Pages

Saturday, February 15, 2014

ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလ်ဂိတ်ရဲ့ အိမ်ကြီး အကြောင်း

Photo: ဘီလ်ဂိတ် အိမ်ကြီး အကြောင်း

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

ကမ္ဘာ့အချမ်းသာဆုံး ဂုဏ်ပုဒ်ကို နှစ်အတော်ကြာ ရယူပြီး ယနေ့တိုင်လည်း ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းထဲမှာ ပါဝင်နေသေးတဲ့ ဘီလ်ဂိတ်တစ်ယောက် ဘယ်လိုအိမ်နဲ့ ဘယ်လို နေတယ်ဆိုတာ လူတိုင်း စိတ်ဝင်စားကြမှာပါ။ ပုံမှာ မြင်တွေ့နေရ တာကတော့ ဘီလ်ဂိတ်ပိုင်ဆိုင်တဲ့ အိမ်ကြီး ရခိုင်ပဲ ဖြစ်ပါတယ်။

အိမ်ကြီး ရခိုင်ဆိုလို့ အိမ်ထဲမှာ ရခိုင်ကြီး နေတယ်လို့ ဘာသာပြန်မမှားစေလိုပါဘူး။ Mansion လို့ခေါ်တဲ့ ယင်း အိမ်အမျိုးအားဟာ လူပေါင်းမြောက်များစွာ နေနိုင်ပြီး နန်းတော်တစ်ခုနီးပါး သားနာတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၉ ခုနှစ်မှာ အိမ်အတွက် ဆောင်ရတဲ့ အခွန်က ၁.၀၆၃ တောင် ရှိသွားပါတယ်။ ယင်း အခွန်ကြောင့်မို့ ဘီလ်ဂိတ်ရဲ့  နေအိမ် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၄၇.၅ သန်း အထက်မှာ ရှိကြောင်း ဖော်ပြခြင်း တစ်မျိုး ဖြစ်ပါတယ်။ အိမ်ဆောက်ဖို့အတွက် ၇ နှစ်ကြာမြင့်ခဲ့ပြီး စုစုပေါင်း ကုန်ကျစရိတ် က ၆၃ သန်း ရှိပါတယ်။ နောက်ပိုင်း ထပ်မံ ဖြည့်ဆည်းမှုများကြောင့် ကုန်ကျစရိတ် များရခြင်းဖြစ်ပါတယ်။

Nickname အနေနဲ့ Xanadu လို့ အိမ်ကို အမည်ပေးထား ပါတယ်။ အိုင်တီသမား တစ်ယောက်ရဲ့  နေအိမ်ဆိုတော့ အိုင်တီ ပစ္စည်းတွေနဲ့ တည်ဆောက်ထားမယ်လို့ ခန့်မှန်းလိုက်ရင် မမှားပါဘူး။ အားကစားကွင်း ရှိပြီး ရေကူးကန်တောင် မှ အောက် ကနေ သီချင်းသံ ကြားရအောင် System တပ်ဆင်ထား ပါတယ်။ အိမ်ရဲ့  တည်နေရာ ပြောဖို့ မေ့နေ ပါတယ်။ သူက ဝါရှင်တန်ပြည်နယ် Medina မြို့ က ဝါရှင်တန် ရေကန်ဘေးမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရေကန်အသင့် ကြာအသင့်ဆိုတာ ဘီလ်ဂိတ်အိမ်ကို ပြောတာ ဖြစ်ပါလိမ့် မယ်။ စုစုပေါင်း ဧရိယာ အကျယ်အဝန်း ၆သောင်း၆ထောင် စတုရန်းအကျယ်အဝန်း ရှိတဲ့ အိမ်အပြင် ခြံအကျယ်ကလည်း မသေးပါဘူး။ ရေကူးကန် အပြင် အလှမွေးငါးကန်ကြီးမှာထားရှိပြီး သူ့ဘေးမှာ ဧည့်ခန်းကျယ်ပါ လုပ်ထားတော့ ငါးပြတိုက် ရောက်နေသလို ပုံစံ ရှိပါတယ်။

အိမ်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေး စနစ်များက သတ္တဝါ အကောင်သေးသေးလေး ကနေ အဝေး ကနေ သေနတ် ကျည်ဆံလာရင်အောင် အာရုံခံနိုင်တဲ့ ယန္တယားများ ရှိကြောင်း ဆို ပါတယ်။ အိမ်အထဲကို ဝင်လိုက်တာနဲ့ နင်းလိုက်တဲ့ ခြေခံပေါ်မူတည်ပြီး လာလည်သူကို သီချင်းနဲ့ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။ ဥပမာ အေးဆေး ခြေလှမ်း လျှောက်လာသူဆိုရင် Classic song ဖွင့်ပြီး ခြေလှမ်းမြန်ပြီး ဖိအားများရင် rock music ကြားရမှာ ဖြစ်ပါတယ်။ အလင်းအမှောင် စနစ်များကအစ သေချာ လုပ်ထားပါတယ်။

