Pages

Saturday, March 23, 2013

ကရင်နီဒုက္ခသည်စခန်းမီးလောင်၍ သေဆုံးသူ၃၀ထဲမှ ကလေး ၁၀ ဦးပါဝင်

ကရင်နီဒုက္ခသည်စခန်းမီးလောင်၍ သေဆုံးသူ၃၀ထဲမှ ကလေး ၁၀ ဦးပါဝင်

DVB - ၂၃ရက် မတ်လ ၂၀၁၃ခုနှစ်

မတ်လ ၂၂ ရက် သောကြာနေ့ ညနေ ၃ နာရီကက ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့ နယ်အတွင်းရှိ ကရင်နီအမှတ်-၂ ဒုက္ခသည်စခန်း (မယ်ဆူရင်းစခန်း) မီးလောင်ကျွမ်းခဲ့လို့ ဒုက္ခသည် ၃၂ ဦးသေဆုံးခဲ့ရပြီး သေဆုံးသူထဲမှ ကလေးငယ် ၁၀ဦးပါတယ်လို့သိရပါတယ်။

ဒဏ်ရာရရှိသူ ၅ဦးထဲမှ သုံးဦးကို မယ်ဆောင်ဆောင်ဆေးရုံသို့ အရေးပေါ် ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။ မွန်းလွဲပိုင်း ၃နာရီခန့်က စတင်လောင်ကျွမ်းခဲ့တဲ့ မီးဟာ ရပ်ကွက် ၁နဲ့ ရပ်ကွက် ၄က အိမ်ခြေ ၄၂၀ကျော်ကို ပြာကျသွားစေခဲ့ပါတယ်။

ရပ်ကွက်၂ခုစလုံးထဲက အိမ်ခြေအားလုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့တဲ့အတွက် လက်ရှိ ရပ်ကွက်၁မှ လူဦးရေ ၁၁၂၃ဦးနဲ့ ရပ်ကွက်၎မှ လူဦးရေ ၁၂၀၇ဦးအတွက် NGOအဖွဲ့အစည်းများဖြစ်တဲ့ IRC, TBBC, IOMနဲ့ ဒေသခံထိုင်းအာဏာပိုင်တို့ကနေအရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ပေးနေပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကယ်ဆယ်ရေးညွန့်ပေါင်းအသင်း TBBCရဲ့ ၂၀၁၃ခုနှစ်ဖေါ်ဖေါ်ဝါရီ လူဦးရေးစရင်းပြုစုထားချက်အရ အမှတ် ၂ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ၃၄၅၈ဦးဖြစ်ပါတယ်။

၂၃ရက် မတ်လ ၂၀၁၃ခုနှစ်

မတ်လ ၂၂ ရက် သောကြာနေ့ ညနေ ၃ နာရီကက ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့ နယ်အတွင်းရှိ ကရင်နီအမှတ်-၂ ဒုက္ခသည်စခန်း (မယ်ဆူရင်းစခန်း) မီးလောင်ကျွမ်းခဲ့လို့ ဒုက္ခသည် ၃၂ ဦးသေဆုံးခဲ့ရပြီး သေဆုံးသူထဲမှ ကလေးငယ် ၁၀ဦးပါတယ်လို့သိရပါတယ်။ ဒဏ်ရာရရှိသူ ၅ဦးထဲမှ သုံးဦးကို မယ်ဆောင်ဆောင်ဆေးရုံသို့ အရေးပေါ် ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။ မွန်းလွဲပိုင်း ၃နာရီခန့်က စတင်လောင်ကျွမ်းခဲ့တဲ့ မီးဟာ ရပ်ကွက် ၁နဲ့ ရပ်ကွက် ၄က အိမ်ခြေ ၄၂၀ကျော်ကို ပြာကျသွားစေခဲ့ပါတယ်။

ရပ်ကွက်၂ခုစလုံးထဲက အိမ်ခြေအားလုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့တဲ့အတွက် လက်ရှိ ရပ်ကွက်၁မှ လူဦးရေ ၁၁၂၃ဦးနဲ့ ရပ်ကွက်၎မှ လူဦးရေ ၁၂၀၇ဦးအတွက် NGOအဖွဲ့အစည်းများဖြစ်တဲ့ IRC, TBBC, IOMနဲ့ ဒေသခံထိုင်းအာဏာပိုင်တို့ကနေအရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ပေးနေပါတယ်

ထိုင်း-မြန်မာနယ်စပ် ကယ်ဆယ်ရေးညွန့်ပေါင်းအသင်း TBBCရဲ့ ၂၀၁၃ခုနှစ်ဖေါ်ဖေါ်ဝါရီ လူဦးရေးစရင်းပြုစုထားချက်အရ အမှတ် ၂ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ၃၄၅၈ဦးဖြစ်ပါတယ်။
 
DVB TV News:,Rangonnewsdaily
RND:  :23.3.2013

 

0 comments:

Post a Comment