Pages

Saturday, March 23, 2013

Anroid ဖုန်းများအတွက် Gothere Myanmar ဗားရှင်းအသစ်လွှင့်တင်

ရန်ကုန် မတ် ၂၃

အန်းဒရွိုက်ဖုန်းများ၌ထည့်သွင်းအသုံးပြုနေသည့်GothereMyanmarအယ်ပလီကေးရှင်းအား ဗားရှင်းအသစ်ဖြင့် ထပ်မံဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ဗားရှင်းအသစ်အား ယနေ့ ညနေမှ စတင်၍ ၄င်းတို့၏ www.go-there-myanmar.com တွင် စတင်ဆွဲယူနိုင်ပြီဖြစ်ပြီး ဗားရှင်းအသစ်တွင် အခကြေးငွေဖြင့် အသုံးပြုရမည့် စနစ်များပါဝင်လာမည် ဖြစ်ကြောင်းသိရသည်။ ၄င်းPro(Paid)ဗာရှင်းအသုံးပြုရန်တစ်နှစ်စာငွကျပ် နှစ်ထောင် ပေး သွင်းထားရမည်ဖြစ်ပြီး ငွေဖြည့်သွင်းရန် အတွက် “Gothere Gift Card” ပုံစံဖြင့် မိုဘိုင်းဖုန်းများ၌ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“အဲ့ဒီမှာ ခဲကွက်လေးပါတယ်။အဲ့ဒါကို ခြစ်ပြီး PIN နံပါတ်ရယူရမယ်။ ပြီးရင် Gothere ရဲ့ ရှေ့ဆုံးစာမျက်နှာမှာ ရှိတဲ့ ငွေဖြည့်ရန် နေရာမှာ ဖြည့် ရုံပါ။ ဒါတွေ မလုပ်ခင် အင်တာနက်ဖွင့်ထားဖို့တော့ လိုပါလိမ့်မယ်” ဟု Giga Gate ကုမ္ပဏီမှ ဦးမိုးသန့်ဦး က ပြောသည်။

ဗားရှင်းအသစ်၌ သတင်းကဏ္ဍ အတွက် ပုံနှင့်စာသားများ တွဲဖက်ဖော်ပြခြင်း ၊ သတင်းခေါင်းစဉ်ခွဲခြား ထားပေးခြင်း ၊ ဖုန်းပျောက်ရှာဖွေရေး စနစ်အတွက် စနစ်အသစ် ( ၃ )ခု အသစ်ထပ်မံ ထည့်သွင်းထားခြင်း ၊ ဗေဒင် ကဏ္ဍ အစရှိသည်တို့ ပါဝင်မည်ဖြစ်ပြီး အခမဲ့ဖြင့် အသုံးပြုမည်ဆိုပါက စနစ်အစုံအတွက် အသုံးပြုနိုင်မည် မဟုတ်ကြောင်းသိရသည်။

သုတလင်း(ပေါ်ပြုလာမြန်မာ)
Rangonnewsdaily
RND:  :23.3.2013
 

0 comments:

Post a Comment