Pages

Sunday, October 21, 2012

အလားအလာကောင်း များစွာရှိတဲ့ မိုဘိုင်းလ်ဖုန်း

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် ပြောင်းလဲနေသော ကမ္ဘာကြီးနှင့် အတူ မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက် အသုံးပြုသူ ဦးရေမှာ အဆတစ်ရာ မြင့်တက် လာခဲ့သည်။မြန်မာနိုင်ငံတွင် GSM, UMTS မိုဘိုင်းလ်ဖုန်း စီမံကိန်း မစတင်မီ ၂ဝ၁၁ ခုနှစ် သြဂုတ်လ အထိ မိုဘိုင်းလ်ဖုန်း စနစ်ဖြင့်အင်တာနက် သုံးစွဲသူ ဦးရေ အနည်းငယ်သာ ရှိခဲ့သည်။ 
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ် ဖုန်းဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်ရန် ၂ဝ၁၂ ခုနှစ် သြဂုတ် ၂၃ ရက် က ဆောင်ရွက်ပေး နိုင်မှုကြောင့် ရန်ကုန်မြို့၌ မိုဘိုင်းလ် ဖုန်းဖြင့် အင်တာနက် အသုံးပြုသူ ဦးရေမှာ တိုးမြင့် လာခဲ့သည်။
၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် နိုင်ငံ အတွင်း လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်း အထိ မိုဘိုင်းလ် ဖုန်းများ အသုံးပြု လာနိုင်ရန် ရည်ရွယ် ထားသည်။ 
 
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ်ဖုန်း သုံးစွဲမှု သိပ်သည်းဆမှာ ၁ဝ ရာခိုင်နှုန်းသာ ရှိသေးရာ လာမည့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ဖုန်းလိုင်း ၁ဝ သန်း သိပ်သည်းဆ ၂၇ ရာခိုင်နှုန်း၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ဖုန်းလိုင်း ၁၄ သန်း သိပ်သည်းဆ ၅ဝ ရာခိုင်နှုန်း၊ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ဖုန်းလိုင်း ၁၅ ဒသမ ၅ သန်း သိပ်သည်းဆ ၇၅-၈ဝ ရာခိုင်နှုန်း အထိ ဖြစ်လာရန် ရည်မှန်းထားသည်။ လက်ရှိ မြန်မာ့ လူနေမှု စနစ်ကို  တစ်ဆင့် တိုးမြှင့် ဝန်ဆောင်ရန် လျာထားသော စီမံချက်ဟု ဆိုရပါမည်။
အကြောင်း ကြောင်းကြောင့် ရာစုများစွာ ခေတ်နောက်ကျ ကျန်ခဲ့သော မြန်မာ တိုင်းရင်းသား လူမျိုးစုများ ကမ္ဘာကြီးနှင့် မျဉ်းတစ်ပြေး တည်းသို့ တန်းဝင်နိုင်မည့် သဘောပင် ဖြစ်သည်။ 
 
မိုဘိုင်းလ် ဖုန်းများ၏ ကြိုတင် ငွေဖြည့် ကတ်များကို လက်ရှိ ထုတ်လုပ်နေသော ငွေကျပ် ၁ဝဝဝဝ၊ ၂ဝဝဝဝ၊ ၃ဝဝဝဝ တန် ငွေဖြည့်ကတ် များ အပြင် ငွေကျပ် ၅ဝဝဝ တန် ငွေဖြည့်ကတ် များကို ဈေးကွက်တွင် ထုတ်လုပ် ဖြန့်ချိနေပြီ ဖြစ်သည်။ အခြေခံ လူတန်းစားနှင့် ဝန်ထမ်း လခစားများ အတွက် မင်္ဂလာရှိသော သတင်းပင် ဖြစ်သည်။ 
 
၂ဝ၁၅-၂ဝ၁၆ ခုနှစ်သည် တယ်လီဖုန်း သိပ်သည်းဆကို ၈ဝ ရာခိုင်နှုန်း အထိ မြှင့်တင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုးစားနေ ချိန် ဖြစ်သည်။ ယခုလက်ရှိ သိပ်သည်းဆမှာ ၁ဝ ရာခိုင်နှုန်းသာ ရှိသည်။တစ်နှစ်ထက် တစ်နှစ် သုံးစွဲမှု ပမာဏတိုး လာသည်နှင့် အမျှ ကျေးလက် ဒေသများ အထိ ဆက်သွယ်ရေး ကွန်ရက် ဖြန့်ကြက်ဖို့ လိုပါမည်။
 
ငွေကြေး ပြည့်စုံသူ မြို့နေ လူတန်းစား တစ်ခုအတွက် သာမက ကျေးလက်နေ ပြည်သူလူထု အတွက်အတိုင်းအတာ တစ်ခုအတွင်း သုံးစွဲနိုင်ဖို့ လိုပါသည်။ ကွန်ရက်ဖြန့်ကြက်ဖို့ လိုသည်။ ဆက်သွယ်ရေး အတွက် လိုအပ်သော တာဝါတိုင်များ ကျေးလက်ဒေသ အထိ ဖြန့်ကြက်ဖို့၊ တိုးချဲ့ တပ်ဆင်ဖို့ လိုပါသည်။အာဆီယံ နိုင်ငံများ နည်းတူ တန်းတူ အခွင့်အရေး ရဖို့လည်း လိုအပ်နေ ပါသည်။
 
ဒေသခံ တိုင်းရင်းသား ပြည်သူများ ယခုထက် ပိုမို အခွင့်အရေး ရနိုင်ရန်၊ အသုံးပြုနိုင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း ၃ ဒသမ ၇ သန်း၊ ကြိုးဖုန်း ၂ ဒသမ ၃၄ သိန်း၊ အင်တာနက် အသုံးပြုမှု ၂ ဒသမ ၈၃၅ သန်း တိုးချဲ့ရန် လိုကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက သတင်း ထုတ်ပြန် ထားကြောင်း မှတ်သားခဲ့ရ ပါသည်။ ပြောင်းလဲ လာသော  ခေတ်နှင့် အညီ မိုဘိုင်းလ်ဖုန်း ဆက်ကြောင်းတည်ဆောက်ရေး အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ဥပဒေ၊နည်းဥပဒေ များနှင့်အညီ ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက လုပ်ငန်းရှင် များက လိုအပ်သော ဝန်ဆောင်မှုများနှင့် အတူပူးပေါင်း ဆောင်ရွက် မည်ဟု  သိရသည်။
 
ယနေ့ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနှင့် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ အတွက် နိုင်ငံတကာ စံချိန် စံညွှန်းနှင့် ကိုက်ညီ ပြီး ဈေးနှုန်း ချိုသာစွာ ပွင့်လင်း မြင်သာအောင် ဆောင်ရွက်လျက် ရှိသလိုကျေးလက်နေ ပြည်သူများ အတွက်လည်း မိုဘိုင်းလ်ဖုန်း စနစ်ဆောင်ရွက် နေမှုကို ကြိုဆိုပါကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။
 
ရွှေလင်းပြည့်စုံ(မြ၀တီ)

0 comments:

Post a Comment