ဒီထက် ဆန်းကြယ်တဲ့ အချက်အလက်တွေ ရှိနေပေမယ့် Bill Gate က မထုတ်ဖော်မပြောပြ ပါတယ်။ အကြောင်း ကတော့ သူ့ရဲ့  Privacy ကို လျှို့ ဝှက်ထားချင်လို့ ဖြစ်ပါတယ်။ သို့ပေမယ့် အပေါ်ယံ သမန်ကာ သျှံကာ ယခု ဖော်ပြတဲ့ အချက်အလက်ကတော့ လူတိုင်း သိပါတယ်။ ဘီလ်ဂိတ်ရဲ့  အိမ်ကြီး ရခိုင် ( Mansion ) ဟာ ကမ္ဘာ့ဈေးအကြီးဆုံး Mansion စာရင်းထဲမှာ ပါဝင်ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (smart.com.mm)

RangonNewsDaily: February . 15 .2014
ကမ္ဘာ့အချမ်းသာဆုံး ဂုဏ်ပုဒ်ကို နှစ်အတော်ကြာ ရယူပြီး ယနေ့တိုင်လည်း ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းထဲမှာ ပါဝင်နေသေးတဲ့ ဘီလ်ဂိတ်တစ်ယောက် ဘယ်လိုအိမ်နဲ့ ဘယ်လို နေတယ်ဆိုတာ လူတိုင်း စိတ်ဝင်စားကြမှာပါ။ ပုံမှာ မြင်တွေ့နေရ တာကတော့ ဘီလ်ဂိတ်ပိုင်ဆိုင်တဲ့ အိမ်ကြီး ရခိုင်ပဲ ဖြစ်ပါတယ်။

စင်ကာပူလေကြောင်းပြပွဲ အရောင်းအ၀ယ် ဒေါ်လာ ၃၂ ဘီလီယံကျော် တန်ဖိုးရှိ

Photo: စင်ကာပူလေကြောင်းပြပွဲ အရောင်းအ၀ယ် ဒေါ်လာ ၃၂ ဘီလီယံကျော် တန်ဖိုးရှိ

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

ခရီးတို ပျံသန်းပြေးဆွဲမည့် လေယာဉ်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်
ရေးအတွက် စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော စင်ကာပူလေကြောင်း ပြပွဲ၌ အာရှလေကြောင်းလိုင်းများက လေယာဉ်များအပြိုင်အဆိုင်မှာ ယူခဲ့ကြရာ ယင်းလေကြောင်းပြပွဲအတွင်း ရယူနိုင်ခဲ့သည့်သဘာတူညီချက်များ၏
စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံကျော်ဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၄ ရက် သတင်းများ၌ ဖော်ပြသည်။

ဥရောပအခြေစိုက် အဲဘတ်စ်လေယာဉ်ကုမ္ပဏီထုတ် အေ-၃၂၀ လေ
ယာဉ်များနှင့် အေ ၃၈၀ ဂျမ်ဘိုဂျက်လေယာဉ်များမှာ အာရှလေကြောင်း
လိုင်းများ အကြိုက် လေယာဉ်များဖြစ်ခဲ့ပြီးအမှာစာတန်ဖိုး အမေရိကန်
ဒေါ်လာ ၁၅ ဘီလီယံနီးပါး ရရှိခဲ့ကြောင်းလေ ကြောင်းပြပွဲစီစဉ်သူများက
ပြောကြားသည်။

စင်ကာပူလေကြောင်းပြပွဲ (၂၀၁၄)၌ လေယာဉ်အမှာစာ တန်ဖိုး စံချိန်တင်
မြင့်မားခဲ့ရခြင်းသည် ထွန်းသစ်စ အာရှလေကြောင်းလိုင်းများလည်း
ဈေးကွက်အတွင်း ပါဝင်လာမှုကြောင့် ဖြစ်ကြောင်းပွဲစီစဉ်သူများက သုံးသပ်ထားသည်။

စင်ကာပူလေကြောင်းပြပွဲ၌ဗီယက်နမ်နိုင်ငံ ဗီယက်ဂျက်လေကြောင်း
လိုင်းက အမေရိကန်ဒေါ်လာ ၆ ဒသမ၄ ဘီလီယံတန်ဖိုးရှိ အေ ၃၂၀ ဂျက်လေယာဉ် ၆၃ စင်းကို အဲဘတ်စ်ကုမ္ပဏီမှဝယ်ယူရန် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ထိုင်းအခြေစိုက် နော့ခ်အဲလေကြောင်းလိုင်းကလည်း အမေရိကန်အခြေစိုက် ဘိုးအင်းကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၁ ဒသမ
၄၅ ဘီလီယံတန်ဖိုးရှိ ဘီ ၇၃၇ လေယာဉ် ၁၅ စင်း ၀ယ်ယူရန် သဘောတူညီခဲ့သည်။

