Saturday, March 23, 2013
Breaking News: ရမည်းသင်း မြို့နယ် ရွာတုန်းကျေးရွာ တရွာလုံးနီးပါးပြာကျ (ည ၁၁ နာရီ)
မတ်လ၂၃၊၂၀၁၃ည၁၁နာရီရမည်းသင်းမြို့နယ်၊ ရွာတုန်းအုပ်စု ရွာတန်းကျေးရွာ ကို အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးမှုကြောင့် တရွာလုံးနီးပါး မိးလောင်ပြာကြသွားကြောင်း သတင်းရရှိသည်။ ရေကြည်ရွာနဲ့ ပုရွက်ဆိတ် ရွာဘက်ကို လူတစ်ထောင်လောက် ထွက်သွားကြကြောင်း သိရှိရပါသည်။
မိထ္ထီလာ အကြမ်းဖက်မှုတွင် ကိုယ်တိုင် ပါဝင် ကျူးလွန်ခဲ့သူ တစ်ဦးအား ခြေရာခံမိခြင်း နှင့် ကြိုတင်ကြံစည်မှုများ ရှိကြောင်း သိရှိရခြင်း
မျိုးမင်းဟုခေါ်သော ဓာတ်ပုံရှင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.
M.C) ရဲ့မိတ္ထီလာ တူရကီ စစ်သင်္ချိုင်းနှင့်ပတ်သက်ပြီး ရေးသားထားသောပို့စ်၌ မတ်လ ၁၈ ရက်နေ့(အကြမ်း
ဖက်မှု မဖြစ်ပွားခင် ၂ ရက်အလို) ၌ မိတ္ထီလာတွင် ၄င်းကိုယ်တိုင် လူသတ်ပွဲကျင်းပရလိမ့်မည်၊ ကုလားတွေ
မျိုးကန်အောင် ဆော်ရမှာပဲဟု ပထမအကြိမ် Commentပေးခဲ့ကြောင်းသတင်းရရှိသည်။
ဂရိအကျဉ်းထောင်တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်

Saturday,, March 23, 2013
ဂရိနိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် ညလုံးပေါက် ပစ်ခတ်တိုက်ခိုက် မှု ဖြစ်ပွားပြီးနောက် အကျဉ်းသား ၁၁ ဦး သောကြာနေ့က ထွက် ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ ဂရိနိုင်ငံရှိ ထရီကာလာ အကျဉ်းထောင်မှ အယ်လ်ဘေးနီးယား အကျဉ်းသား ၁၁ ဦးက ထွက် ပြေးလွတ်မြောက်မသွားမီ အကျဉ်းထောင်စောင့်များနှင့် AK-47 ကိုင် သေနတ်သမားများကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
![]() |
Saturday,, March 23, 2013
ဂရိနိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် ညလုံးပေါက် ပစ်ခတ်တိုက်ခိုက် မှု ဖြစ်ပွားပြီးနောက် အကျဉ်းသား ၁၁ ဦး သောကြာနေ့က ထွက် ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ ဂရိနိုင်ငံရှိ ထရီကာလာ အကျဉ်းထောင်မှ အယ်လ်ဘေးနီးယား အကျဉ်းသား ၁၁ ဦးက ထွက် ပြေးလွတ်မြောက်မသွားမီ အကျဉ်းထောင်စောင့်များနှင့် AK-47 ကိုင် သေနတ်သမားများကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
မိတ္ထီလာမြို့အကြမ်းဖက်ဖက်မှုတွင် အကြမ်းဖက်အဖွဲ့မှ မီးသေနတ် များသုံးစွဲခဲ့
မိတ္ထီလာ ဘာသာရေး အကြမ်းဖက် သတ်ဖြတ်မှုမှာ လက်နက်များ သုံးစွဲခဲ့မိတ္ထီလာမြို့မှာ အစွန်းရောက် ဗုဒ္ဓဘာသာဝင်969အကြမ်းဖက်ဂိုဏ်းမှ အကြမ်းဖက်
