Pages

Saturday, March 23, 2013

ကမ္ဘာ့ဖလား အတွက် အသင့်ပြင်ထားကြောင်း ကာတာ နိုင်ငံ ပြောဆို

ကမ္ဘာ့ဖလား အတွက် အသင့်ပြင်ထားကြောင်း ကာတာ နိုင်ငံ ပြောဆို
Saturday,, March 23, 2013

၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပရေးအတွက် ကာတာနိုင်ငံမှ ပြိုင်ပွဲ ကျင်းပရေး
ကော်မတီဝင်များသည် ၎င်းတို့ အနေဖြင့် ယင်းပြိုင်ပွဲကို နွေရာသီ သို့မဟုတ်
ဆောင်းရာသီတွင် ကျင်းပနိုင်ရန် စီစဉ် ထား ကြောင်း ဆိုသည်။

ထို့အပြင် ၎င်းတို့ အနေဖြင့် ဇူလိုင်လ အတွင်း နိုင်ငံ၏ အပူချိန်မြင့်မားမှု
ဖြစ်ပေါ်နေစဉ် အားကစား ကွင်းများနှင့် ပရိသတ်များ ရှိရာ နေရာများ
ကို အေးမြနေစေမည့် နည်းပညာများလည်း ပြင်ဆင် ထားကြောင်း ဆို
သည်။

UEFA ဥက္ကဋ္ဌ ပလာတီနီမှာ ကမ္ဘာ့ဖလားကို နွေရာသီ အပူချိန်မြင့်မားမှု
ကြောင့် ဆောင်းရာသီသို့ ပြောင်းရွှေ့ ကျင်းပ သင့်ကြောင်း ဆိုခဲ့သည်။ ဖီဖာဥက္ကဋ္ဌ ဘလတ္တာကလည်း ကာတာနိုင်ငံ အနေဖြင့် ယင်း ပြဿနာ
ကို ဖြေရှင်းရန် အတွက် ဆောင်ရွက်သင့်ပြီဟု ဆိုထားခဲ့သလို ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်မှုကို ပြန်လည်၍ အသစ် တဖန် မဲခွဲ ရွေးချယ်ရဖွယ် ရှိနေကြောင်း ပြောကြားခဲ့သည်။ 

ကာတာနိုင်ငံရှိ ပြိုင်ပွဲ ကျင်းပရေး အဖွဲ့ဝင် များကမူ ၎င်းတို့ အနေဖြင့် ကမ္ဘာ့ဖလား အိမ်ရှင် အဖြစ် ကျင်းပခွင့်ကို လက်မလွှတ်လိုကြောင်းနှင့် ယခုနှစ်တွင် ကာ တာ နိုင်ငံတွင်း ကမ္ဘာ့ ဖလား အတွက် ပထမဆုံး ကွင်းသစ်ကို တည်ဆောက်ကာ နောက်ထပ် ကွင်း ၅ ကွင်းကို လည်း တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းကွင်းများတွင် ၎င်းတို့ နိုင်ငံအတွင်း အပူချိန် မြင့်မား မှုများကို ကာကွယ် ပေးနိုင်မည့် နည်းပညာများကိုလည်း ထည့်သွင်း အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
http://bit.ly/WVRS4h

Saturday,, March 23, 2013

၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပရေးအတွက် ကာတာနိုင်ငံမှ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များသည် ၎င်းတို့ အနေဖြင့် ယင်းပြိုင်ပွဲကို နွေရာသီ သို့မဟုတ် ဆောင်းရာသီတွင် ကျင်းပနိုင်ရန် စီစဉ် ထား ကြောင်း ဆိုသည်။ ထို့အပြင် ၎င်းတို့ အနေဖြင့် ဇူလိုင်လ အတွင်း နိုင်ငံ၏ အပူချိန်မြင့်မားမှု ဖြစ်ပေါ်နေစဉ် အားကစား ကွင်းများနှင့် ပရိသတ်များ ရှိရာ နေရာများ ကို အေးမြနေစေမည့် နည်းပညာများလည်း ပြင်ဆင် ထားကြောင်း ဆို သည်။

UEFA ဥက္ကဋ္ဌ ပလာတီနီမှာ ကမ္ဘာ့ဖလားကို နွေရာသီ အပူချိန်မြင့်မားမှု ကြောင့် ဆောင်းရာသီသို့ ပြောင်းရွှေ့ ကျင်းပ သင့်ကြောင်း ဆိုခဲ့သည်။ ဖီဖာဥက္ကဋ္ဌ ဘလတ္တာကလည်း ကာတာနိုင်ငံ အနေဖြင့် ယင်း ပြဿနာ ကို ဖြေရှင်းရန် အတွက် ဆောင်ရွက်သင့်ပြီဟု ဆိုထားခဲ့သလို ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်မှုကို ပြန်လည်၍ အသစ် တဖန် မဲခွဲ ရွေးချယ်ရဖွယ် ရှိနေကြောင်း ပြောကြားခဲ့သည်။

ကာတာနိုင်ငံရှိ ပြိုင်ပွဲ ကျင်းပရေး အဖွဲ့ဝင် များကမူ ၎င်းတို့ အနေဖြင့် ကမ္ဘာ့ဖလား အိမ်ရှင် အဖြစ် ကျင်းပခွင့်ကို လက်မလွှတ်လိုကြောင်းနှင့် ယခုနှစ်တွင် ကာ တာ နိုင်ငံတွင်း ကမ္ဘာ့ ဖလား အတွက် ပထမဆုံး ကွင်းသစ်ကို တည်ဆောက်ကာ နောက်ထပ် ကွင်း ၅ ကွင်းကို လည်း တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းကွင်းများတွင် ၎င်းတို့ နိုင်ငံအတွင်း အပူချိန် မြင့်မား မှုများကို ကာကွယ် ပေးနိုင်မည့် နည်းပညာများကိုလည်း ထည့်သွင်း အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ,Rangonnewsdaily
RND:  :23.3.2013

0 comments:

Post a Comment