Pages

Monday, December 31, 2012

Myanmar Countdown 2013 တွင်နှစ်သစ် ကြိုဆိုပွဲ ပရိတ်သတ် ခုနှစ်သောင်းနှစ်ထောင်ကျော်သွားပြီ

Myanmar Countdown 2013 တွင်နှစ်သစ်ကလာရောက်လာပေးသော ပရိတ်သတ် ခုနှစ်သောင်းနှစ်ထောင်ကျော်ရှိ....

Myanmar Countdown 2013 တွင်နှစ်သစ်ကလာရောက်လာပေးသော ပရိတ်သတ် ခုနှစ်သောင်းနှစ်ထောင်
ကျာ်ရှိသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်.။

ရန်ကုန်မြို့ မြို့မကွင်း(မိုင်ဒါကွင်း)မှ Myanmar Countdown 2013 မြင်ကွင်းများ (Myanmar Countdown 2013)


ယနေ့ည ၆နာရီမှာ စတင်သော ရန်ကုန်မြို့ မြို့မကွင်း(မိုင်ဒါကွင်း)မှ Myanmar Countdown 2013 မြင်ကွင်း
များ (Myanmar Countdown 2013) ကိုစုစည်ဖော်ပြပေးထားပါတယ်။ ယခုလက်ရှိ သီဆိုဖျော်နေဆဲ့ဖြစ်ပါ
တယ်။ ရန်ကုန်က ပိရိသတ်တွေကဲချင်ရင် ကဲလိုရတယ.်နော်။

သမ္မတ ဦးသိန်းစိန် နှစ်သစ်ကူးမိန့်ခွန်း ရေဒီယိုတွေကနေ ပြောမယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝှမ်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် 
ရဒီယို အစီအစဉ်များမှ တဆင့် ပြောကြားမည့် နှစ်သစ်ကူးမိန့်ခွန်းကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၇ နာရီမှ စတင်ပြီး မြန်မာ့အသံရေဒီယိုအစီအစဉ် နှင့် အက်ဖ်အမ်ရေဒီယိုအစီအစဉ်များမှ နှစ်နာရီ တစ်ကြိမ် ထုတ်လွှင့် သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် ယနေ့ညရနာရီ၁၀မိနစ်က ကား၅စီးဆင့်တိုက်မှုဖြစ်ပွား (သတင်း။ ဓာတ်ပုံ)


ရန်ကုန်-ဒီဇင်ဘာ၃၁ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ရွှေကောင်းဟော့ပေါ့ဆိုင်အနီးယနေ့ညရ
နာရီ၁၀မိနစ်က ကား၅စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူမရှိကြောင်းသိရသည်။

သီရိမင်္ဂလာဈေးသစ်အနီး မက်စ်မြန်မာဝင်းအတွင်း လောင်စာဆီကား ပေါက်ကွဲမှုဖြစ်၊ လူတစ်ဦးဒဏ်ရာရ

သီရိမင်္ဂလာဈေးသစ်အနီး မက်စ်မြန်မာဝင်းအတွင်း လောင်စာဆီကား
ပေါက်ကွဲမှုဖြစ်၊ လူတစ်ဦးဒဏ်ရာရ

မိုးမြင့်ကျော်-(မြစ်မခ)

ယနေ့နံနက် (၁၀း၀၀)၀န်းကျင်က လှိုင်မြို့နယ်၊ သိရီမင်္ဂလာဈေးသစ်
အနီးမက်စ်မြန်မာကုမ္ပဏီပိုင် မက်စ်အင်နာဂျီဝင်းအတွင်း လောင်စာဆီ
တင်ကားတစ်စီးအသေးစားပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

အဆိုပါကားမှာ ဆိပ်ကမ်းရှိလောင်စာဆီရေယာဉ်မှ လောင်စာဆီထည့်နေစဉ် ကားအတွင်းလက်ကျန်ဆီ များမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းဆိပ်ကမ်း
လက်ထောက်တာဝန်ခံ ဦး၇ဲမြင့်အောင်က ဆိုသည်။