အလားတူ မြန်မာနိုင်ငံမှ မြန်မာလေကြောင်းလိုင်းကလည်း စင်ကာပူ
လေကြောင်းပြပွဲ၌ ဘိုးအင်း ၇၃၇ လေယာဉ် ၁၀ စင်း ငှားရမ်းပြေးဆွဲရန် ဘိုးအင်းကုမ္ပဏီနှင့် သဘောတူညီမူ ရယူခဲ့ရာအာရှဒေသမှာ ကမ္ဘာ့လေကြောင်း ပျံသန်းမှု ဈေးကွက်သစ် ဖြစ်လာသည့်သဘောကို
ရည်ညွှန်းကြောင်း သတင်းများတွင်ဖော်ပြထားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

RangonNewsDaily: February . 15 .2014
ခရီးတို ပျံသန်းပြေးဆွဲမည့် လေယာဉ်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်
ရေးအတွက် စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော စင်ကာပူလေကြောင်း ပြပွဲ၌ အာရှလေကြောင်းလိုင်းများက လေယာဉ်များအပြိုင်အဆိုင်မှာ ယူခဲ့ကြရာ ယင်းလေကြောင်းပြပွဲအတွင်း ရယူနိုင်ခဲ့သည့်သဘာတူညီချက်များ၏
စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံကျော်ဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၄ ရက် သတင်းများ၌ ဖော်ပြသည်။

သန်ခေါင်စာရင်းပါ ပိုင်ဆိုင်မှုအပေါ် အခွန်ကောက်ခံခြင်း၊ အရေးယူခြင်းလုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ်ဟု ပြည်ထောင်စုဝန်ကြီှးကတိပေး

Photo: သန်ခေါင်စာရင်းပါ ပိုင်ဆိုင်မှုအပေါ်
အခွန်ကောက်ခံခြင်း၊ အရေးယူခြင်းလုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ်ဟု ပြည်ထောင်စုဝန်ကြီှးကတိပေး

ဦးမင်း
ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄
လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ခံရာတွင် ဖြည့်စွက်ရေးသွင်းမည့် ပိုင်ဆိုင်မှုများ နှင့်ပတ်သက်၍ အခွန်ကောက်ခံခြင်း၊ အရေးယူခြင်းတို့ကို လုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ် ဟုပြည်ထောင်စု ၀န်ကြီးဦးခင်ရီက ပြောသည်။

မကွေးမြို့ မြို့တော်ခန်းမတွင် ယနေ့ (ဖေဖော်ဝါရီလ ၁၅) က တိုင်းဒေသကြီး အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ခံရေးအသိပညာပေးဆွေးနွေးပွဲပြုလုပ်ချိန်တွင် ၎င်းက ပြောကြားခဲ့ဖြင်းဖြစ်သည်။

လာမည့် မတ်လ(၃၀)ရက်မှ ဧပြီလ(၁၀)ရက်နေ့ထိ (၁၂)ရက်ကြာမြန်မာတစ်နိုင်ငံလုံးလူဦး ရေနှင့်အိမ်အ ကြောင်း အရာသန်းခေါင်စာရင်းကောက်ခံသွားမည်ဖြစ်သည်။

သန်းခေါင်စာရင်းကောက် ခံခြင်း သည်နိုင်ငံတော်၏လူမှုရေး၊စီးပွားရေး၊စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒ များချ မှတ်ခြင်း၊စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံ ထားရမည့်လူဦးရေဆိုင်ရာ ကိန်းဂဏန်းအ ချက် အလက်များကိုရရှိရန် လိုအပ်သည် ဟု၎င်း က ပြောသည်။

“မိမိကို မုန်းခဲ့ရင်တောင် သန်းခေါင်စာရင်းအကောက်ခံလိုက်ပါ” ဟုပြည်ထောင်စုဝန်ကြီးက ပြောသည်။

