Pages

Sunday, October 21, 2012

အိန္ဒိယနိုင်ငံရဲ့ပထမဆုံးနဲ့ မြောက်ပိုင်း Meghalaya ပြည်နယ်မှာ အကြီးဆုံးဖြစ်တဲ့ မှန်သားပလီကြီးကို ဖွင့်လှစ်လိုက်ပါပြီ



အိန္ဒိယနိုင်ငံ Meghalaya မြောက်ပိုင်းဒေသမှာ မှန်နှင့် တည်ဆောက်ထားတဲ့ ဗလီ တစ်လုံးကို ဖွင့်လှစ်လိုက်
ပါတယ်။အဆိုပါဗလီဝတ်ကျောင်းတော်ဟာ မြောက်ပိုင်း မဟာလယာပြည်နယ်ရဲ့ အကြီးဆုံးဗလီ ဖြစ်သွားပါ
ပြီ။ အံ့သြချီးမွမ်းဖွယ်ကောင်းလောက်တဲ့ စွဲဆောင်မှုရှိတဲ့ အဆိုပါဗလီဝတ်ကျောင်းတော်ဟာ ရာပေါင်းများ
စွာသောကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

"ဒီဗလီကြီးပာာ ဘာသာပေါင်းစုံ စုစည်းညီညတ်မှု ရဲ့အမှတ်အသား ဖြစ်လာမယ်" လို့လည်းလူနည်းစုရေးရာ
 ပြည်ထောင်စုဝန်ကြီး H Pala က Times of India သတင်းစာကိုပြောပါတယ်။

ဗလီကြီးရဲ့ ခမ်းနားမှုနှင့် စိတ်ငြိမ်းချမ်းမှုကို ပေးစေနိုင်မှုကိုလည်း Pala က မီးမောင်း ထိုးပြသွားပါတယ်။ဗလီ
ကြီးကမဒီနာဗလီ လို့အမည်ရပြီး Meghalaya ပြည်နယ်ရဲ့မြို့တော် SHillong မြို့မှာ ဆောက်လုပ်ထားပါတယ်။

Umshyrpi မြစ်ကမ်းတစ်လျှောက်မှာဆောက်လုပ်ထားတဲ့ အဆိုပါ ဗလီကြီးဟာ ၄ထပ်ရှိပြီး အမြင့်ပေ ၁၂၀ ရှိ
တဲ့အပြင်အောက်ခြေအကျယ်အ၀န်းက ၆၁ ပေကျယ်ပါတယ်။ဒီဗလီဟာ Meghalaya ပြည်နယ်ရဲ့ မြို့တော်
ဖြစ်တော်ဖြစ်တဲ့ Shillong  မြို့မှာ တည်ဆောက်ထားခြင်းဖြစ်ပြီး အိန္ဒိယ နိုင်ငံမှာပထမဆုံးသော မှန်နဲ့ တည်
ဆောက်ထားတဲ့ ဗလီပဲဖြစ်ပါတယ်။ညဘက်အချိန်တွေမှာ ဗလီကြီးရဲ့ ဖန်သားတွေက ဖိတ်ဖိတ်တောက် ၀င်း
လက် တောက်ပလာတတ်တယ်။

အဲဒီနယ်တစ်ဝိုက်မှာ အကြီးဆုံးဗလီဖြစ်တဲ့ ပေ ၁၂၀ မြင့်တဲ့  မဒီနာ ဗလီကြီးမှာ အမျိုးသမီးတွေကို ၀တ်ပြုဖို့ ခွင့်ပြုထားသလိုမိဘမဲ့ဂေဟာကိုလဲ ထားရှိပေးထားပါတယ်။

ဒီဗလီ ကြီးထဲမှာ ဘာသာရေးဋ္ဌါန(Institution)တစ်ခုလည်း ပါဝင်မှာဖြစ်ပြီး အစ္စလာမ်နည်းကျသင်ကြားမှာ ဖြစ်
ပါတယ်။စာကြည့်တိုက်မှာတော့ ဘာသာပေါင်းစုံကို နှိုင်းယှဉ်လေ့လာ နိုင်မယ့် စာအုပ် မျိုးစုံ ထားရှိမှာပါ။

ဖွင့်ပွဲ အခမ်းအနား တက်ရောက်ခဲ့တဲ့Shillong Muslim Union ရဲ့ဥက္ကဌ ဖြစ်သူ ဥပဒေပြုအမတ်တယောက်ဖြစ်
တဲ့ Syeedullah Nongrong  က “ဗလီကြီးဟာ ကမ္ဘာ့ခရီးသွားတွေကို ဆွဲဆောင်နိုင်လိမ့်မယ်” လို့ ပြောကြားချီး
မွမ်းသွားပါတယ်။အိန္ဒိယလူဦးရေ သန်း (၁၁၀၀) တွင် မွတ်စလင်မ်ဦးရေ သန်းပေါင်း ၁၆၀ ရှိတဲ့ အိန္ဒိယဟာ
အင်ဒိုနီးရှားနဲ့ ပါကစ္စတန်ပြီးရင်ကမ္ဘာ့တတိယအကြီးဆုံး မွတ်စလင် လူဦးရေရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

အိန္ဒိယ မွတ်စလင်မ်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ လူမှုရေးနဲ့ စီးပွါးရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုတွေ၊လျစ်
လျူရှုမှုတွေနဲ့ အတော်လေး ခံစားခဲ့ရပါတယ်။သူတို့ကို စီးပွါးရေးလုပ်ငန်းခွင်တွေမှာ နေရာမပေးဘဲဆက်ဆံခံ
ရခြင်း၊ ပညာရေးအဆင့်နိမ့်ပါးစေခြင်းတို့ကြောင့်အလုပ်လက်မဲ့ဦးရေ မြင့်မားလာရခြင်းတို့ကိုရင်ဆိုင်နေရပါ
ကြောင်း သိရပါတယ်။



OnIslam

0 comments:

Post a Comment