မီးရှို့တိုက်ခိုက်မှုများတွင် လက်နက်များ သုံးစွဲခဲ့တယ်လို့
မျက်မြင်တွေ့ရှိခဲ့သောဒုက္ခသည်များမှပြောကြားပါတယ်။`မီးသေနတ်တွေလို့ထင်တယ်။ ဘယ်လိုဟာမျိုး
တော့အတိအကျမပြောတတ်ဘူး။ထွက်ပြေးနေတဲ့အချိန်နောက်ကနေလှမ်းပစ်လိုက်တာပဲ။ချက်ချင်းတစ်ကိုယ်
လုံး မီးလောင်ကုန်တယ်။ အလူးလူးအလှိမ့်အလှိမ့်ဖြစ်နေပြီးတော့ သေကုန်တယ်။ အိမ်တွေကိုလည်း ဒီလိုပဲ လှမ်းပစ်တယ်။´ ဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောပြတာ ဖြစ်ပါတယ်။
ရမည်းသင်းမြို့နယ် ရွာတန်းအုပ်စု ဈေးကုန်းဗလီ ယနေ့ ည ၈-နာရီခန့်က မီးရှိုခံရ
မတ်လ-၂၃-၂၀၁၃
ရမည်းသင်းမြို့နယ်၊ ရွာတန်းအုပ်စု ရွာတန်းကျေးရွာရှိ ဈေးကုန်းဗလီအား ယနေ့ ည ၈-နာရီခန့်က မီးရှို့နေသည်ဟု သတင်းကြားသိရပါသည်။ ရွာတန်းကျေးရွာတွင် မွတ်စလင်မ် အိမ်ခြေ (၄၀)၀န်းကျင်ခန့်သာရှိပြီး ယင်းမီးရှို့ခံရသည့်သတင်းကြောင့် ရမည်းသင်းမြို့မှ မီးသတ်ကားများရွာတန်းကျေးရွာသို့  သွားရောက်နေပြီး ရမည်းသင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့်လည်း သွားရောက်နေသည်ဟုသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကြီးတွင် ဟိန္ဒူဘာသာဝင်များဘုရားဖူးလှည့်လှည်နေစဉ် အကြမ်းတိုက်ခိုက်ဖက်ခံရ
ယမန်နေ့ညအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊
အင်းစိန်လမ်းမကြီး၊ ရွာမကွေ့၊ ရေကြောင်းသိပ္ပံအနီးမှ ဟိန္ဒူဘာသာဝင်များ
ဒေသစာရီ ဘုရားလှည့်လည်ပွဲကျင်းပနေစဉ် လူဦးရေ (၂၀၀) ခန့်မှ တုတ်များဖြင့်
ရောက်ရှိလာပြီး အကြမ်းဖက် ၀ိုင်းရိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
တောင်တွင်းမြို့ တွင် ဆူပူမှုဖြစ်အောင် လှုံ့ဆော်စာတွေဝေနေ
နိုင်ငံတော်သမ္မတကြီးက ဆူပူမှုဖြစ်အောင် လှုံ့ဆော်တာ ဝါဒဖြန့်တာ လုပ်ရင် အရေးယူမယ်လို့ မနေ့ကကြေငြာတဲ့အထဲမှာထည့်ပြောသွားပါတယ်။မနေ့ကကောဒီနေ့နေ့ခင်းကော တောင်တွင်းကြီး မြို့မဈေး
ထဲမှာမွတ်စလင်တွေအပေါ်အထင်မြင်လွဲမှားစေရန်ပဋိပက္ခဖြစ်စေရန်လှုံ့ဆော်ထားတဲ့ လက်ကမ်းစာတွေ
ဝေခဲ့ပါတယ် ။ တာဝန်ရှိသူတွေ တားစီးတာ အရေးယူတာ မတွေ့ရပါဘူး။ ရေးထားတာတွေက တမင် အကွတ်ချ မဟုတ်မဟတ် လုပ်ကြံရေးထားတာတွေ ဖြစ်ပြီး ဘာသာနှစ်ခုကြား ပြဿနာ မဖြစ်ဖြစ်အောင် လုပ်ဆောင်ထားတာတွေပါ။
နိုင်ငံတကာသတင်းဌာနများတွင် မိတ္ထီလာမြို့ အကြမ်းဖက်မှု သတင်းပြချက်
Reuters - ယခုဖြစ်စဉ်မှာ ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင် အစွန်းရောက်များ
အဖွဲ့ဖွဲ့ စုစည်းကာ လူနည်းစု မွတ်စလင်များကို စုပေါင်းတိုက်ခိုက်ခဲ့သည့်
ပုံစံနှင့်တူကြောင်း။
...
