Pages

Saturday, March 23, 2013

မြန်မာ့ တပ်မတော် (ရေ) မှ စစ်ရေယာဉ် နှစ်စင်း အိန္ဒိယ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွား ရောက် ခဲ့ရာမှ ပြန်လည် ရောက်ရှိ

မြန်မာ့ တပ်မတော် (ရေ) မှ စစ်ရေယာဉ် နှစ်စင်း အိန္ဒိယ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွား ရောက် ခဲ့ရာမှ ပြန်လည် ရောက်ရှိ 
Saturday,, March 23, 2013

မြန်မာ့ တပ်မတော် (ရေ) မှ စစ်ရေယာဉ် အောင်ဇေယျနှင့် စစ်ရေယာဉ် ဘုရင့်နောင် တို့သည် အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ရေတပ်ဌာနချုပ် (Eastern Naval Command) တည်ရှိရာ အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း၊ Andhra Pradesh
ပြည်နယ်၊ VISHAKHAPATNAM ဆိပ်ကမ်းသို့ ချစ်ကြည်ရေး ခရီး အလည်
အပတ် သွားရောက်ရန် မတ် ၅ ရက်က စတင်ထွက်ခွာ သွားရာမှ ယနေ့ နံနက် ၁ဝ နာရီတွင် အမှတ်(၃) ရေတပ် ဆိပ်ခံတံတား (သီလဝါ) သို့
ပြန်လည်ရောက် ရှိလာရာ ရေတပ် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဦးဆောင်သော တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစု များက ကြိုဆို နှုတ်ဆက်ကြသည်။

စစ်ရေယာဉ် နှစ်စင်းသည် မတ် ၉ ရက် ဒေသ စံတော်ချိန် နံနက် ၇ နာရီ ၁၅ မိနစ်တွင် အိန္ဒိယ နိုင်ငံ ရေပိုင်နက်အတွင်း စတင် ရောက်ရှိခဲ့ပြီး အိန္ဒိယ နိုင်ငံ VISHAKHAPATNAM ဆိပ်ကမ်းသို့ မတ် ၁ဝ ရက် ဒေသ စံတော်ချိန် ညနေ ၄ နာရီတွင် ရောက်ရှိကြရာ အိန္ဒိယ ရေတပ်မှ တာဝန် ရှိသူများက ကြိုဆိုကြ
သည်။

စစ်ရေယာဉ် နှစ်စင်းဖြင့် လိုက်ပါသွားသော မြန်မာ့တပ်မတော် (ရေ) မှ အရာရှိ၊
စစ်သည်များ သည် အိန္ဒိယ နိုင်ငံတွင် ရှိနေစဉ်အတွင်း အရှေ့ပိုင်း ရေတပ်ဌာန
ချုပ် ဌာနချုပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး Anil Chopra အား သွားရောက် တွေ့
ဆုံ နှုတ်ဆက်ခြင်း၊ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရေတပ် ဌာနချုပ်ရှိ Submarine Training School ၊ Naval Dockyard ၊ အိန္ဒိယ စစ်ရေယာဉ် များ ဖြစ်သော INS Nirupak၊ INS Sahyadri နှင့် INS Airavat တို့သို့ သွားရောက်လေ့လာ
ခြင်းနှင့် နှစ်နိုင်ငံ ရေတပ်မှ အရာရှိ၊ စစ်သည်များ ချစ်ကြည်ရေး ဘောလုံး ကစားခြင်းများ ဆောင်ရွက်ကြသည်။ ထို့အပြင် မြန်မာ့ တပ်မတော် (ရေ) မှ စစ်ရေယာဉ် နှစ်စင်းသို့ အိန္ဒိယ ရေတပ်မှ အရာရှိ၊ စစ်သည်များက လာရောက်
လေ့လာကြသည်။

စစ်ရေယာဉ် နှစ်စင်း  အိန္ဒိယနိုင်ငံ VISHAKHAPATNAM ဆိပ်ကမ်းမှ မတ် ၁၅ ရက် ဒေသ စံတော်ချိန် နေ့လယ် ၂ နာရီတွင် ပြန်လည် ထွက်ခွာလာရာ
မြန်မာ့ ရေပိုင်နက်သို့ မတ် ၁၆ ရက် မြန်မာ စံတော်ချိန် ည ၁၁  နာရီ ၅ မိနစ်တွင်  ပြန်လည် ဝင်ရောက်သည်။

