Pages

Monday, October 29, 2012

ဗိုလ်တစ်ထောင်မြို.နယ်၊ (၁၀)ရပ်ကွက် ၊သိမ်ဖြူလမ်းပေါ် စိန်ပေါလ် ကားမှတ်တိုင်အနီးတွင် ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွား

 
ယမန်နေ.ည(၁၀)နာရီအချိန်ကဗိုလ်တစ်ထောင်မြို.နယ်၊(၁၀)ရပ်ကွက်၊သိမ်ဖြူလမ်းပေါ်စိန်ပေါလ် ကားမှတ်
တိုင်အနီးတွင်ယာဉ်လေးစီးဆင့် တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။  သိမ်ဖြူလမ်း အတိုင်း အနောက်မှအရှေ့သို့ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသောယာဉ်အမှတ်ဓ/၈၆၆၈
ဆောက်လုပ်ရေး လုပ်ငန်းသုံး ငြမ်းဆင်ရာတွင် အသုံးပြုသည့် သံချောင်းများ တင်ဆောင်လာသော တီအီး
ကုန်တင်ယာဉ်သည် သိမ်ဖြူလမ်း အတိုင်း မောင်းနှင်လာသော ယာဉ်အမှတ်(ကက/၈၄၅၄) အားဝင်ရောက်
တိုက်မိကာ အရှိန်မထိန်းနိုင်ဘဲ ယာဉ်အမှတ်(၇ဃ/၇၂၃၀)KLIIGER ယာဉ်နှင့်ယာဉ်အမှတ် (၇ဂ/၈၆၄၈)
ယာဉ်တို့အား တိုက်မိပြီးလမ်းဘေးသို့ တိမ်းမှောက်သွားခဲ့သည်။



ထိုယာဉ်တိုက်မှုကြောင့်ယာဉ်လေးစီးပျက်စီးကာ ယာဉ်အမှတ်(ဓ/၈၆၆၈)တီအီး ယာဉ်ပေါ်တွင်လိုက်ပါလာသူ (၉)ဦးအနက်ငါးဦးမှာထိခိုက်ဒဏ်ရာများရရှိ၍ရန်ကုန်ဆေးရုံကြီး၌အတွင်းလူနာအဖြစ်ကုသလျှက်ရှိပြီးယာဉ်
မာင်းဖြစ်သူမှာ အခင်းဖြစ်ပွားရာနေရာ၌ ယာဉ်အားထား၍ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
 
 
Popular Myanmar News Journal
 

0 comments:

Post a Comment