Pages

Monday, October 29, 2012

ဗဟန်းမြို့နယ် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့က လူသတ်မှု တရားခံများ ဖမ်းမိ

ဗဟန်းမြို့နယ်နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ဟာမစ်တစ်ကားမှတ်တိုင်အနီးတွင်အောက်တိုဘာ၂၃ရက်ည၁၁နာရီခန့်က လူငယ်ကိုးဦးနှင့်အသက် ၃၀ ကျော် အမျိုးသားတစ်ဦး အချင်းဖြစ်ပွားကြရာ၌ လူငယ်တစ်ဦးက ထိုအမျိုးသားအား သောက်ရေအိုးဖြင့် ဦးခေါင်းကို ရိုက်ခွဲကာ ကျန်လူငယ်များက ထိုးကြိတ်ကန်ကျောက်ကြရာမှ ထိုအမျိုးသား သေဆုံးခဲ့ရသည်။ ထိုအမှုတွင်ပစ်မှုကျူးလွန်ခဲ့သောတရားခံများအားအောက်တိုဘာ၂၄ရက်နံနက်၂နာရီခန့်တွင်ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။

ပြစ်မှုကျူးလွန်သည်ဆိုကာဖမ်းဆီးထားသောတရားခံများတွင်အသက် ၁၉ နှစ်မှ ၂၁ နှစ်အတွင်း အမျိုးသားရှစ်ဦး အပါအ၀င် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်းပါရှိကြောင်း သတင်းရရှိသည်။
7DayNewsJournal

0 comments:

Post a Comment