"ကျွန်တော်တို့က ဒီမှာ ဒီဇယ်ပဲထည့်တာ၊ လာတဲ့ကားတွေက ဒီဇယ်ရော၊အော့တိန်းရော သယ်ကြတယ်၊ အဲ့ဒီအော့တိန်းဆီ
ကျန်နည်းနည်းရှိနေတယ်၊ဆီထည့်ပြီး ၁၅မိနစ်လောက်ကြာတော့ အဲ့ဒီဆီကျန်တွေကနေ အငွေ့ရိုက်ပြီးနောက်ဆုံး အခန်းက မီးစလောင်တာပါ"ဟု ဦးရဲမြင့်အောင်က ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဦးသန်းရွှေဆိုသည့် ဆိပ်ကမ်းဝန်ထမ်း
တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် မီအားအချိန်မီငြိမ်းသတ်နိုင်ခဲ့ကြောင်း ၄င်းကဆက်ပြောသည်။

အဆိုပါလောင်ကျွမ်းမှုမှာ (၁၀)မိနစ်ခန့်ကြာမြင့်ခဲ့ပြီးမီးသတ်ဆေးဗူးများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့ကြောင်းကိုလည်းသိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ သီရိမင်္ဂလာဈေးအတွင်း ဈေးရောင်းသူ
တစ်ဦးမှအန္တရာယ်ရှိမည်ကို စိုးရိမ်မီကြောင်း ယခုကဲ့သို့ဆိုသည်။

"အမတို့ဆိုင်နဲ့ဆို ကားမှတ်တိုင်တစ်တိုင်စာလောက်ဝေးတယ်၊ ဒါပေမယ့်ပေါက်ကွဲသံတော့ကြားလိုက်ရတယ်၊ တော်တော် သိသာပါတယ်၊လူတစ်ယောက်ဒဏ်ရာရသွားတယ် ဆိုတာလည်းသိတယ်၊ အခုက ဈေးနဲ့ကပ်နေတော့စိုးရိမ်ရတယ်၊ Safety မဖြစ်တာတွေ
ရှိနေရင် ဈေးအတွက် စိုးရိမ်ရတယ်"ဟုသိရိမင်္ဂလာဈေးအတွင်းမှ
ဈေးသည်မမျိုးမျိုးက ပြောသည်။

အဆိုပါဖြစ်စဉ်အတွက် အမှုဖွင့်ထားခြင်းမရှိဟု ရန်ကုန်တိုင်း
မီးသတ်ဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။


အေးချမ်းမွန်မှ Myit Makha Mediagroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ယနေ့နံနက် (၁၀း၀၀)၀န်းကျင်က လှိုင်မြို့နယ်၊ သိရီမင်္ဂလာဈေးသစ်အနီးမက်စ်မြန်မာကုမ္ပဏီပိုင်မက်စ်
အင်နာဂျီဝင်းအတွင်း လောင်စာဆီတင်ကားတစ်စီးအသေးစားပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

စစ်အာဏာရှင်တွေရဲ့ ကျေးဇူးတိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိဘူးဆိုတဲ့ ဟံသာဝတီဦးဝင်းတင်

စစ်အာဏာရှင်တွေရဲ့ ကျေးဇူး ဆိုတာ တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိဘူးဗျ။ နေပြည်တော် ဆောက်တာ ဘာညာတွေ လာဖြီးမနေနဲ့။ လမ်း၊ တံတားဆောက်တာ ဘာညာတွေ လာဖိန်းမနေနဲ့။ အဲ့ဒါ တိုင်းပြည်ရဲ့ သယံဇာတ ရင်း မြစ်တွေကို တူးဆွခြေမွ အမှုန့်ကြိတ်ရောင်းရလို့ ငွေတွေနဲ့ ဆောက်တာ၊ဖောက်တာတွေဗျ။ နှောက်တာ၊ ဖျောက်တာတွေတောင် လုပ်ခဲ့ကြသေးမဟုတ်လားဗျ။

ကျေးဇူးဆပ်ဖို့ ကျေးဇူးရှင်တွေကိုစာရင်းတင်စမ်းဟေ့လို့ ကျုပ်ကို ခိုင်းကြည့်။ ရှစ်လေးလုံး အရေး တော်ပုံကြီးမှာ သွေးချောင်းစီးခဲ့သူတွေကို ကျုပ်စာရင်းတင်မှာပဲ။ အရေးတော်ပုံ အဆက်ဆက် ဘဝပျက်ခဲ့သူတွေ ကို ကျုပ်စာရင်းတို့မှာပဲ။

