Pages

Monday, October 29, 2012

7Day News ဂျာနယ်မှ ဖြေရှင်းချက်

7Day News ဂျာနယ်သည် နေ့စဉ်ဖြစ်ပေါ်နေသော သတင်းအကြောင်းအရာများကို စာဖတ်သူများ အချိန်နှင့် တစ်ပြေးညီ ဖတ်ရှုသိရှိနိုင်ရန် သတင်းအချက်အလက်နှင့် သတင်းဓာတ်ပုံများအား ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် ၀က်ဘ်ဆိုက်တို့မှတစ်ဆင့် တင်ဆက်လျက်ရှိပါသည်။သို့သော် ယနေ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများ ထိလွယ်ရှလွယ်ဖြစ်နေချိန်တွင် 7Day News ဂျာနယ်အမည်သုံးကာ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုဆန်သည့် ၀ါဒဖြန့်လုပ်ကြံဖန်တီးထားသော သတင်းနှင့် သတင်းဓာတ်ပုံများ တင်ဆက်နေသည်ကို တွေ့ရှိရပါသည်။ 
 
ယင်းသို့ ပဋိပက္ခများ ဆိုးသည်ထက်ဆိုးအောင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေသည့် 7Day News အမည်အသုံးပြုထားသော ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် G Tone Mmhu သည် 7Day News နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိပါကြောင်းနှင့် 7Day News ၏ တရားဝင်ဖေ့စ်ဘွတ်ခ်၊ တွစ်တာအကောင့်နှင့် တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာတွင် 7Day News ၏ သတင်းနှင့် သတင်းဆောင်းပါးများကို ၀င်ရောက်ဖတ်ရှုနိုင်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
 
 
7days News 

0 comments:

Post a Comment