Pages

Saturday, March 23, 2013

နိုင်ငံတကာသတင်းဌာနများတွင် မိတ္ထီလာမြို့ အကြမ်းဖက်မှု သတင်းပြချက်

Reuters - ယခုဖြစ်စဉ်မှာ ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင် အစွန်းရောက်များ အဖွဲ့ဖွဲ့ စုစည်းကာ လူနည်းစု မွတ်စလင်များကို စုပေါင်းတိုက်ခိုက်ခဲ့သည့် ပုံစံနှင့်တူကြောင်း
...
CNN - လူ (၁၀၀)ခန့်ရှိသော ဘုန်းကြီးများပါဝင်သည့် ဗုဒ္ဓဘာသာအကြမ်းဖက် အုပ်စုမှာ မတ်လ(၂၁)ရက် ညပိုင်း၌ အစ္စလာမ်ဘာသာ ဝတ်ပြုကျောင်း ဗလီများကို မီးရှို့ခဲ့ကြသည်။ New York Times - The Associated Press သတင်းထောက် တစ်ဦးအား ဓားများကိုင်ဆောင်ထားသော ဘုန်းကြီးများမှ လည်ပင်းအား ဓားဖြင့်ထောက်ကာ မှတ်တမ်း ဓာတ်ပုံများ ပါဝင်သည့် ကင်မရာအား လူ့ယူတောင်းဆိုခဲ့သည်။

Global Post - အမျိုးသား ဒီမိုကရေစီအဖွဲ့ အမတ် ဦးဝင်းထိန်မှ အစိုးရအနေနဲ့ အခြေအနေကို ထိန်းသိမ်းနိုင်ကြောင်း ပြောဆိုနေသော်လည်း အမှန်တကယ်မှာ ထိုသို့မဟုတ်ကြောင်း၊ အလွန်ဆိုးဝါးဆဲဖြစ်ကြောင်း။

The Guardian - ဗုဒ္ဓဟူးနေ့ကတည်းက ရရှိသော သတင်းများအရ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဒေသခံအရပ်သား စုစုပေါင်း (၁၀၀)နီးပါး အသတ်ခံလိုက်ရပြီး ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
 
Rangonnewsdaily
RND:  :23.3.2013

0 comments:

Post a Comment