ဒီနေ့ ကျုပ်တို့ စစ်ကျွန်ဘဝကလွတ်မြောက်၊ စစ်အာဏာရှင်အောက်က ရုန်းထွက်၊ လွတ်လပ်မှုအ သက် မျှင်းမျှင်းလေးရှူနိုင်တဲ့ ဘဝရောက်ကြရတာဟာ အဲ့ဒီ အရေးတော် ပုံတပ်သားတွေရဲ့ ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တကြောင့်ဗျ။

အဲ့ဒီ ကျေးဇူးရှင်တွေကို ဘယ်သူကျေးဇူးသိမှာလဲ။ ဘယ်လို ကျေးဇူးဆပ်မှာလဲ။

အဲ့ဒါတွေကတော့ ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ သွားဖြီးတမြမြအားကြီးတပြပြ လုပ်နေကြတဲ့ လွှတ်တော်တွေက ပဲ ရုပ်လုံးဖော်နိုင်ကြမှာပါဗျာ။ ။

မိုးမခ အင်တာနက် စာမျက်နှာ မှ - 

(ဟံသာဝတီဦးဝင်းတင် – ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၆) မှ ကူးယူဖေါ်ပြပါတယ်)

စစ်အာဏာရှင်တွေရဲ့ ကျေးဇူး ဆိုတာ တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိဘူးဗျ။ နေပြည်တော်
ဆောက်တာ ဘာညာတွေ လာဖြီးမနေနဲ့။ လမ်း၊ တံတားဆောက်တာ ဘာညာတွေ လာဖိန်းမနေနဲ့။ အဲ့ဒါ တိုင်းပြည်ရဲ့ သယံဇာတ ရင်း မြစ်တွေကို တူးဆွခြေမွ အမှုန့်ကြိတ်ရောင်းရလို့ ငွေတွေနဲ့ ဆောက်တာ၊ဖောက်
တာတွေဗျ။ နှောက်တာ၊ ဖျောက်တာတွေတောင် လုပ်ခဲ့ကြသေးမဟုတ်လားဗျ။

အဆိုတော် ဒေါ်မာမာအေးရဲ့ ၂၀၁၃ နှစ်သစ် ဆုတောင်း

၂၀၁၃ နှစ်သစ် ဆုတောင်း

“ခါတိုင်းခါတိုင်းဆိုရင် ကျမက တခြားနိုင်ငံမှာမဟုတ်လားရှင်။ အဲအခါကျတော့ ကိုယ့်နိုင်ငံက မြန်မာပြည်သားအားလုံးကို၊ ကျမချစ်တဲ့ သောတရှင်တွေအားလုံးကို သီချင်းလေးတပုဒ်နဲ့ အမြဲတမ်းပို့လွှတ်ပြီး မေတ္တာပို့ခဲ့ပါတယ်။ ဒီနှစ်တော့ သီချင်းလေးကို ကျမ မရေးနိုင်ပါဘူး။ အဲဒါကြောင့် အားလုံးကို နှလုံးစိတ်ဝမ်း ချမ်းသာပါစေ၊ နှစ်သစ်မှာ ရွှင်လန်းကြပါစေ၊ အစစအရာရာ အခက်ခဲတွေကနေ လွတ်မြောက်ကြပါစေ၊ ငြိမ်းငြိမ်းချမ်းချမ်း ရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။”

ဒေါ်မာမာအေး (တေးသံရှင်)

အေးချမ်းမွန်မှ DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

“ခါတိုင်းခါတိုင်းဆိုရင် ကျမက တခြားနိုင်ငံမှာမဟုတ်လားရှင်။ အဲအခါကျတော့ ကိုယ့်နိုင်ငံက မြန်မာပြည်သားအားလုံးကို၊ ကျမချစ်တဲ့ သောတရှင်တွေအားလုံးကို သီချင်းလေးတပုဒ်နဲ့ အမြဲတမ်းပို့လွှတ်ပြီး မေတ္တာပို့ခဲ့ပါတယ်။ ဒီနှစ်တော့ သီချင်းလေးကို ကျမ မရေးနိုင်ပါဘူး။ အဲဒါကြောင့် အားလုံးကို နှလုံးစိတ်ဝမ်း ချမ်းသာပါစေ၊

