Pages

Saturday, March 23, 2013

တောင်တွင်းမြို့ တွင် ဆူပူမှုဖြစ်အောင် လှုံ့ဆော်စာတွေဝေနေ

နိုင်ငံတော်သမ္မတကြီးက ဆူပူမှုဖြစ်အောင် လှုံ့ဆော်တာ ဝါဒဖြန့်တာ လုပ်ရင် အရေးယူမယ်လို့ မနေ့ကကြငြာတဲ့အထဲမှာထည့်ပြောသွားပါတယ်။မနေ့ကကောဒီနေ့နေ့ခင်းကော တောင်တွင်းကြီး မြို့မဈေး
ထဲမှာမွတ်စလင်တွေအပေါ်အထင်မြင်လွဲမှားစေရန်ပဋိပက္ခဖြစ်စေရန်လှုံ့ဆော်ထားတဲ့ လက်ကမ်းစာတွေ
 ဝေခဲ့ပါတယ် ။ တာဝန်ရှိသူတွေ တားစီးတာ အရေးယူတာ မတွေ့ရပါဘူး။ ရေးထားတာတွေက တမင် အကွတ်ချ မဟုတ်မဟတ် လုပ်ကြံရေးထားတာတွေ ဖြစ်ပြီး ဘာသာနှစ်ခုကြား ပြဿနာ မဖြစ်ဖြစ်အောင် လုပ်ဆောင်ထားတာတွေပါ။ စာရွက်ဝေနေတဲ့ အဖွဲ့ တစ်ခုရှိနေပြီး တာဝန်ရှိသူတွေက မတားဆီး အရေးမယူဘူးဆိုရင် နောက်ရက်တွေမှာ ဒုတိယ မိထ္တီလာ ဖြစ်သွားမှာကို မြို့ခံ မွတ်စလင်တွေရော အေးချမ်းစွာနေလိုသော ဗုဒ္ဓဘာသာဝင်များပါ စိုးရိမ်နေကြပါတယ် ။
လှုံ့ဆော်စာကို ဒီနေ့ဝေတာပါ ဝေတဲ့လူတွေ အဖွဲ့ကိုတော့ မသိရသေးပါဘူး တာဝန်ရှိသူတွေကတော့ သိလိမ့်မယ်ထင်ပါတယ်။ဗုဒ္ဒဘာသာဝင်သူငယ်ချင်းများရော အစ္စလာမ်ဘာသာဝင်များရော ဘာသာအားလုံးက သူငယ်ချင်းများအားလုံးဝိုင်းဝန်းကူညီကြပါ။မြို့ခံမဟုတ်တဲ့ ဘယ်ကလာမှန်းမသိတဲ့ အကြမ်းဖက်သမားတွေကသွေးခွဲပြီးအချင်းချင်းသတ်ဖြတ်အောင် လှုံဆော်နေတာပါ။အားလုံးညီညွတ်ရမယ့်အချိန်ရောက်နေပါပြီ။ သူငယ်ချင်းအားလုးံကူညီပေးကြပါ
စိုင်း သီဟ,Rangonnewsdaily
RND:  :23.3.2013

0 comments:

Post a Comment