Pages

Sunday, October 21, 2012

ကယ်လီဖိုးနီးယား ကမ်းလွန်ပင်လယ်ပြင်တွင် ရှားပါးရေဘဝဲတစ်ကောင်တွေ့ရှိ


ကယ်လီ ဖိုးနီးယား တောင်ပိုင်း ကမ်းလွန် ပင်လယ်ပြင် အတွင်း ရှားပါး ရေဘဝဲ တစ်ကောင်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။  အဆိုပါ ရေဘဝဲ အမသည်   ခြေရှစ်ချောင်း ပါရှိကာ စက္ကူ ကဲ့သို့ ပါးလွှာသော အရေခွံ ထုတ်လုပ်နိုင် သည်။ ၎င်း၏ သွင်ပြင်သည် လှေငယ် ကလေးနှင့် ဆင်တူ သောကြောင့် ရေကြောင်း ခရီးသွား များက ဂရိဒဏ္ဍာ ရီပုံပြင် Argonauts  ကို အစွဲ ပြု၍ argonaut  ဟုခေါ်ဆိုကြသည်။
ယင်း ရေဘဝဲ မျိုးများသည် ဝေးလံသော အပူပိုင်း ကမ်းလွန် ပင်လယ်ပြင်နှင့် နွေးသမပိုင်း ရေပြင် များတွင် တွေ့ရလေ့ ရှိပြီး ရေဘဝဲ အမသည် အထီးထက် အရွယ် အစား ကြီးမားကြောင်း၊ ငါးငယ် များကို  အဓိက ဖမ်းယူ စားသုံးကြောင်း သိရသည်။
 
မြ၀တီ

0 comments:

Post a Comment