လက်စွပ်လို အသုံးပြုနိုင်သလို နားမှာလည်း ခွေပြီး ပတ်ထားလို့ ရတဲ့ O.R.B လက်စွပ်

လက်စွပ်၊ နားကပ်-ဖုန်း ORB

လက်စွပ်လို အသုံးပြုနိုင်သလို နားမှာလည်း ခွေပြီး ပတ်ထားလို့ ရပါတယ်။ သူ့ကို O.R.B လက်စွတ်လို့ အမည်ပေးထားပါတယ်။

အဝင်ဖုန်းဖြေဆိုမယ်ဆိုရင် လက်စွပ်ကို နားမှာ တပ်ဆင်လို့ရအောင် ခွေ လိုက်လို့ ရပြီး ဝင်လာတဲ့ Message တွေကိုလည်း လက်စွပ်ပေါ်က LED မျက်နှာပြင်သေးသေးလေးကနေ ဖတ်ရှုလို့ ရပါတယ်။ Bluetooth ပါဝင် ပါတယ်။ caller ID, Message, Calandar Reminder အစရှိသဖြင့် တို့ကို လက်စွတ်ကွင်းလေးပေါ်မှာ ဖော်ပြနိုင်ပါတယ်။

စမတ်ဖုန်းနဲ့ တွဲသုံးတဲ့ Bluetooth နားကြပ်ကိုမှ function စုံစုံလင်လင် အသုံးပြုလို့ရအောင် ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက Hybra ခတ်မှီနည်းပညာ ကုန်ပစ္စည်း တီထွင်ထုတ်လုပ်ရေး ကုမ္မဏီမှ ရေးဆွဲ ဖန်တီးထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အမှန်တကယ် ထုတ်လုပ်မှာ ဖြစ်ပြီး ပူးပေါင်း လုပ်ကိုင်မယ့် ကုမ္မဏီကို စောင့်ဆိုင်းလျက် ရှိတယ်လို့ သိရပါတယ်။

ံHybra ကုမ္မဏီရဲ့ ဝဘ်ဆိုဒ်မှာ အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်။

http://hybratech.com/products/orb.php

ရိုးရာလေး သတင်း
အေးချမ်းမွန်မှ YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

လက်စွပ်၊ နားကပ်-ဖုန်း ORB

လက်စွပ်လို အသုံးပြုနိုင်သလို နားမှာလည်း ခွေပြီး ပတ်ထားလို့ ရပါတယ်။ သူ့ကို O.R.B လက်စွတ်လို့ အ
မည်ပေးထားပါတယ်။ အဝင်ဖုန်းဖြေဆိုမယ်ဆိုရင် လက်စွပ်ကို နားမှာ တပ်ဆင်လို့ရအောင် ခွေ လိုက်လို့ ရ
ပြီး ဝင်လာတဲ့ Message တွေကိုလည်း လက်စွပ်ပေါ်က LED မျက်နှာပြင်သေးသေးလေးကနေ ဖတ်ရှုလို့ ရပါ
တယ်။

မြစ်ကြီးနား-ပူတာအို ကားလမ်းတလျှောက် ဒီဇင်ဘာလ အတွင်း ဗမာ စစ်ကြောင်း အလုံးအရင်း နှင့် ၀င်လာနေ

မြစ်ကြီးနား-ပူတာအို ကားလမ်းတလျှောက် ဒီဇင်ဘာလ အတွင်း ဗမာ စစ်ကြောင်း အလုံးအရင်း နှင့် ၀င်လာသောကြောင့် လမ်းတလျှာက်ရှိ ရွားသားများ အားလုံး ကေအိုင်အေ တပ်မဟာ (၁) ရှိရာ မလိခ အရှေ့ဖက်ကမ်းသို့ ထွက်ပြေးနေရကြောင်း သိရသည်။

ကေအိုင်အေ မျိုးချစ် ရဲဘော် များ မှလဲ အသက်လဲပြီးကာကွယ် ပေးနေကြောင်း၊ ဗမာ စစ်ကားများကို မိုင်းခွဲတိုက်ခိုက်ခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းများ ကြောင့် ဗမာ စစ်တပ်များ နှောက်နဲစေပြီး အချိန်မှီ ထွက်ပြေးနိုင်ခြင်း ဖြစ်ကြောင်း။ သို့မဟုတ်ပါက တရွာလုံး သတ်ဖြတ်ခြင်းများ ကြုံလာနိုင်ကြောင်း သိရသည်။ အခုချိန်မှာ ဗမာ စစ်သားများ အကျအဆုံး များကြောင်း သိရသည်။

