Pages

Monday, October 29, 2012

နိုင်ငံတော်အစိုးရမှ ဖုံးကွယ်ထားသော ရခိုင်ပြည်နယ် အကြမ်းဖက်မှု သေ/ပျောက် စာရင်းအမှန်က ဘယ်မှာလဲ

မြန်မာအစိုးရဟာ လက်ရှိ ရခိုင်ပြည်နယ်က ကိစ္စတွေကို ခေါင်းရှောင်ဘို့ ကြိုးစားနေယုံမျှမက- အကြမ်း ဖက်
တွေဘက်က ဘက်ပေါင်းပြီး ဗြောင်လိန်နေတယ် ဆိုတာ ဖုံးကွယ်လို့ မရနိုင်ဘူး။ ဘယ်လောက် ကြီးတဲ့လူဖြစ်
ဖြစ်ရာဇတ်ဘေး ပြေးမလွတ်ပါဘူး။


အစိုးရခေါင်းဆောင်တွေကိုယ်တိုင်က မွတ်လဆင်တွေ ကလေးမွေးနှုနှုးကောင်းတယ်၊ တစ်အိမ် တစ်အိမ်မှာ
 အနည်းဆုံး မိသားစုဝင် ၂၀ လောက် ရှိတယ်၊ အချို့မိသားစုတွေ ဆိုရင် ၇၀၊ ၈၀ တောင် ရှိ တယ်ဆိုပြီးသမ္မ
တကြီး ဦးသိန်းစိန် ကိုယ်တိုင်ကဗွီအိုအေက ဦးသန်းလွင်ထွန်းနဲ့ တိုက်ရိုက်အင်တာ ဗျူးမှာ ပြောခဲ့ပါတယ်။

အခု တစ်လော မွတ်ဆလင်တွေအကြမ်းဖက်သတ်ဖြတ်ဖျက်ဆီးခံရတော့- သေဆုံးသူ စာရင်းကို ၁၀၀ ကျော်
ရှိတယ်လို့ ပြောခဲ့ပြီးချက်ချင်းဘွာခတ်လိုက်ပြန်တယ်၊မှားသွားလို့ပါတဲ့။အမှန်တစ်ကယ်သေတာက၆၀ကျော်
ပဲ ဖြစ်ပါတယ်တဲ့။

မြောက်ဦးမြို့က ပရိန်ရွာ တစ်ရွာထဲမှာ လူပေါင်း ၁၀၀၀ ကျော်သေခဲ့တဲ့စာရင်းက ငါတို့ဆီမှာ ရှိနေပြီ။ လူသေ
တဲ့ အရေအတွက်နဲ့ အကြမ်းဖက်ခံရတဲ့ အခြေအနေတွေက နိုင်ငံတကာအနေနဲ့ တရားဝင် ၀င်လို့ ရနေပြီ ဆို
တာ နိုင်ငံကို ဦးဆောင်နေတဲ့ အစိုးရတစ်ရပ်အနေနဲ့ သိနေလောက်ပါပြီ။

အစိုးရပိုင်းက ဘယ်လောက်လိန်လိန်- လိန်လေ တရားခံဖြစ်လေ အမှုကြီးလေသာ ဖြစ်ရပါမယ်။အကြမ်းဖက်
သတ်ပစ်သူပေါင်းဘယ်လောက်၊အလောင်းဖျောက်ပစ်မှုပေါင်းဘယ်လောက်ဆိုတာ တော့ မကြာတော့သော
ကာလမှာ ကမ္ဘာ့ခုံရုံးပေါ်မှာ ရှင်းရပါမယ်- အဲ့ဒီအခါမှလူထုကြီးလည်းတရားဝင် သိလာရပါမယ်။(မကြာတော့
ပါ)။

လောလောဆယ်တော့၊သာမန်လူများပင်တွက်ကြည့်လို့ရတဲ့အဖြေလေးကိုပဲ ပြောလိုက်ပါမယ်။၂၀၁၂အောက်
တိုဘာ ၂၇ရက်နေ့ ဗွီအိုအေကိုရန်ကုန်တိုင်း ဒေသကြီးရဲ့ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်
က ပြောတာမှာ- အကြမ်းဖက် ပဋိပက္ခကြောင့် အိမ်ခြေ ၂၃၀၀ ကျော်ရှိတယ်လို့တရားဝင်ပြီးတစ်ဆက်တည်း
မှာ ဒုက္ခရောက်နေသူပေါင်း ၄၀၀၀၀န်းကျင်လောက် ရှိတယ်လို့ ပြောဆိုပါတယ်။၄၀၀၀ ၀န်းကျင်လောက်ဆို
တဲ့ စကားက ၄၀၀၀ မပြည့်တစ်ပြည့် ဆိုတဲ့ အဓိပ္ပါယ် ကိုပေးပါမယ်။

