Pages

Saturday, February 15, 2014

ဒေါ်အောင်ဆန်းစုကြည် မန္တလေးရောက်ရှိ

Photo: ဒေါ်အောင်ဆန်းစုကြည် မန္တလေးရောက်ရှိ

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

ဒုတိယအကြိမ် ဧရာဝတီစာပေပွဲတော်ကို တက်ရောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးမြို့ကို ဒီကနေ့ ဖေဖော်ဝါရီ ၁၅ရက် မနက်ပိုင်းက ရောက်ရှိလာပါတယ်။ အခု ဧရာဝတီ စာပေပွဲတော်ကို မူလခွင့်ပြုထားတဲ့ နေရာမှာ အနီးကပ်မှ ကျင်းပခွင့်မရပဲ Mandalay Hill Resort မှာ ကျင်းပပြုလုပ်နေတာပါ။ ဟိုတယ်ရှေ့မှာ ဒေသခံတွေ အများအပြား ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုခဲ့ကြပါတယ်။

ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ ဧရာဝတီစာပေပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့ ရှိနေပါတယ်။ ဧရာဝတီ စာပေပွဲတော်ကို မနှစ်က ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ပထမဆုံးအကြိမ် စတင်ပြုလုပ်တုန်းက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးပြီး အမှာစကား ပြောခဲ့ပါတယ်။

DVB

RangonNewsDaily: February . 15 .2014

DVB , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment