Pages

Wednesday, October 31, 2012

နိုဝင်ဘာလ (၁)ရက်နေ့မှစတင်ကာ မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းမှ မှောင်ခို ကုန်ပစ္စည်းများ ဖမ်းတော့မည်



မန္တလေး-မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းမှတရားမ၀င်မှောင်ခိုကုန်ပစ္စည်း သယ်ယူနေခြင်းများကို နိုဝင်
ဘာ ၁ ရက်နေ့မှ စတင်၍ ဖမ်းဆီး အရေးယူနိုင်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက စီစဉ်နေကြောင်း ပြောသည်။

တော်ဝင် သစ်အချောထည် လုပ်သားများ အစာအငတ်ခံ ဆန္ဒပြမည်

န်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ် ဝါးတစ်ရာ စက်မှုဇုန်ရှိ တော် ဝင် မိသားစု သစ် အချောထည် စက်ရုံတွင် အလုပ်သမား ၂ဝဝကျော် က အလုပ် လုပ်ခွင့် ပြန်လည် ရရှိရေး အတွက် ခြောက်ည နှင့် ခုနှစ်ရက် ဆက်တိုက် ဆန္ဒပြ တောင်း ဆို နေသော်လည်း ပြေလည်မှု မရရှိ သေးသဖြင့် နိုဝင်ဘာ လ ၁၇က် နေ့မှ စတင်ကာ အစာအငတ်ခံ ဆန္ဒပြမည် ဖြစ်ကြောင်း အဆိုပါ အလုပ်သမား များနှင့် Action Labour Right မှ ရွှေပြည်သာ တာဝန်ခံ ဦးကျော်မင်းက ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်ပဋိပက္ခများနှင့်စပ်လျဉ်း၍အချက် ၆ ချက်ပါသော အသိပေးကြေညာချက်

http://www.president-office.gov.mm/sites/default/files/images/icons/logo1.png
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်ပဋိ ပက္ခ များနှင့် စပ်လျဉ်း၍အ
ချက် ၆ ချက်ပါသော အသိပေးကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။အဆိုပါကြေညာချက်မှာ အောက်
ပါ အတိုင်းဖြစ်ပါသည်-

မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)ဦးပျောက်ဆုံးနေ


http://arakantimes.net/burmese/images/Benglar_Boat-Sink31-10-12.jpg
 
ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ် ကိုင်ရန် သွားသောစက်လှေတစ်စီး ဘင်္ဂလားပင်လယ်ပြင်တွင် တနင်္ဂနွေနေ့ က နစ်မြှုပ်သွားခဲ့သဖြင့် (၁၂၈)ဦးအနက် (၁၂၂)ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

၈း၃၅ သတင်း(ကျောက်နီမော် အရေးပေါ်သတင်း )

ကျောက်နီးမော်ပြဿနာတွင် ဦးဆောင်သူဟု စွပ်စွဲကာ ရွာသား ၅ ဦးအားဖမ်းဆီးရန်ကြိုးစားနေကြောင်းသိရ သည်။ အဆိုပါရွာသား ၅ ဦးသည် ဦးဆောင်သူများ၊ ကြိုးကိုင်သူများမဟုတ်သဖြင့်အဖမ်းမခံဘဲ ထွက်ပြေးနေရ ခြင်းဖြစ်ကြောင်းလည်း ဒေသခံများ ပြောပါ
သည်။

ရခိုင်ဒေသ ပဋိပက္ခ ကြိုးကိုင်သူများ စုံစမ်းစစ်ဆေး နေပြီ



ရခိုင်ပြည်နယ်အတွင်းတကျော့ပြန် ဖြစ်ပွားသည့် ပဋိပက္ခများ ၌ နောက် ကွယ်မှ ကြိုးကိုင်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ကို ဖော်ထုတ်ရန် စုံစမ်း စစ်ဆေးမှု လုပ်ဆောင်နေပြီဟု သိရသည်။ရခိုင်ဒေသ ပဋိပက္ခနှင့် ပတ်သက်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူများသည် ပြည်တွင်း၊ပြည်ပအဖွဲ့အစည်း တချို့နှင့် လူပုဂ္ဂိုလ် များက 
လုပ်ဆောင်နေကြောင်း သတင်းအမျိုးမျိုး ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ
သူ ဦးဇော်ဌေး က တရားဝင် ထုတ်ဖော်ကြေညာရန် အချိန်မတန်သေးကြောင်း ဧရာဝတီကို ပြောသည်။