အကြမ်းဖက်ဖျက်ဆီးခံရဲ့ အိမ်အရေအတွက်နဲ့ တွက်ရင် တစ်အိမ်ကို ၂ ယောက်နှုန်းနဲ့ တောင် ၂ x ၂၃၀၀ = ၄၆၀၀ ဖြစ်မယ်။ အခုက ဒုက္ခရောက်သူ ၄၀၀၀ ၀န်းကျင်ဆိုတော့-၊ (တစ်အိမ်မှာ ၂ ယောက်တောင် မပြည့်
ပါ။) ကျန်လူတွေ ဘယ်ကို ရောက်နေပါသလဲ။ နိုင်ငံတော် သမ္မတ ပြောခဲ့ သလို မွတ်ဆလင်တွေက အနည်း
ဆုံး တစ်အိမ် ကို အယောက် ၂၀ ဆိုရင် ၂၀x ၂၃၀၀ = ၄၆၀၀၀ ဖြစ်မယ် (သမ္မတ စကားအရ အချို့အိမ်တွေ
မှာ ၇၀၊ ၈၀ တောင် ရှိတယ် ဆိုရင် ဒီထက် အဆပေါင်း များစွာ ရှိနေပါတယ်။- သမ္မတ တစ်ဦးအနေနဲ့တော့ လိမ်မယ် မထင်ပါ၊)-

 ဒီလို ဆိုရင် အခု အကြမ်းဖက် ဖျက်ဆီးခံရတဲ့ အိမ်က ၂၃၀၀ ကျော်- ဒုက္ခသည် က ၄၀၀၀ ၀န်းကျင် အနည်း
ဆုံး လူပေါင်း ၄၂၀၀၀ လောက် ပျောက်ဆုံးနေပါတယ်။အဲ့ဒီလူတွေဘယ်ကိုရောက်ကုန်ပါသလဲ။ဝန်ကြီးကိုယ်
တိုင်က ပဋိပက္ခကို အကြမ်းဖက် ပဋိပက္ခ လို့သုံးတော့-၊ ပျောက်ဆုံးနေသူများက အကြမ်းဖက် ခံရလို့ ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း တိုက်ရိုက် ပေးနေပါတယ်။

အကြမ်းဖက် ခံရလို့ ပျောက်ဆုံးနေသူများ ကတော့ ဒုက္ခမရောက်ဘဲ နိုင်ငံတော် ဧည့်ဂေဟာမှာ တည်ထား
ဧည့်ခံနေစရာ အကြောင်း မရှိပါ။

အကြမ်းဖက်ခံရလို့ အိုးအိမ်များ ပျက်စီးရတဲ့ အထဲမှာ ရခိုင်ဗုဒ္ဓဘာသာအိမ် တစ်အိမ်မှ မပါတဲ့အတွက် စာရင်း
ကွာ ပျောက်ဆုံးနေသူများဟာလည်း ရခိုင်ဗုဒ္ဓဘာသာများ ဖြစ်နိုင်စရာမရှိပါ။အားလုံးက မွတ်ဆလင်များသာ
ဖြစ်ရပါမယ်။

ကမ္ဘာ့ခုံရုံးပေါ်မှာ တရားဝင်မရှင်းရမှီကမ္ဘာကြီးကို ဗြောင်လိန်ချင်တယ်ဆိုလည်း နိုင်ငံတစ်ခုရဲ့ ခေါင်း ဆောင်
များ ဖြစ်နေတယ်ဆိုတဲ့သိက္ခာလောက်တော့ ထောက်ထားပြီး-ယုတ္တိရှိရှိ ရှေ့နောက်ညီညီ လေးလိန်ပေးပါလို့
အကြံပေးလိုပါတယ်။

Ref by: Htay Lwin Oo(MMSY)

ကိုလတ်(ပန်ဘဲတန်း)

 

0 comments:

Post a Comment