Pages

Saturday, March 23, 2013

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဆန္ဒဖော်ထုတ်ပွဲ ယနေ့စနေပြီ

Saturday,, March 23, 2013

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများအား ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ စီစစ်ခြင်းမရှိပါဘဲ၊ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် တောင်ကုတ်မြို့နယ် လူမှုကွန်ယက်မှ ဦးဆောင်၍ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို စတင်ရန်ပြင်ဆင်နေပြီဟု သိရသည်။ “ ကျနော်တ နာရီဝက်အတွင်း စထွက်တော့မှာ။ အခု ဖောင်တော်ဦးဘုရားမှာလူစုနေတယ်။ အားလုံး ခုနစ်ဆယ်ကျော် လောက်ရှိနေပြီဗျ။ ခွင့်ပြုချက်မဲ့ လုပ်ပေမယ့် ပွင့်ပွင့်လင်းလင်းဟန့်တားနှောင့်ယှက် တာ
မျိုးမရှိ သေးဘူးခင်ဗျ။ ” ဟု တောင်ကုတ် လူမှုကွန်ယက်မှ ကိုဇေယျကျော်က ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲ တောင်းဆိုသည့်အချက်များမှာ-

(၁) ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒကိုလေးစားရန်၊ (၂) ဒေသခံတိုင်းရင်း သားများ၏ သဘောထားမပါဘဲ ဒေသအရေးကိုမဆုံးဖြတ်ရန်၊ (၃) နိုင်ငံသား မဟုတ်သူများကို နိုင်ငံသားအခွင့်အရေး မပေးရန်၊ (၄) ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကိုအမြန်ဆုံး (အမြန်ဆုံး) အကောင်အထည် ဖော်ပေးရန်၊ (၅) တရားမ၀င် နေထိုင်သူများအား ဥပဒေကြောင်းအရ အမြန်ဆုံး အရေးယူပေးရန်၊ (၆) ဘင်္ဂလီအရေး ကိုင်တွယ်မှု ပွင့်လင်းမြင်သာမှုရှိစေရန် ဟူသောအချက်ခြောက်ချက် ပါဝင်ကြောင်းသိရသည်။

ခွင့်ပြုချက်ရရှိရန် မြို့နယ်နှင့် ပြည်နယ်သို့ တင်ပြတောင်းခံခဲ့သော်လည်း ပလပ်ခံခဲ့ရကြောင်း ကိုဇေယျကျော်က ဆိုပါသည်။ဤကိစ္စနှင့် ပတ်သက်၍ကိုဇေယျကျော်က “ ဥပဒေနဲ့မညီလို့ အရေးယူမယ်ဆိုလည်း ဥပဒေကြောင်းအရ ရင်ဆိုင်သွားဖို့ပဲရှိတယ်။ ပြည်သူအတွက် ဆောင်ရွက်တာပဲလေ။ ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မတ်လ (၇) ရက်နေ့မှစ၍ စစ်တွေ၊ မြောက်ဦး၊ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်မြို့နယ်များ၌ ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပရာခဲ့တွင် ဥပဒေနှင့်အညီ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်အရပြုလုပ်ခြင်း မဟုတ်၍ မတ်လ (၇)ရက်နေ့ ညနေ၌ စစ်တွေ ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူ ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေးတို့နှစ်ဦးအား လည်းကောင်း၊ ကျောက်တော် ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများဖြစ်ကြသည့် ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေနှင့်ဒေါ်တင်တင်အေးတို့ လေးဦးအား လည်းကောင်း သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးများက တစ်ဦးစီ အတွက်အာမခံ ပုဂ္ဂိုလ်နှစ်ဦးစီ ထားလျက်ခံဝန်ချက်ကို လက်မှတ်ရေးထိုးစေပြီး အာမခံဖြင့်ပြန်လွှတ်ပေးထားကြောင်း သိရသည်။

နေဇော်(သံတွဲ)
မြ၀တီသတင်း,Rangonnewsdaily
RND:  :23.3.2013

0 comments:

Post a Comment