ပတ်စ်ပို့သက်တမ်း ငါးနှစ် ပေးတော့မည်

 
နိုင်ငံကူးလက်မှတ်များကို ငါးနှစ်အထိ သက်တမ်းတိုးမြှင့် ပေးတော့ မည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လာမည့် နိုဝင်ဘာ ၁ ရက် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများမှ စတင်၍ နိုင်ငံကူးလက်မှတ်ကို ငါးနှစ်ထိ သက်တမ်းတိုးမြှင့် ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း ယခင်ပုံမှန် အတိုင်းသာ ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

CDMA 800 သုံးခွင့်ရဧရိယာ ချဲ့ထွင်ပေးရန် အစီအစဉ်မရှိ

ရန်ကုန်၊ အောက်တိုဘာ၃ဝCDMA 800 MHz ဖုန်းများအားတစ်နိုင်ငံလုံးသယ်ဆောင်အသုံးပြုခွင့်ကို ဆောင်
ရွက်ပေးရန် အစီအစဉ် မရှိတော့ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။ရန်ကုန်ဖုန်းဟုအမည်
တွင်ခဲ့သည့် အဆိုပါ CDMA 800 MHz များမှာလက်ရှိတွင်တိုင်းဒေသကြီး နှင့်ပြည်နယ်မြို့အချို့သို့သာသယ်
ဆောင်သုံးစွဲနိုင်ပြီး တစ်နိုင်ငံလုံး သယ်ဆောင်အသုံးပြုခွင့် မရ ရှိသေး ပေ။ဒီဖုန်းတွေ အသုံးပြုနိုင်ဖို့ မြို့တိုင်း
မှာ မတပ်ထားပါဘူး။

မြန်မာသို့ ရိုက်ခတ်လာသော K-Pop Music အဖွဲ့ရဲ့ Oppa Gangnum Style

မြန်မာသို့ ရိုက်ခတ်လာသော K-Pop
 
တီးလုံးသံ စတင်သည်နှင့် လူငယ် တစ်ဦး ခြေချိတ်ထိုင်ကာ စည်းချက်နှင့်အညီ ယိမ်းထိုးနေသည်။ ထို့နောက် မြူးကြွကြွ တေးသံနှင့် အညီ အဆိုပါ လူငယ်နှင့် အတူ လူငယ် တစ်စု ကခုန် နေကြသည်ကို တွေ့မြင် ရသည်။ ၄င်းတို့ အဖွဲ့သည် ယခု လတ်တလော ကမ္ဘာအနှံ့ K-Pop Music ရေပန်း စားလာခြင်းနှင့် အတူ ၂ဝ၁၂ ခုနှစ် ဇူလိုင်လ၁၅ ရက်နေ့က ဖြန့်ချိလိုက်သော K-Pop သီဆိုသူ
PSY သီဆိုထားသည့် Oppa Gangnum Style သီချင်းကို ပုံစံတူကခုန်ပြီး Youtube တွင် Oppa Burma Style  ဟူ၍ လွှင့်တင်ထားကြခြင်းဖြစ်သည်။

အရွယ်မရောက်သေးသော မြေးကို အဘွားဖြစ်သူက ပြည့်တန်ဆာ အဖြစ် စေခိုင်းမှု တာမွေတွင်ဖြစ်ပွား

အသက်၁၂နှစ်အရွယ်မိန်းမငယ်တစ်ဦးအား၎င်း၏အဘွားဖြစ်သူက မိဘများမသိစေဘဲ ပြည့်တန်ဆာအဖြစ်
စေခိုင်းခဲ့မှုဖြင့်တာမွေရဲစခန်းမှအောက်တိုဘာလ၂၈ရက်နေ့တွင်အမှုဖွင့်ထားကြောင်းရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Miss Myanma နန်းခင်ဇေယျာ ပထမဆုံးကြော်ငြာရိုက်ကူး"

ဂျပန်နိုင်ငံ၊အိုကီနာဝါကျွန်း၊နာဟာ မြို့မှာကျင်းပတဲ့Miss International2012 ပြိုင်ပွဲကြီးမှာ Miss People Choice
 Awards ၊ Miss Internet ဆုနဲ့ Ambassador of Beauty ဆု ၃ ဆု ရရှိခဲ့တဲ့ နန်းခင်ဇေယျာကို လွယ်ဟိန်း ကုမ္ပဏီ
မှ Brand Ambassador အဖြစ်စာချုပ် ချုပ်ဆို ပြီးနောက် အောက် တို ဘာ ၃၁ရက်နေ့ ကRayစတူဒီယိုမှာလွယ်
ဟိန်းကုမ္ပဏီရဲ့ Blue Mountain ရေသန့် ကြော်ငြာကိုဒါရိုက်တာစင်ရော်မောင်မောင် နဲ ပထမ ဆုံးကြော်ငြာ ကို
စတင် ရိုက်ကူးခဲ့ပါတယ်။

ဝါကျွတ်ပေမယ့် . . . . .

l5281


.

ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ဆိုလျှင်  သီတင်းကျွတ်လပြည့်နေ့သို့ ရောက်ပြီ။သီ
တင်းကျွတ်ကာလကိုပင်ဗုဒ္ဓဘာသာဝင်တို့ကဘာသာရေးနှင့်ဆက်နွယ်ကာ ၀ါကျွတ်ကာလဟု သတ်မှတ်သည်
။ဝါတွင်းကာလရောက်ပြီဆို ရဟန်းသံဃာများ ခရီးဝေးသွားခြင်းကိုရှောင်ပြီး ၀ါဆိုကြသည့်နည်းတူ လူဝတ်
ကြောင်များကလည်း အိမ်နေရာအပြောင်းရွှေ့ ရှောင်ကြသည်။ ထို့ ပြင် လက်ထပ်မင်္ဂလာကိုလည်း ၀ါတွင်း
ကာလများတွင် ပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြသည်။

ပုဂံညောင်ဦးဒေသတွင် ပြည်တွင်းပြည်ပခရီးသွားအများ အပြားဝင်ရောက်လျက်ရှိရာ ဟိုတယ်အခန်းနှင့် ဧည့်လမ်းညွှန်လိုအပ်ချက်များကြုံတွေ့နေ

thn-31-10-2
ပုဂံညောင်ဦးဒေသသို့ ပြည်ပခရီးသွားများ လာရောက်လည်ပတ်စဉ်
ပြည်တွင်း၊ ပြည်ပ ခရီးသွားအများအပြားဝင်ရောက်လျက်ရှိရာ ပုဂံညောင်ဦးဒေသတွင် နိုဝင်ဘာလမှစတင်၍ ဟိုတယ်အခန်းနှင့် ဧည့်လမ်းညွှန်စီစဉ်ရသည့်အခက်အခဲများ ခရီးသွားလုပ်ငန်းတချို့ကြုံတွေ့နေရပြီဖြစ်
ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။'နိုဝင်ဘာလထဲမှာဟိုတယ်အခန်းရဖို့ရော၊ဧည့်
လမ်းညွှန်ရဖို့ရောခက်ခဲသွားပြီ'' ဟု ဒေသခံခရီးသွားလုပ်ငန်း ကိုယ်စားလှယ်တစ်ဦးက ပြောပါသည်။

ဗလီတိုက်ခိုက်ခံရမှုကြောင့် ကော့ကရိတ်မြို့တွင် လုံခြုံရေး တင်းကြပ်ထား။

ဗလီတိုက်ခိုက်ခံရမှုကြောင့် ကော့ကရိတ်မြို့တွင် လုံခြုံရေး တင်းကြပ်ထား။
အောက်တိုဘာလ ၃၀ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ တံတားဦးရပ်ကွက်ရှိ ရေနံဆီကုန်းဗလီကို အောက်တိုဘာလ ၂၈ရက်နေ့ညက အမည်မသိ ဆိုင်ကယ်သမားနှစ်ဦးမှ လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် လုံခြုံရေးတင်းကြပ်ထားရသည်ဟု ကော့ကရိတ်မြို့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ကော့ကရိတ်မှာ ရပ်ကွက် ၇ခုစလုံး ရဲက လုံခြုံရေးတွေ စောင့်ကြတယ်။ ဗလီမှာဆိုလည်း ဗလီလုံခြုံရေးပေါ့။ နောက် ဒီလိုမျိုး ပြဿနာ မပြန့်ပွားအောင် ကာကွယ်ထားတဲ့အနေနဲ့ပါ”ဟု သူက ဆိုသည်။