မြန်မာ့ တပ်မတော် (ရေ)မှ စစ်ရေယာဉ်နှစ်စင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သော ချစ်ကြည်ရေး ခရီးစဉ်သည် အသွား/ အပြန် စုစုပေါင်း ရေမိုင် ၂၅ဝဝခန့်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

Saturday,, March 23, 2013

မြန်မာ့ တပ်မတော် (ရေ) မှ စစ်ရေယာဉ် အောင်ဇေယျနှင့် စစ်ရေယာဉ် ဘုရင့်နောင် တို့သည် အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ရေတပ်ဌာနချုပ် (Eastern Naval Command) တည်ရှိရာ အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း၊ Andhra Pradesh ပြည်နယ်၊ VISHAKHAPATNAM ဆိပ်ကမ်းသို့ ချစ်ကြည်ရေး ခရီး အလည် အပတ် သွားရောက်ရန် မတ် ၅ ရက်က စတင်ထွက်ခွာ သွားရာမှ ယနေ့ နံနက် ၁ဝ နာရီတွင် အမှတ်(၃) ရေတပ် ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည်ရောက် ရှိလာရာ ရေတပ် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဦးဆောင်သော တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစု များက ကြိုဆို နှုတ်ဆက်ကြသည်။ စစ်ရေယာဉ် နှစ်စင်းသည် မတ် ၉ ရက် ဒေသ စံတော်ချိန် နံနက် ၇ နာရီ ၁၅ မိနစ်တွင် အိန္ဒိယ နိုင်ငံ ရေပိုင်နက်အတွင်း စတင် ရောက်ရှိခဲ့ပြီး အိန္ဒိယ နိုင်ငံ VISHAKHAPATNAM ဆိပ်ကမ်းသို့ မတ် ၁ဝ ရက် ဒေသ စံတော်ချိန် ညနေ ၄ နာရီတွင် ရောက်ရှိကြရာ အိန္ဒိယ ရေတပ်မှ တာဝန် ရှိသူများက ကြိုဆိုကြ သည်။

စစ်ရေယာဉ် နှစ်စင်းဖြင့် လိုက်ပါသွားသော မြန်မာ့တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များ သည် အိန္ဒိယ နိုင်ငံတွင် ရှိနေစဉ်အတွင်း အရှေ့ပိုင်း ရေတပ်ဌာန ချုပ် ဌာနချုပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး Anil Chopra အား သွားရောက် တွေ့ ဆုံ နှုတ်ဆက်ခြင်း၊ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရေတပ် ဌာနချုပ်ရှိ Submarine Training School ၊ Naval Dockyard ၊ အိန္ဒိယ စစ်ရေယာဉ် များ ဖြစ်သော INS Nirupak၊ INS Sahyadri နှင့် INS Airavat တို့သို့ သွားရောက်လေ့လာ ခြင်းနှင့် နှစ်နိုင်ငံ ရေတပ်မှ အရာရှိ၊ စစ်သည်များ ချစ်ကြည်ရေး ဘောလုံး ကစားခြင်းများ ဆောင်ရွက်ကြသည်။ ထို့အပြင် မြန်မာ့ တပ်မတော် (ရေ) မှ စစ်ရေယာဉ် နှစ်စင်းသို့ အိန္ဒိယ ရေတပ်မှ အရာရှိ၊ စစ်သည်များက လာရောက် လေ့လာကြသည်။

စစ်ရေယာဉ် နှစ်စင်း အိန္ဒိယနိုင်ငံ VISHAKHAPATNAM ဆိပ်ကမ်းမှ မတ် ၁၅ ရက် ဒေသ စံတော်ချိန် နေ့လယ် ၂ နာရီတွင် ပြန်လည် ထွက်ခွာလာရာ မြန်မာ့ ရေပိုင်နက်သို့ မတ် ၁၆ ရက် မြန်မာ စံတော်ချိန် ည ၁၁ နာရီ ၅ မိနစ်တွင် ပြန်လည် ဝင်ရောက်သည်။

မြန်မာ့ တပ်မတော် (ရေ)မှ စစ်ရေယာဉ်နှစ်စင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သော ချစ်ကြည်ရေး ခရီးစဉ်သည် အသွား/ အပြန် စုစုပေါင်း ရေမိုင် ၂၅ဝဝခန့်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ,Rangonnewsdaily
RND:  :23.3.2013

0 comments:

Post a Comment