အချက် တစ်ချက်မှာ ယင်းကဲ့သို့ ဦးနှောက် ညာဘက်ခြမ်း အလုပ် လုပ်ဆောင် မှုသည် ဦးနှောက် ပိုင်ရှင် ဖြစ်သူမှာ ဘယ်သန် သို့မဟုတ် ညာသန်ဖြစ်၊ မဖြစ်ပေါ် မူတည်နေ ကြောင်းကို တွေ့ရှိ ခဲ့ကြသည်။ အဘယ်ကြောင့် ဆိုသော် ညာ သန်သည့် လူများ၌ ဦးနှောက် ဘယ်ဘက်ခြမ်း သည် ပို၍ လွှမ်းမိုးမှု ရှိပြီး ဘယ်သန်သည့် လူများတွင်မူ ဦးနှောက် ညာဘက်ခြမ်းသည် ဘယ်ဘက်ခြမ်းထက် ပို၍ လွှမ်းမိုးမှု ရှိခြင်းကြောင့် ဖြစ်သည်။
 
အဆိုပါ တွေ့ရှိချက်နှင့် ပတ်သက်၍ လူ ၁၅ ဦးကို ငြိမ်သက်စွာ ထိုင်စေပြီး ၄င်းတို့၏ ခေါင်းပေါ်တွင် ဦးနှောက် အလုပ်လုပ်မှု စွမ်းရည်ကို တိုင်းတာနိုင်သည့် ခေါင်းဆောင်းကို ဆောင်းစေကာ ၄င်းတို့၏ စိတ်ကို လွင့်မြော စေခြင်းဖြင့် စမ်းသပ် ခဲ့ရကြောင်း ဂျော့ခ်ျတောင်း တက္က သိုလ် ဆေးပညာ ဌာနမှ သုတေသီ တစ်ဦး ဖြစ်သူ အန်ဒရီ မက်ဗီဒက်ဗ် က ပြောကြား ခဲ့သည်ဟု  သိရသည်။    
 
မြ၀တီ

0 comments:

Post a Comment