Pages

Saturday, March 23, 2013

လူဆယ်ဦးထက်မနည်း တစ်နေရာတည်း၌ မီးလောင်ကျွမ်း သေဆုံးခဲ့သောနေရာတစ်ခု

လူဆယ်ဦးထက်မနည်း တစ်နေရာတည်း၌ မီးလောင်ကျွမ်း သေဆုံးခဲ့သော မြင်ကွင်း

(ယခု ဓါတ်ပုံကို မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က  မိတ္ထီလာမြို့ ၀န်ဇင်း ရပ်ကွက် မိတ္ထီလာ-မြင်းခြံလမ်းပိုင်း စည်းခုံကြီးကန်ဘောင် (ဒေသအခေါ် စည်းခုံကြီး တံတား) နေရာတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ပါသည်။ 

ဓာတ်ပုံကို ဖော်ပြခြင်းသည် အခြားသော ရည်ရွယ်ချက်မျိုး မဟုတ်ဘဲ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး လူသား မဆန်သော ပြစ်မှု ကျုးလွန်ခြင်း ဖြစ်၍ ထိုကဲ့သို့ နောက်နောင် ထပ်မံ မဖြစ်ပွားရန် အချိန်မီ ဟန့် တားမှုနှင့် ကာကွယ် တားဆီမှုများ  ပြုလုပ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ဓာတ်ပုံတွင် ပါဝင်သူများမှာ မည်သည့် လူမျိုး ဖြစ်သည်ကို မီးလောင်ကျွမ်းမှုများအရ  ခန့်မှန်းရန်ပင် ခက်ခဲပါသည်။

ယမန့်နေ့က အရေးပေါ် အခြေအနေ ကြေညာ၍ ထိန်းသိမ်းခဲ့ရာ ယနေ့တွင် တည်ငြိမ်မှုများ ရှိလာသဖြင့် တရား ဥပဒေအရ အရေးယူ ဖော်ထုတ်နိုင်ရန် ဖော်ပြခြင်း ဖြစ်ပါသည်။ ဤဓာတ်ပုံကို ဖော်ပြရန် အတွက် အကျိုး၊ အပြစ်အားလုံးကို ဆန်းစစ်ပြီးမှ အယ်ဒီတာအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခု ဖြစ်စဉ်တွင် ဤမျှ ဆိုးဝါးခဲ့ခြင်းသည် လုံခြုံရေး တပ်ဖွဲ့များ၏ အရေးယူ ဆောင်ရွက်မှု နှောင့်နှေးခဲ့ရခြင်းမှာလည်း အကြောင်းတစ်ခု ဖြစ်ပါသည်။ နောက်နောင်တွင် နမူနာ ယူနိုင်ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် လျင်မြန်သော ဟန့်တား ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်ရန် အပါအ၀င် အားလုံး သိရှိနိုင်ရန်အတွက် ယခု ဓာတ်ပုံကို ဖော်ပြခြင်း ဖြစ်ပါသည်)
မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ ပဋိပက္ခတွင် သေဆုံးသူ (၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း နိုင်ငံပိုင် မီဒီယာများမှ သတင်း ထုတ်ပြန်ထားသော်လည်း မျက်မြင်သက်သေများ၏ ပြောကြားချက်နှင့် Eleven Media Gruop မှ ရရှိခဲ့သော အထောက် အထားများအရ သေဆုံးသူ အရေအတွက်နှင့် ဆုံးရှုံးမှုများ ပိုမိုများပြားနိုင်ကြောင်း သိရပါသည်။(ဓါတ်ပုံအချို့ကိုချန်လှပ်ထားပါသည်။)
လူဆယ်ဦးထက်မနည်း တစ်နေရာတည်း၌ မီးလောင်ကျွမ်း သေဆုံးခဲ့သော မြင်ကွင်း
(ယခု ဓါတ်ပုံကို မတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က မိတ္ထီလာမြို့ ၀န်ဇင်း ရပ်ကွက် မိတ္ထီလာ-မြင်းခြံလမ်းပိုင်း စည်းခုံကြီးကန်ဘောင် (ဒေသအခေါ် စည်းခုံကြီး တံတား) နေရာတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ပါသည်။ ဓာတ်ပုံကို ဖော်ပြခြင်းသည် အခြားသော ရည်ရွယ်ချက်မျိုး မဟုတ်ဘဲ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး လူသား မဆန်သော ပြစ်မှု ကျုးလွန်ခြင်း ဖြစ်၍ ထိုကဲ့သို့ နောက်နောင် ထပ်မံ မဖြစ်ပွားရန် အချိန်မီ ဟန့် တားမှုနှင့် ကာကွယ် တားဆီမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ဓာတ်ပုံတွင် ပါဝင်သူများမှာ မည်သည့် လူမျိုး ဖြစ်သည်ကို မီးလောင်ကျွမ်းမှုများအရ ခန့်မှန်းရန်ပင် ခက်ခဲပါသည်။

ယမန့်နေ့က အရေးပေါ် အခြေအနေ ကြေညာ၍ ထိန်းသိမ်းခဲ့ရာ ယနေ့တွင် တည်ငြိမ်မှုများ ရှိလာသဖြင့် တရား ဥပဒေအရ အရေးယူ ဖော်ထုတ်နိုင်ရန် ဖော်ပြခြင်း ဖြစ်ပါသည်။ ဤဓာတ်ပုံကို ဖော်ပြရန် အတွက် အကျိုး၊ အပြစ်အားလုံးကို ဆန်းစစ်ပြီးမှ အယ်ဒီတာအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ 
 
ယခု ဖြစ်စဉ်တွင် ဤမျှ ဆိုးဝါးခဲ့ခြင်းသည် လုံခြုံရေး တပ်ဖွဲ့များ၏ အရေးယူ ဆောင်ရွက်မှု နှောင့်နှေးခဲ့ရခြင်းမှာလည်း အကြောင်းတစ်ခု ဖြစ်ပါသည်။ နောက်နောင်တွင် နမူနာ ယူနိုင်ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် လျင်မြန်သော ဟန့်တား ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်ရန် အပါအ၀င် အားလုံး သိရှိနိုင်ရန်အတွက် ယခု ဓာတ်ပုံကို ဖော်ပြခြင်း ဖြစ်ပါသည်)

မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ ပဋိပက္ခတွင် သေဆုံးသူ (၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း နိုင်ငံပိုင် မီဒီယာများမှ သတင်း ထုတ်ပြန်ထားသော်လည်း မျက်မြင်သက်သေများ၏ ပြောကြားချက်နှင့် Eleven Media Gruop မှ ရရှိခဲ့သော အထောက် အထားများအရ သေဆုံးသူ အရေအတွက်နှင့် ဆုံးရှုံးမှုများ ပိုမိုများပြားနိုင်ကြောင်း သိရပါသည်။(ဓါတ်ပုံအချို့ကိုချန်လှပ်ထားပါသည်။)
 
Eleven Media Group:Rangonnewsdaily
RND:  :23.3.2013

0 comments:

Post a Comment