Pages

Saturday, March 23, 2013

နေပြည်တော်အနီး အေလာမြို့နှင့် ၂-မိုင်ခန့် ကွာဝေးသည့် ရုံးပေရွာတွင် ဗလီနှင့် မွတ်စလင်မ်လူနေအိမ်များ မီးရှို့ဖျက်ဆီးခံရပြန်

မတ်လ ၂၃၊ ၂၀၁၃
အေလာမြို့ ။ ။ နေပြည်တော်အနီး၊ အေလာမြို့၊ ရုံးပေရွာတွင် ဗလီနှင့် မွတ်စလင်မ်လူနေအိမ်များအား ၂၃
-ရက် မနက်(၁)နာရီခန့်မှစ၍ မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။ နေပြည်တော်အနီး အေလာမြို့နှင့် ၂-မိုင်ခန့် ကွာဝေးသည့် ရုံးပေရွာတွင် ဗလီနှင့် လူနေအိမ်များအား ၂၃-ရက် မနက်(၁)နာရီမှစ၍ မီးရှို့နေ
သည့်အတွက် ရုံးပေရွာရှိ မွတ်စလင်မ်များ ထွက်ပြေးနေရကြောင်းသိရသည်။
"မနေ့ည (၁၀)နာရီလောက်ကစပြီး ရုတ်ရုတ်သဲသဲဖြစ်တယ်။ နေပြည်တော်က လာကြည့်ပြီးပြန်သွားတယ်။ အခုမနက် (၁)နာရီမှာ မီးစရှို့တာ။ ကာကွယ်ရေးက ဗိုလ်မှူးမြင့်အောင် လာကြည့်တယ်။ ဒီလောက် ဆူပူ
အော်ဟစ်နေကြတာကို ဘာမှ မလုပ်ပေးပဲ ပြန်သွားတယ်။ ရုံးပေမှာ ဗလီ(၁)လုံးပဲရှိတယ်။ မွတ်စလင်မ်အိမ်
ခြေ (၄၀)၀န်းကျင်နဲ့ မွတ်စလင်မ် (၁၅၀)ကျော်ပဲရှိတာ။ 

ကျွန်တော်တို့တွေ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၅၀)ကတည်းက နေလာခဲ့ကြတာ။ ဘာမှ မဖြစ်ခဲ့ကြဘူး။ အခုမှ ချက်ချင်းထဖြစ်တာ။ ကျွန်တော်တို့ မွတ်စလင်မ်တွေအားလုံးပြေးနေကြရတာ။ ရွာရဲ့ အနောက်ဘက် လယ်
ပြင်ထဲမှာ အခုပြေးနေတာပါ။ ကျွန်တော့်ဖုန်းလည်း အားမရှိတော့ဘူး။ 

တုံးတစ်တုံးပဲကျန်တော့တယ်။ တစ်ခြားလည်း ဖုန်းမရှိကြဘူး။ ကျွန်တော်လည်း တအားမောနေတယ်။ ဖုန်း
ရပ်လိုက်တော့မယ်"လို့ ပြေးလွှားနေရင်းကပဲ မောဟိုက်နွမ်းလျစွာ M-Media ကို ပြောရင်း ဖုန်းလိုင်း ပြတ်
တောက်သွားပါတယ်။

M-Media
ထွန်းတောက်
Rangonnewsdaily
RND:  :23.3.2013

0 comments:

Post a Comment