၎င်းမွတ်ဆလင်ဗလီကျောင်း လက်ပစ်ဗုံးနှင့် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်း ၎င်းလုပ်ရပ်သည် ကရင်လူမျိုး အများစုကြား နေထိုင်နေသည့် မွတ်ဆလင်မ်နှင့် သွေးထိုးလှုံ့ဆော်ပေးသည့် သဘောဖြစ်သည်ဟု ကော့ကရိတ်မြို့ မှ ရပ်ကွက်လူကြီးတစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၂၈ရက်နေ့ည ၁၂နာရီခန့်က ကော့ကရိတ်မြို့ဗလီ တိုက်ခိုက်ခံရမှုတွင် ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ဗလီနှင့် အုတ်တံတိုင်းကြားတွင် ကျသွားသည့် ဗုံးတစ်လုံးသာ ပေါက်ကွဲသွားခဲ့ပြီး ဗလီအတွင်း ကျရောက်သည့်ဗုံးမှာ ပေါက်ကွဲခြင်း မရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့မှ ဗလီ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ တရားခံကို ယနေ့အထိ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ထိုနယ် မြေဒေသအတွင်းရှိ တာဝန်ကျ ရဲများက လိုက်လံစုံစမ်းနေဆဲဖြစ်ပြီး ရပ်ကွက်တိုင်းတွင် လုံခြုံရေးချထားကြောင်း သိရသည်။

မြ၀တီမှ ရဲအရာရှိတစ်ဦးက “ဘယ်သူလုပ်တာလဲတော့ အခုထိ အားလုံး စုံစမ်းနေဆဲလို့ သိရတယ်။ အမှန်တော့ ဒီဒေသတွေဟာ အေးဆေးနေတာပဲ။ ဘယ်လိုဖြစ်ပြီး ဒါမျိုးတွေဖြစ်ရတာလဲ မသိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ထိုနေ့တရက်တည်း ည ၁၀နာရီခန့်တွင် ကျုံဒိုးမြို့ ကမ်းနားပိုင်းရှိ ဗလီကိုလည်း ဗုံးတစ်လုံး ပစ်ခတ်ပေါက်ကွဲခဲ့ပြီး ညတွင်းချင်းမှာပင် ရဲများက လုံခြုံရေးကို တင်းကြပ်စွာ ချထားပြီး ပြည်ထောင်စု လုံခြုံရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး ကိုလည်း ဖုန်းဖြင့် အကြောင်းကြားထားကြောင်း ဗုံးပေါက်ကွဲသည့်အနီးတွင် နေထိုင်သူတစ်ဦးက M-media ၀က်ဘ်ဆိုက် 
< http://news.mmsy.info/news/7203>တွင် ပြောဆိုထားသည်။

တံတားဦးရပ်ကွက်ရှိ ရေနံဆီကုန်း ဒါရ်ဂါဗလီသည် ကော့ကရိတ်မြို့အတွင်း ဒုတိယအကြီးဆုံး မြို့ဗလီဖြစ်ပြီး လူမျိုးရေး အဓိက ရုဏ်း မဖြစ်စေရေး ကရင်ရပ်မိရပ်ဖများနှင့် မွတ်ဆလင်မ် ဘာသာဝင်များ ယမန်နေ့က ဆွေးနွေးခဲ့ကြရာ ၎င်းဖြစ်ပွားမှုအပေါ် မည်သည့်ဘက်ကမျှ အထင်အမြင် လွဲမှားမှု တစုံတရာ မရှိကြောင်း ကိုယ်တိုင် ပါဝင်သည့် မြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်က ပြောဆိုခဲ့သည်။
Add caption

အောက်တိုဘာလ ၃၀ရက်၊ ၂၀၁၂ခုနှစ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့တံတားဦးရပ်ကွက်ရှိ ရေနံဆီကုန်းဗလီကို အောက်တိုဘာလ၂၈ရက်နေ့ညကအမည်မသိ ဆိုင်ကယ်
သမားနှစ်ဦးမှ လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် လုံခြုံရေးတင်းကြပ်ထားရသည်ဟု ကော့ကရိတ်မြို့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ
ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။ 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ်အသုံးပြုလိုသူများ သိရှိစေရန်



၁။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ်
အသုံးပြုလိုသူများသည်  အောက်တွင်ပါရှိသော လျှောက်လွှာပုံစံကိုDownload ပြုလုပ်ပြီးလိုအပ်သောစာရွက်
စာတမ်းများအား ပူးတွဲလျှက် စာအိတ်ပေါ်တွင် အင်ဂျင်နီယာချုပ် ၊ သတင်းအချက် အလက်နှင့်နည်းပညာဌာ
န ၊ ရုံးချုပ်အခြေစိုက်ပြည်ပဆက်သွယ်ရေး အဆောက်အဦး ၊ (၈)မိုင် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်