သန်းခေါင်စာရင်းကောက်ခံမှုတွင် တွေ့သူကိုတွေ့သည့်အရပ်မှာကောက်ခံသည့်စနစ်ကို သုံး မညဖြစ်ပြီး ထိုစနစ်တွင် အိမ်ထောင်စုအလိုက်ကောက်ခံခြင်း၊ အဖွဲ့အစည်းကိုကောက်ခံခြင်း(ဥပမာ-စစ်တပ်၊မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဟိုတယ်၊ မိုတယ်၊ လူငယ်ဂေဟာ)၊ သစ်တောတွင်း နေ ထိုင်သူများကို ကောက်ခြင်း၊ အိုးအိမ်အတည်တကျမရှိသူများ၊ လှည့်လည်သွား လာနေထိုင်ကြ သူများအပါအ၀င် အဆင့်လေး ဆင့်သတ်မှတ်ကောက်ခံမည်ဟု ဦးခင်ရီက ထည့်သွင်း ပြောကြားသည်။

သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများဖွဲ့စည်းထားရှိပြီး၊ပညာရေးဝန်ထမ်း
တစ်သိန်းနှစ်သောင်းကိုအသုံးပြုမည်ဖြစ်သည်။တိကျမှန်ကန်စွာမြန်မာနိုင်ငံအတွင်းနေထိုင်သူအားလုံးကောက်ခံနိုင်ရေးအတွက် ကောက် ကွက် များကို ကောင်းကင်ဓာတ်ပုံများအသုံးပြုလျှက် ခေတ်မှီနည်းစနစ်များဖြင့် ရေးဆွဲ ထား သည်။မြစ် ချောင်းအင်းအိုင်များကိုဖယ်ရှားလျှက်၊မြို့နယ်များအလိုက် အိမ်ထောင်စု(၁၅၀) လျှင်ကောက် ကွက် တစ်ခု အဖြစ် သတ်မှတ်ဆောင်ရွက်မည်။ သန်းခေါင်စာရင်းကောက်ယူရေးသို့ပူးပေါင်း ပါဝင်လိုသော လူမှုအဖွဲ့အ စည်းများကိုလည်းကြိုဆိုသည်ဟုပြောသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင်စာရင်းထည့်မကောက်ရမည့်သူများမှအပ ရည်ညွှန်းချက် ပါ ၂၀၁၄ခုနှစ် မတ်လ(၂၉)ရက်သန်းခေါင်ယံအချိန်တွင်မြန်မာနိုင်ငံနယ်နမိတ်အတွင်းရှိနေသူအားလုံး ကို ကောက်ယူမည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ယနေ့အဓိကတာဝန်မှာလူဦးရေနှင့်အိမ်အကြောင်း အ ရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက်ပြည်သူအများအား အသိပညာဖြန့်ဝေပေးခြင်းကဏ္ဍ ကိုထမ်း
ဆောင်ခြင်းဖြစ်ပြီး အချက်အလက်များမမှန်ကန်ပါက ပြည်သူသာနစ်နာမည်ဖြစ်၍ စာရင်းကောက်မှ မေး မြန်းသော မေးခွန်းများကိုမှန်ကန်ပြည့်စုံစွာဖြေဆိုရန်၊ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဥပဒေများပါရှိသော်လည်း ပြည်သူကိုအကာကွယ်ပေးခြင်းသာဖြစ်၍ စာရင်းကောက်သူကိုအိမ်အတွင်း ၀င်ခွင့်ပြုရန်၊ ၀င်ခွင့် မပေး နိုင်ပါ က အပြင် သို့ ထွက်၍ဖြေကြားပေးရန်၊စာရင်းကောက်ခံပြီးသောအိမ်များတွင် ပြီးစီးကြောင်းစာရွက်အားကပ်ခွင့်
ပြု ရန် လည်း ပြောကြားခဲ့သည်။

Credit To :Popular Myanmar News Journal

RangonNewsDaily: February . 15 .2014
လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ခံရာတွင် ဖြည့်စွက်ရေးသွင်းမည့်ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍
အခွန်ကောက်ခံခြင်း၊ အရေးယူခြင်းတို့ကို လုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ် ဟုပြည်ထောင်စု ၀န်ကြီးဦးခင်ရီက ပြောသည်။

ဒဂုံဆိပ်ကမ်း မြန်မာကလိုဂို အထည်ချုပ် စက်ရုံကြိုပို့ ဘီအမ်ယာဉ် မြောင်းထဲကျ သုံးဦးသေ၊ ၁၈ ဦး ဒဏ်ရာရ

RangonNewsDaily: February . 15 .2014
ဒဂုံဆိပ်ကမ်းမြို့နယ် (၆၁) ရပ်ကွက်၊ ရတနာလမ်းနှင့် ရွှေလီ လမ်းဆုံတွင် ဖေဖော်ဝါရီလ ၁၃ ရက် ည ၈ နာရီခွဲခန့်က အထည်ချုပ် စက်ရုံကြိုပို ဘီအမ်ယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မိရာမှ မြောင်းထဲထိုးကျကာ အမျိုးသမီးတစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး အထည်ချုပ် စက်ရုံဝန်ထမ်း အမျိုးသမီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ 

