Pages

Monday, October 29, 2012

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် အမှတ် ၇ ရပ်ကွက်ရှိ အစ္စလမ် ဘာသာ ဗလီ ၀တ်ကျောင်း အနီး ယမန်နေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် အမှတ် ၇ ရပ်ကွက်ရှိ အစ္စလမ် ဘာသာ ဗလီ ၀တ်ကျောင်းအနီးတွင်ယ
မန်နေ့ ညပိုင်းက ဗုံး တလုံး ပေါက်ကွဲခဲ့သည်။ဗလီအဆောက်အအုံအတွင်းသို့လက်ပစ်ဗုံး၂ လုံးပစ်သွင်းရာတ
လုံးသာ အုတ်နံရံနှင့် ထိမိ၍ ပေါက်ကွဲသွားပြီး ဗုံး ပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရခြင်းမရှိဟု သိရကြောင်း
ဒသခံ တဦးက ပြောသည်။
ကော့ကရိတ်မြို့နယ် ရဲ တပ်ဖွဲ့မှူး ရုံးမှ ဒုရဲအုပ်တဦးကလည်းယင်းဗုံးပေါက်ကွဲမူနှင့်ပတ်သက်၍ လတ်တလော
စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည် ဟု ပြောသည်။

အမှတ် ၇ ရပ်ကွက် တွင် အစ္စလမ် ဘာသာဝင် အများစု နေထိုင်ကြောင်း သိရသည်။

ဧရာဝတီ

0 comments:

Post a Comment