Pages

Saturday, March 23, 2013

မိတ္ထီလာ အဓိကရုဏ်းကိုထိန်းသိမ်းဖို့ တပ်ရင်း ၁၀ ရင်းထပ်မံရောက်ရှိ

သမ္မတရဲ့ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မိတ္ထီလာမြို့နယ်နဲ့မလှိုင်၊ဝမ်းတွင်းနဲ့သာစည်မြို့ရဲ့ အခြေအနေကို ထိန်းသိမ်းဖို့အတွက် ရန်ကုန်အခြေစိုက် အမှတ်(၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၀ ရင်းဟာ မနေ့ညက မိတ္ထီလာမြို့ကို ရောက်ရှိလာပါတယ်။ ဒီတပ်ရင်းတွေဟာ ကြိုတင်ရောက်ရှိနေတဲ့ တပ်မ ၇၇ ရဲ့တပ်ရင်းသုံးရင်းနဲ့ ပူးပေါင်းပြီး အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်လေးမြို့နယ်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့နယ်မြေတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော်အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။ "မိတ္တီလာမှာ တပ်မ ၇၇ကသုံးရင်းနဲ့စကခက ၆ ရင်း တပ်စွဲထားမယ်"လို့ အဲဒီအရာရှိက ဆက်လက် ဆိုပါတယ်။ယမန်နေ့ညက စပြီး မိတ္ထီလာမြို့အတွင်းမှာ စစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး အခြေအနေတည်ငြိမ်အောင် ဆောင်ရွက်နေတာတွေရှိပေမယ့် ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းတာတွေ မရှိသေးဘူးလို့ သိရပါတယ်။

အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့မှာ အခြေခံစားသောက်ကုန်ကြီးမြင့်နေတယ်လို့ မိတ္ထီလာမြို့ခံ ဦးသိန်းဝင်းက RFA ကို အခုလို ပြောပါတယ်။

"ကြက်ဥတစ်လုံးကို ၃၀၀ လောက်ဖြစ်နေတယ်။ကြက်သား၊ဝက်သားတစ်ပိဿာကို ၇ ထောင်လောက် ဖြစ်နေတယ်၊ပိုက်ဆံရှိတာတောင် ဝယ်ချင်သလို ဝယ်လို့မရဘူး"ကိုပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်း မိတ္ထီလာမြို့မှာ ကုန်ဈေးနှုန်းတွေကျဆင်းဖို့အတွက် မန္တလေးမြို့ကနေ ကြက်ဥနဲ့အသားတွေကို တီအီးကားလေးစီးစာ ပေးပို့ထားတယ်လို့ သိရပါတယ်။

RFA Facebook Page,Rangonnewsdaily
RND:  :23.3.2013

0 comments:

Post a Comment