အိန္ဒိယ ပါလီမန်အတွင်း အငြင်းပွားရာမှ အမတ်များ ရုန်းရင်းဆန်ခတ် တိုက်ခိုက်

Photo: အိန္ဒိယ ပါလီမန်အတွင်း အငြင်းပွားရာမှ အမတ်များ ရုန်းရင်းဆန်ခတ် တိုက်ခိုက်

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

အိန္ဒိယနိုင်ငံ၏ ပါလီမန် အတွင်းဝယ် ပြည်နယ်အသစ်တစ်ခု သတ်မှတ်ရန် ကိစ္စကို ဥပဒေကြမ်းတစ်ခု ဆွေးနွေးကြရာမှ စကားများကြပြီး အမတ်များ ထိုးကြ ကြိတ်ကြခြင်း၊ မိုက်ကရို ဖုန်းများဖြင့် ကောက်ပေါက်ကြခြင်းတို့ ဖြစ်ခဲ့ကာ ငရုတ်ကောင်း ဖျန်းဆေးများဖြင့် ပင်ဖျန်းခဲ့ကြကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အန်ဒရာပရာဒက်ရှ် ပြည်နယ်အတွင်းတွင် ရှိသော နေရာတစ်ခုကို အာဏာရ ကွန်ဂရက်ပါတီ အစိုးရက တလန်ဂါနာဟု အမည်ရသော ပြည်နယ်တစ်ခု သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ရာမှ လက်မခံသူများနှင့် လက်ခံသူများ ရန်ဖြစ်ကြခြင်း ဖြစ်ကာ အလံများ ဝှေ့ယမ်းခြင်း၊ ကြွေးကြော်သံများ အော်ဟစ်ခြင်း စသဖြင့် ကသောင်းကနင်း ဖြစ်ခဲ့ရသည်။

လွှတ်တော်အမတ် အတော်များများလည်း အသက်ရှူ ကျပ်ခြင်းကဲ့သို့ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြပြီး ဆေးရုံသို့ ခေါ်သွားခဲ့ကြရသည်ဟု Press Trust of India သတင်းဌာနက ဖော်ပြထားသည်။

လွှတ်တော်ရေးရာ ဝန်ကြီး မစ္စတာ ကာမယ်နာသ်က အိန္ဒိယ၏ ပါလီမန် ဒီမိုကရေစီအတွက် အမည်းစက် ဖြစ်ခဲ့ကြောင်း ပြစ်တင် ပြောဆိုခဲ့ကာ စတင် တိုက်ခိုက်သော ပါလီမန် အမတ်များကို အရေးယူရန်လည်း ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ ပါလီမန် ဒီမိုကရေစီအတွက် ရှက်စရာ အကောင်းဆုံးနေ့ပါပဲ” ဟု နာသ်က ပါလီမန်ရှေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ပါလီမန် အမတ်အချို့သည် စာရွက် စာတမ်းများကို ဆုတ်ဖြဲခြင်း၊ တံခါးမှန်များကို ရိုက်ချိုးခြင်းများ ပြုလုပ်ခဲ့ပြီး အမတ် ၁၇ ဦးကို ပါလီမန် ဥက္ကဋ္ဌက ရာထူးမှ ဆိုင်းငံ့ခဲ့သည်။

အန်ဒရာပရာဒက်ရှ် ပြည်နယ်အတွင်းမှ နေရာတစ်ခုကို ပြည်နယ် သတ်မှတ်ပေးပါရန် ကာလကြာရှည် အကြမ်းပတမ်းမှုများပင် ဖြစ်ခဲ့သည့် တောင်းဆိုမှုကို ပြီးခဲ့သည့် သီတင်းပတ်က အစိုးရက လက်ခံခဲ့ပြီး ပါလီမန်သို့ အတည်ပြုချက်ရရန် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

မျိုးနွယ်စု အုပ်စုများက တလန်ဂါနာ ဒေသကို ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုကြပြီး အန်ဒရာပရာဒက်ရှ် ပြည်နယ်အစိုးရက ၎င်းတို့ဒေသကို လျစ်လျူ ရှုထားသည်ဟု ဆိုထားကြသည်။

Google၊ Microsoft စသော နည်းပညာ ကုမ္ပဏီကြီးများ လာရောက် အခြေချ ရင်းနှီးမြှုပ်နှံထားသည့် အန်ဒရာပရာဒက်ရှ် ပြည်နယ်၏ ချမ်းသာသော အပိုင်းများက ပြည်နယ်တစ်ခု ထပ်ခွဲပေးရန် ကိစ္စကို အပြင်းအထန် ကန့်ကွက်လျက် ရှိကြပြီး စီးပွားရေးအရ ကသောင်းကနင်း ဖြစ်သွားလိမ့်မည်ဟု ပြောဆိုကြသည်။