CNN - လူ (၁၀၀)ခန့်ရှိသော ဘုန်းကြီးများပါဝင်သည့် ဗုဒ္ဓဘာသာအကြမ်းဖက် အုပ်စုမှာ မတ်လ(၂၁)ရက် ညပိုင်း၌ အစ္စလာမ်ဘာသာ ဝတ်ပြုကျောင်း ဗလီများကို မီးရှို့ခဲ့ကြသည်။
...
CNN - လူ (၁၀၀)ခန့်ရှိသော ဘုန်းကြီးများပါဝင်သည့် ဗုဒ္ဓဘာသာအကြမ်းဖက် အုပ်စုမှာ မတ်လ(၂၁)ရက် ညပိုင်း၌ အစ္စလာမ်ဘာသာ ဝတ်ပြုကျောင်း ဗလီများကို မီးရှို့ခဲ့ကြသည်။
မော်လမြိုင် မြို့နှင့် ပဲခူးမြို့တို့တွင် အကြမ်းဖက်မည်ဟု ခြိမ်းခြောက်စာများ ပေးပို့ထားကြောင်းသတင်းရရှိ
မော်လမြိုင်မြို့ ကျော်ကြား
အိမ်ဆောက်ပစ္စည်းဆိုင် နှင့် ရွှေဝတီ အလှပြင်ဆိုင် (ေ၇ွှကျီး ငရုတ်မှုန့် )
တို့မှ ငွေကြေး အကုန်အကျခံကာ ဓါးအလက် ၃၀၀၀(သုံးထောင် )ကို
ဘီလူးကျွန်းမြို့နယ်ချောင်းဆုံရွာတွင်
ရိုက်နှက် (ပြုလုပ်) စေပြီး မော်လမြိုင်မြို့နယ် လမုတန်းရပ်ကွက်အတွင်းဖြန့်ဝေထား လျက်ရှိပါသည်။ လူငယ်များကိုစည်းရုံးသိမ်းသွင်း၍
လျှို့ဝှက် သင်တန်းပေးလျှက်၇ှိကြောင်း သိရပါသည်။ နိုင်ငံတော်အနေဖြင့်
အချိန်မှီ တားဆီးပေးပါရန် အကြမ်းဖက်မလိုလားသော ဗုဒ္ဓဘာသာဝင် များဘက်မှ
မေတ္တာရပ်ခံအပ်ပါသည်။
မိတ္ထီလာမြို့ အကြမ်းဖက်မှုများ နောက်ကွယ်မှ သံသယ ဖြစ်စရာများ စိစစ်တွေ့ရှိ
![]() |
၁။ ပြဿနာ မဖြစ်ပွားခင် တစ်ပတ်အလို : အွန်လိုင်းပေါ်မှာ မိတ္ထီလာမြို့မှာ ဘာသာခြားတွေ လွှမ်းမိုးနေပါတယ်လို့ အော်တယ်။ ဆန့်ကျင်စာတွေ ဖြန့်တယ်။ အဲဒီမြို့မှာလဲ ဖြန့်လိမ့်မယ်လို့ ထင်တယ်။ ၂။ ပြဿနာ ထဖြစ်ချိန် : တစ်နယ်က လာတဲ့ လင်မယားနှစ်ယောက် (ဘယ်နယ်က လာမှန်းမသိဘူး) ဘာသာခြားဆိုင်ကိုမှ ရွှေဝင်ရောင်းတယ်။
ရွှေဆိုင်ကလူတွေ ဆိုတာကရော အဆင်မပြေတာနဲ့ ဘာလို့ ၀ိုင်းရိုက်လွှတ်ကြတာလဲ။
ရုတ်ရုတ်သည်းသည်းဖြစ်ရင် ရွှေဆိုင်ဆိုတာ အနာချည်းပဲ ဆိုတာ နားမလည်ဘူးလား။
နားလည်လျက်က ရိုက်သလား။အရိုက်ခံရသူနဲ့ ရိုက်သူတွေက အခုမှ တွေ့ဘူးကြတာ ဟုတ်ရဲ့လား။