Pages

Saturday, March 23, 2013

မိတ္ထီလာမြို့အကြမ်းဖက်ဖက်မှုတွင် အကြမ်းဖက်အဖွဲ့မှ မီးသေနတ် များသုံးစွဲခဲ့

မိတ္ထီလာ ဘာသာရေး အကြမ်းဖက် သတ်ဖြတ်မှုမှာ လက်နက်များ သုံးစွဲခဲ့မိတ္ထီလာမြို့မှာ အစွန်းရောက် ဗုဒ္ဓဘာသာဝင်969အကြမ်းဖက်ဂိုဏ်းမှ အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုများတွင် လက်နက်များ သုံးစွဲခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သောဒုက္ခသည်များမှပြောကြားပါတယ်။`မီးသေနတ်တွေလို့ထင်တယ်။ ဘယ်လိုဟာမျိုး
တော့အတိအကျမပြောတတ်ဘူး။ထွက်ပြေးနေတဲ့အချိန်နောက်ကနေလှမ်းပစ်လိုက်တာပဲ။ချက်ချင်းတစ်ကိုယ်
လုံး မီးလောင်ကုန်တယ်။ အလူးလူးအလှိမ့်အလှိမ့်ဖြစ်နေပြီးတော့ သေကုန်တယ်။ အိမ်တွေကိုလည်း ဒီလိုပဲ လှမ်းပစ်တယ်။´ ဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောပြတာ ဖြစ်ပါတယ်။
`မီးကွင်းလို့ပြောတာပဲဗျ။ သားလဲသေသေချာချာ မပြောတတ်ဘူး။ ဂတ်စ်ဂဟေဆော်ရင် မီးတွေထွက်သလို သူတို့ပစ်နေတဲ့အခါ မီးတွေက အတန်းလိုက်ကြီး ဖြစ်နေတာတော့ သား ပုန်းနေရင်းက မြင်နေရတယ်။ တိုက်အိမ်တွေကိုလည်း ပြူတင်းပေါက်တွေကနေ အဲ့ဒါကြီးနဲ့ ပစ်လိုက်ရင် တိုက်ကြီးတွေထဲမှာ မီးတွေက ရဲပြီးလောင်နေတယ်ဒုက္ခသည်စခန်းသို့ရောက်ရှိလာသူအသက်(၁၃)နှစ်သား အရဗီကျောင်းသားလေးတစ်
ဦးက ပြောပြတာ ဖြစ်ပါတယ်။
 
 `ဘယ်လိုပြောရမလဲ။ ရေပြွတ်လိုဟာမျိုးထင်တယ်။ အဲ့ဒီထဲမှာ လောင်စာဆီအရည် တစ်ခုခု ထည့်ထားတယ်။ အရှေ့မှာ မီးခြစ်နဲ့ ခြစ်လိုက်ပြီး ရေထွက်ခလုတ်ကို နှိပ်ထားလိုက်တာမျိုးလို့ ထင်တယ်။ အနီးကပ်တော့ မကြည့်မိလိုက်ဘူး။ အတိအကျတော့ မပြောတတ်ဘူး။ အဲ့ဒါကြီးတွေကို ဘုန်းကြီးတွေက အဓိက ကိုင်တာတော့ မြင်တယ်။´ မိတ္ထီလာမြို့ခံ ဗုဒ္ဓဘာသာဝင်တစ်ဦး ပြောပြတာ ဖြစ်ပါတယ်။

Rangonnewsdaily
RND:  :23.3.2013

0 comments:

Post a Comment