ပါလီမန်အတွင်း ကျောင်းသားများ ရန်ဖြစ်သကဲ့သို့ အမတ်များသတ်ပုတ်ကြသည့် ဖြစ်စဉ်သည် ထိုင်ဝမ် လွှတ်တော်၊ ယူကရိန်း လွှတ်တော်၊ ကိုရီးယား လွှတ်တော် စသည်တို့တွင်လည်း ယခင်က ဖြစ်ဖူးခဲ့သည်။

The Voice Weekly

RangonNewsDaily: February . 15 .2014
အိန္ဒိယနိုင်ငံ၏ ပါလီမန် အတွင်းဝယ် ပြည်နယ်အသစ်တစ်ခု သတ်မှတ်ရန် ကိစ္စကို ဥပဒေကြမ်းတစ်ခု ဆွေးနွေးကြရာမှ စကားများကြပြီး အမတ်များ ထိုးကြ ကြိတ်ကြခြင်း၊ မိုက်ကရို ဖုန်းများဖြင့် ကောက်ပေါက်ကြခြင်းတို့ ဖြစ်ခဲ့ကာ ငရုတ်ကောင်း ဖျန်းဆေးများဖြင့် ပင်ဖျန်းခဲ့ကြကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် မန္တလေးရောက်ရှိ

Photo: ဒေါ်အောင်ဆန်းစုကြည် မန္တလေးရောက်ရှိ

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

ဒုတိယအကြိမ် ဧရာဝတီစာပေပွဲတော်ကို တက်ရောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးမြို့ကို ဒီကနေ့ ဖေဖော်ဝါရီ ၁၅ရက် မနက်ပိုင်းက ရောက်ရှိလာပါတယ်။ အခု ဧရာဝတီ စာပေပွဲတော်ကို မူလခွင့်ပြုထားတဲ့ နေရာမှာ အနီးကပ်မှ ကျင်းပခွင့်မရပဲ Mandalay Hill Resort မှာ ကျင်းပပြုလုပ်နေတာပါ။ ဟိုတယ်ရှေ့မှာ ဒေသခံတွေ အများအပြား ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုခဲ့ကြပါတယ်။

ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ ဧရာဝတီစာပေပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့ ရှိနေပါတယ်။ ဧရာဝတီ စာပေပွဲတော်ကို မနှစ်က ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ပထမဆုံးအကြိမ် စတင်ပြုလုပ်တုန်းက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးပြီး အမှာစကား ပြောခဲ့ပါတယ်။

DVB

RangonNewsDaily: February . 15 .2014
ဒုတိယအကြိမ် ဧရာဝတီစာပေပွဲတော်ကို တက်ရောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးမြို့ကို ဒီကနေ့ ဖေဖော်ဝါရီ ၁၅ရက် မနက်ပိုင်းက ရောက်ရှိလာပါတယ်။

ကျပ်သိန်းတစ်သောင်းခွဲကျော် ဆုံးရှုံးသည့် တောင်ငူဈေးမီးလောင် မှု ဈေးကော်မ တီဝင် နှစ်ဦးနှင့် မီးပြင်သူကို အမှုဖွင့်

Photo: ကျပ်သိန်းတစ်သောင်းခွဲကျော် ဆုံးရှုံးသည့် တောင်ငူဈေးမီးလောင် မှု ဈေးကော်မ တီဝင် နှစ်ဦးနှင့် မီးပြင်သူကို အမှုဖွင့်

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျပ်သိန်းပေါင်း တစ်သောင်းငါးထောင်ကျော် ဆုံးရှုံးခဲ့ရသော မြို့မဈေးကြီး မီးလောင်မှုနှင့် ပတ်သက်၍ ဈေး လျှပ်စစ်ကော်မတီဝင် တစ်ဦး၊ ဈေးလုံခြုံရေးကော်မတီဝင် တစ်ဦးနှင့် မီးပြင်သူတစ်ဦး တို့ကို အမှုဖွင့် အရေးယူခဲ့ကြောင်း တောင်ငူမြို့အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ မြို့မဈေးကြီး လျှပ်စစ်ကော်မတီဝင် ဦးတင်အေးနှင့် ဈေးလုံခြုံရေး ကော်မတီအဖွဲ့ ခေါင်းဆောင် ဦးတင်ထွန်းအောင် တို့၏ တာဝန်ပေးချက်အရ မီးပြင်သူ ဦးထွန်းထွန်းက ဈေးလုံခြုံရေးမီးများ တပ်ဆင်ပြုပြင်ရာမှ ဝါယာရှော့ဖြစ်ကာ ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်တွင် လုံးဝမီးငြှိမ်းသတ်နိုင် ခဲ့ကြောင်း တောင်ငူခရိုင် မီးသတ်ဦးစီးဌာန မီးလောင်မှု စစ်ဆေးချက် မှတ်တမ်းများအရ သိရသည်။

