Pages

Friday, June 15, 2018

မိုးကုတ်တွင် မြေပြိုမှုဖြစ်ပွားရာ လူနေအိမ် ၃ လုံးပြို၊ လူ ၅ ဦး သေဆုံး


RangonNewsDaily::Friday. June 15. 2018
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကသဲအုပ်စု၊ အောင်သစ်လွင်ရပ်ကွက်မှာ ဇွန်လ ၁၄ ရက်၊ နံနက်ပိုင်းက နေအိမ် ၃ လုံး မြေပြိုကျတဲ့အထဲပါသွားခဲ့ရာ ၅ ဦး သေဆုံးခဲ့တယ်လို့ မိုးကုတ် မဲဆန္ဒနယ် အမှတ်(၂)၊မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က မဇ္ဈိမကို အတည်ပြုပြောပါတယ်။

မန္တလေး ဈေးချိုအနီး၌ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား


RangonNewsDaily::Friday. June 15. 2018
မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်၊ သီရီဟေမာအရှေ့ရပ်ကွက်၊ အကွက်အမှတ် (၂၄၄ )၊ ၂၇လမ်း ×၂၈ လမ်းကြား၊ ၈၆×၈၇လမ်းကြား၊မန္တလေး ဈေးချိုအနီး မှ အိမ်ပိုင်ရှင်ဒေါ်နွဲ့နွဲ့ ရင် ၏ 'ဆင်တံဆိပ်' သင်္ကန်းတိုက် တွင် ၂၀၁၈ ခုနှစ်၊ဇွန်လ ၁၄ ရက်နေ့ ၊ နံနက် ၂း၄၀ အချိန်ခန့်က လျှပ်စစ်ဝါယာကြိုးမှ တစ်ဆင့် ရှော့ခ်ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။