Pages

Monday, October 29, 2012

ရခိုင်ပြည်နယ် အတွင်းဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် သေဆုံးဒဏ်ရာရရှိသူများနှင့် အိုးအိမ်စွန့်ခွာခဲ့ရသူများ ရှိ၍ ပြန်လည် နေရာချထားရေးသည် အဓိကအရေးပါသော ကဏ္ဍတစ်ခုဖြစ်လာ

842


ရခိုင်ပြည်နယ်အတွင်းအောက်တိုဘာလ၂၁ရက်ကမင်းပြားမြို့မှစတင်ခဲ့သည့်မတည်မငြိမ်မှုများမှာအခြားမြို့
နယ်များသို့ကူးစက်သွားပြီးခြောက်ရက်အတွင်းမြို့နယ်ခြောက်မြို့နယ်တွင် အပြန်အလှန်မီးရှို့မှုများ၊ ရခိုင်နှင့် ဘင်္ဂါလီတိုက်ခိုက်မှုများရှိခဲ့သဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြင်းပြင်း ထန်ထန် နှိမ်နင်းခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ၂၆ရက်နေ့တွင်ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှထုတ်ပြန်ခဲ့သည့်နောက်ဆုံးသတင်း အရသေ
ဆုံးသူ၆၄ဦး၊ဒဏ်ရာရသူ၈၂ဦး၊နေအိမ်၂၃၀၀လုံးမီးလောင်ခဲ့ကြောင်းသိရှိရပြီးနေရပ်စွန့်ခွာပြေး သူများရှိနေ
သဖြင့် ပြန်လည်နေရာချထားရေးမှာ လောလောလတ်လတ် အရေးကြီးနေကြောင်း သိရသည်။
 
လတ်တလောကျောက်ဖြူ၊ပေါက်တော၊မြေပုံ၊မြောက်ဦး၊မင်းပြား၊ကျောက်တော်၊ ရသေ့တောင်၊ ရမ်းဗြဲစသည့် မြို့နယ်များတွင်တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်မီးရှို့ခြင်းတို့ကြောင့်ထွက်ပြေးတိမ်းရှောင်လာသည့် ဘင်္ဂါ
လီများကိုမောင်တောမြို့နယ်မြောက်ပိုင်းတောင်ပြိုနှင့် လိပ်ရဒေသများဘက်တွင် နေရာချထားပေးနေသည်
ဟု သတင်းထွက်ပေါ်နေကြောင်း သိရသည်။
842
ကျောက်တန်းကုန်းကျေးရွာမှ ထွက်ပြေးရန် ပြင်ဆင်နေသည့် ရခိုင်အမျိုးသမီးများကို တွေ့ရစဉ်
ကျောက်ဖြူနှင့်ပေါက်တောမြို့နယ်များကမောင်တောဒေသသို့ရောက် ရှိသွားခြင်းသည် ဒေသခံများအတွက် စိုးရိမ်စရာအနေထားသို့ရောက်ရှိလာခဲ့ကြောင်းလည်းသိရသည်။ ယင်းအတွက် ပြန်လည်နေရာချထားရေး
သည် အဓိကအရေးပါသော ကဏ္ဍတစ်ခုဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြပါသည်။
“ဖြစ်သလိုထားလိုက်မယ်ဆိုရင်မောင်တောတစ်နယ်လုံးကတိုင်းရင်းသားတွေရဲ့အနေအထားကို ထည့်တွက်
စဉ်းစားဖို့တော့လိုမယ်။တိုင်းရင်းသားအရေးကိုအလေးမထားဘဲတာဝန်ရှိသူတွေက ဒီဘင်္ဂါလီတွေကို မောင်
တောနယ်မှာဒီအတိုင်းထားလိုက်မယ်ဆိုရင်နောက်ဖြစ်လာမယ့်ပြဿနာအပေါ် ဘယ်သူတာဝန်ယူမှာလဲလို့
မေးစရာရှိတယ်။ ဒါကြောင့်နေရာချ ထားရေးဟာ တကယ့်ကိုအရေးကြီးတဲ့ ကဏ္ဍတစ်ခုလို့ မြင်ပါတယ်” ဟု မောင်တောမြို့မှ မြို့မိမြို့ဖတစ်ဦးက ပြောကြားခဲ့သည်။
ဘင်္ဂါလီများစီးနင်းလိုက်ပါလာသည့်စက်လှေများမောင်တောမြို့နယ်သို့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင်ဝင်ရောက်နေပြီဖြစ်ကြောင်းနှင့်ကနဦးသတင်းများအရစက်လှေ၈၆စင်းဝင်ရန်ရှိကြောင်းနှင့်ဝင်ရောက်
လာမည့် ဘင်္ဂါလီဦးရေသည် ၃၀၀၀၀ မှ ၆၀၀၀၀ ကြား ရှိနေကြောင်းလည်း ဒေသခံများ ၏ ပြောဆိုမှုအရ သိရသည်။
 
ယင်းကြောင့် ဒေသခံတိုင်းရင်းသားများ အတွက် စိုးရိမ်ရမည့်အခြေအနေသို့ ရောက် ရှိနေကြောင်းနှင့် ထိုသို့ ထပ်မံ၍ဘင်္ဂါလီများအားမောင်တောမြို့နယ်အတွင်းဆက်လက်လက်ခံနေခြင်းအပေါ်တိုင်းရင်းသား ကျေးရွာမှ
ဒေသခံများ လုံခြုံမည့်နေရာများသို့ စတင်ပြောင်းရွှေ့နေကြပြီ ဖြစ်ကြောင်း လည်းသိရသည်။
၂၆ရက်နေ့ထိဆက်လက်ဖြစ်ပွားနေသောမီးရှို့မှု၊မီးလောင်မှုများသည်ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေခဲ့ရာ
တည်ငြိမ်မှုများပြန်လည်ရရှိလာစေရန်အတွက်လက်နက်ကိုင်တပ်ဖွဲ့များမှအင်အားအလုံးအရင်းဖြင့်ထိန်းသိမ်း
နေပြီဖြစ်ကြောင်း သိရသည်။
 
၂၆ရက်နေ့နာက်ပိုင်းတွင် ဆူပူမှုအင်အားများ သိသာစွာလျော့ကျ လာခဲ့ကြောင်း သိရပြီးစစ်တပ်မှအင်အား သုံးဖြိုခွင်းလာခြင်းနှင့်ပဋိပက္ခဆက်ဖြစ်ရန်မလိုလားသူများရှိလာခြင်းကြောင့် ပဋိပက္ခဖြစ်ပွားမှုမှာ လျော့နည်း သွားရခြင်းလည်း ဖြစ်သည်။

 

0 comments:

Post a Comment