တောင်ငူမြို့အမှတ် (၁၆) ရပ်ကွက်ရှိ မြို့မဈေး မီးလောင်မှုကြောင့် ဈေးရုံပေါင်း ၃၈ ရုံအနက် မင်္ဂလာရုံ ၁၊ မင်္ဂလာရုံ ၂ ၊ မင်္ဂလာကြားရုံ၊ A ရုံ၊ B ရုံ၊ A ကပ်၊ B ကပ်၊ ရုံအမှတ် ၁၊ ၂၊ ၃၊ ၅ အပါအဝင် ဈေးရုံပေါင်း ၁၈ ရုံနီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၁၁၉၉ ဆိုင် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ စုစုပေါင်းငွေကျပ် ၁၅၉၈၀ သိန်းခန့်ရှိပြီး လူတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ သေဆုံးမှု မရှိကြောင်း တောင်ငူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ စုံစမ်းသိရှိရသည်။

"ကျွန်တော့်ဆေးဂိုဒေါင် တစ်ခုလုံး ပါသွားတယ်။ ဘာမှပြန်မရဘူး။ ဆုံရှုံးမှုတန်ဖိုး ကိုတော့ ပြောတောင် မပြောချင် တော့ပါဘူးဗျာ" ဟု မီးလောင်ဆုံးရှုံးခဲ့သူ ဆေးဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။

မီးလောင်ခဲ့သော ဆိုင်ခန်းများအတွက် ယာယီဈေး မြေနေရာကို တောင်ငူမြို့ အမှတ် (၂) ရပ်ကွက် ဗိုလ်မှူးဖိုးကွန်းလမ်း အ-ထ-က (၂) ကျောင်းပိုင် ဘောလုံးကွင်း မြေနေရာတွင် ယာယီချထားပေးရန် စီစဉ်ဆောင်ရွက်ထားကြောင်း မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားပြီး ၄ နာရီခန့်အကြာတွင် တောင်ငူမြို့ အမှတ် (၂) ရဲစခန်းတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက ပြောကြားသည်။

မြို့မဈေးကြီး မီးလောင်မှု မဖြစ်ပွားခင် ယမန်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ညဥ့် သန်းခေါင်ယံ အချိန်ကလည်း အဆိုပါရပ်ကွက် ကုန်သည်ကြီးလမ်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် ဈေးဆိုင်ခန်းလေးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ တန်ဖိုးငွေ ကျပ်သိန်း ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့ကြောင်း တောင်ငူ မြို့ခံများနှင့် ခရိုင် မီးသတ်ဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။

ဈေးမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ငူမြို့ အမှတ်-၂ ရဲတပ်ဖွဲ့စခန်းက ဦးတင်အေး၊ ဦးတင်ထွန်းအောင်နှင့် ဦးထွန်းထွန်းတို့ကို (ပ) ၄၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း အဆိုပါ မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily: February . 15 .2014
ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျပ်သိန်းပေါင်း တစ်သောင်းငါး
ထောင်ကျော် ဆုံးရှုံးခဲ့ရသော မြို့မဈေးကြီး မီးလောင်မှုနှင့် ပတ်သက်၍ ဈေး လျှပ်စစ်ကော်မတီဝင် တစ်ဦး၊ ဈေးလုံခြုံရေးကော်မတီ
ဝင် တစ်ဦးနှင့် မီးပြင်သူတစ်ဦး တို့ကို အမှုဖွင့် အရေးယူခဲ့ကြောင်း တောင်ငူမြို့အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရ
သည်။

"ကိုမြအေးပါလို့ဆိုပြီး စာပေဟောပြောပွဲကို အကြမ်းဖက်သံဃာ တစ်စု လာရောက် နှောက်ယှက်"

RangonNewsDaily: February . 15 .2014
ယနေ့ (၁၅.၂.၂၀၁၄) မန္တလေးမြို.မဟာအောင်မြေမြို.နယ် ရပ်မိရပ်ဖများနှင့်လူငယ်စာပေချစ်သူများမှ ဦးစီးကျင်းပသော(၉၉) နှစ်မြော
က် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရ ကျင်းပသော ပထမအကြီမ် စာပေဟောပြော
ပွဲတွင် ဟောပြောသူတစ်ဦးဖြစ်သော အစ္စလာမ်ဘာသာဝင် ကိုမြအေး ပါဝင်သည်ကို လက်မခံနိုင်ဟု ဆိုကာ အကြမ်းဖက် ၉၆၉ ဘုန်းကြီးများက ကိုမြအေးကို ဟောပြောခွင့်မပေးနိုင်ဟုဆိုပြီး ပိတ်ပင်ခဲ့ပါသည်။

