Pages

Saturday, March 23, 2013

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကြီးတွင် ဟိန္ဒူဘာသာဝင်များဘုရားဖူးလှည့်လှည်နေစဉ် အကြမ်းတိုက်ခိုက်ဖက်ခံရ

ယမန်နေ့ညအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကြီး၊ ရွာမကွေ့၊ ရေကြောင်းသိပ္ပံအနီးမှ ဟိန္ဒူဘာသာဝင်များ ဒေသစာရီ ဘုရားလှည့်လည်ပွဲကျင်းပနေစဉ် လူဦးရေ (၂၀၀) ခန့်မှ တုတ်များဖြင့် ရောက်ရှိလာပြီး အကြမ်းဖက် ၀ိုင်းရိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ယင်းဖြစ်စဉ် ပေါ်ပေါက်မှုကြောင့် ဟိန္ဒူလူမျိုးတို့ရဲ့ ဘာသာရေး အသုံးအဆောင်ပစ္စည်းများ၊ ရုပ်ပွားတော်များ ပျက်စီးခဲ့ရပြီး လှည့်လည်ပွဲတွင် လိုက်ပါလာသူ ဟိန္ဒူလူမျိုးများ ကဆင့်ကလျားဖြစ်၍ ထွက်ပြေးကြရပါကြောင်းနဲ့ ၎င်းတို့အတွက် မည်သည့် အဖွဲ့အစည်းကမျှ ၀င်ရောက် တားမြစ် ကူညီပေးတာမျှ မရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

ကေတီဇက်ဦး
Rangonnewsdaily
RND:  :23.3.2013

0 comments:

Post a Comment