တောင် မြောက်ကိုရီးယား မိသားစုတွေ့ဆုံရေး သဘောတူ

Photo: တောင် မြောက်ကိုရီးယား မိသားစုတွေ့ဆုံရေး သဘောတူ

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်လို့ မြောက်ကိုရီးယားအစိုးရဘက်က စိုးရိမ်မှုတွေ ရှိနေတဲ့ကြားကပဲ ကိုရီးယားစစ်ပွဲကြောင့် တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ကွဲကွာနေတဲ့ မိသားစု ပြန်လည် ပေါင်းစည်းရေး စတင်သွားဖို့ နှစ်နိုင်ငံ သဘောတူခဲ့တဲ့အကြောင်း တောင်ကိုရီးယား က ပြောဆိုလိုက်ပါတယ်။

နယ်စပ်ဒေသ Panmunjom ရွာမှာ ဒုတိယအကြိမ် နှစ်နိုင်ငံ အဆင့်မြင့် ဆွေးနွေးမှုအတွင်း ဒီကနေ့ သောကြာနေ့မှာပဲ သဘောတူညီမှု ရယူခဲ့တဲ့အကြောင်း တောင်ကိုရီးယားအစိုးရရဲ့ ပြန်လည်ပေါင်းစည်းရေးရာ ၀န်ကြီးဌာနက ပြောခဲ့တာပါ။ တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း လိုအပ်ရင် လုပ်သွားဖို့ရှိပေမဲ့၊ ပုံမှန် တွေ့ဆုံသွားမှာမျိုးတော့ မဟုတ်ဘူးလို့လည်း ၀န်ကြီးဌာနက ပြောပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့အတွက် တဘက်နဲ့တဘက် အပြန်အလှန် ဝေဖန်ပြစ်တင်နေတာတွေ ရပ်ဆိုင်းဖို့လည်း နှစ်ဘက် သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

စေ့စပ်ညှိနှိုင်းမှုတွေဟာ နှစ်နိုင်ငံ စစ်ပွဲကာလ ၁၉၅၀ ပြည့်လွန်နှစ်တွေနောက် ပိုင်း ပဋိပက္ခတွေ ဆက်လက် ရှိနေဆဲဖြစ်တဲ့ ကိုရီးယားနှစ်နိုင်ငံကြား လွန်ခဲ့တဲ့ ၇ နှစ်အတွင်း အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုတွေရဲ့ အဆက်လည်း ဖြစ်ပါတယ်။ ဗုဒ္ဒဟူးနေ့က ပထမတကြိမ် တွေ့ဆုံမှုတွင်း မိသားစုပြန်လည်ပေါင်းစည်းရေး အစီအစဉ် စတင်မယ့် ဒီလနှောင်းပိုင်းမှာပဲ အမေရိကန်နဲ့ တောင် ကိုရီးယား နှစ်နိုင်ငံကြား ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖို့ စီစဉ်ထားတဲ့ကိစ္စ ရွှေ့ဆိုင်းဖို့ မြောက်ကိုရီးယားဘက်က တောင်းဆိုခဲ့ပါတယ်။

ဒီစစ်ရေး လေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားကို ကျူးကျော်ဖို့ ပြင်ဆင်မှုလို့ မြောက်ကိုရီးယားဘက်က ယူဆပြီး ဒီလေ့ကျင့်မှုတွေ ဆက်လုပ်မယ်ဆိုရင် မိသားစု ပြန်လည် ပေါင်းစည်းရေး အစီအစဉ်ကို ဖျက်သိမ်းပစ်မယ်လို့လည်း အစောပိုင်းတုန်းမှာ ပြောဆိုခဲ့ပါသေးတယ်။

VOA

RangonNewsDaily: February . 15 .2014
တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်လို့ မြောက်ကိုရီးယားအစိုးရ
ဘက်
က စိုးရိမ်မှုတွေ ရှိနေတဲ့ကြားကပဲကိုရီးယားစစ်ပွဲကြောင့် တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ကွဲကွာနေတဲ့ မိသားစု ပြန်လည်
 ပေါင်းစည်းရေး စတင်သွားဖို့ နှစ်နိုင်ငံ သဘောတူခဲ့တဲ့အကြောင်း တောင်ကိုရီးယား က ပြောဆိုလိုက်ပါတယ်။