(ဒူဝါဆီမှ ထပ်ဆင့်ကူးယူတင်ပြခြင်း)

မြစ်ကြီးနား-ပူတာအို ကားလမ်းတလျှောက် ဒီဇင်ဘာလ အတွင်း ဗမာ စစ်ကြောင်း အလုံးအရင်း နှင့်ဝင်လာ
သောကြောင့် လမ်းတလျှာက်ရှိ ရွားသားများ အားလုံး ကေအိုင်အေ တပ်မဟာ (၁) ရှိရာ မလိခ အရှေ့ဖက်
ကမ်းသို့ ထွက်ပြေးနေရကြောင်း သိရသည်။

ကချင်ငြိမ်းချမ်းရေးဆုတောင်းပွဲကျင်းပရန် ငြိမ်းချမ်းရေးလိုလားသော ပြည်သူများက ဇန်န၀ါရီ ၁ ရက်တွင် မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ရန်ခွင့်ပြုချက်ရပြီ

ကချင်ငြိမ်းချမ်းရေးဆုတောင်းပွဲတစ်ခုကို ငြိမ်းချမ်းရေးလိုလားသော ပြည်သူများက ဇန်န၀ါရီ ၁ ရက်တွင် မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ရန်ခွင့်ပြုချက်ရပြီဟု အဖြူရောင်တွဲလက်များမှ ကိုဘိုဘိုက ပြောကြားသည်။ မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ ခွင့်ပြုချိန် ၃ နာရီ လူဦးရေ ၂၀၀ ခွင့်ပြုချက်ရခဲ့သော်လည်း အသံချဲ့စက်၊ ပရိုဂျက်တာနှင့် တင်ပြထားသော ကြွေးကြော်သံဆောင်ပုဒ် (slogan)များမှအပ အခြားအချက်အလက်များကို ခွင့်မပြုကြောင်း ကိုဘိုဘိုကပြောသည်။

မြန်မာအစိုးရ ဆင်ရုပ်ဖြင့် ယတြာ ချေနေ

မြန်မာအစိုးရ ဆင်ရုပ်ဖြင့် ယတြာချေ 

December 31,2012 by Myitkyina blog news

ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် မြန်မာ့လေတပ်က ကချင်ပြည်နယ်အနှံ့ လေယာဉ်မှနေ၍ အပြာရောင်ပလပ်စတစ် ဆင်ရုပ်ကို ကျဲချခဲ့သည်။ ယင်းဆင်ရုပ်ကို မြစ်ကြီးနားမြို့၊ ၀ိုင်းမော် ဧရာဝတီမြစ်ရိုးတလျှောက်၊ လိုင်ဇာမြို့ အထက် ကောင်းကင်တွင် ပျံဝဲနေသည် တွေ့ရှိခဲ့ကြရသည်။ အချို့အရုပ်သည် တရုတ်နိုင်ငံဘက်ခြမ်းသို့လည်း ကျရောက်ခဲ့ကြောင်း သိရှိရသည်။ နေ့လည်(၁၂)နာရီအချိန်တွင် Bomber လေယာဉ်တစ်စီး ပျံသန်းသွားပြီး နောက် ဆင်ရုပ်ကို လေထဲပျံဝဲနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ယင်းဖြစ်ပျက်မှုနှင့်ပတ်သက်၍ မြန်မာ့လေတပ် မိသားစုအသိုင်းအ၀ိုင်းမှ သိရှိရသည်မှာ- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်၏ထမီကို မီးရှို့ပြာချကာ ယင်းပြာမှုန့်ကို ဆင်ရုပ်တွင်ချိတ်ဆွဲ၍ ကချင်ပြည်နယ် အနှံ့ ကျဲချခဲ့သည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်တစ်ခုလုံးကို မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးအောင်မြင်မှု ရရှိရန် ဤကဲ့သို့ ယတြာချေပြုလုပ်ခြင်းဖြစ်ကြောင်း ပြောဆိုလျက်ရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် မြန်မာ့လေတပ်က ကချင်ပြည်နယ်အနှံ့ လေယာဉ်မှနေ၍ အပြာရောင်ပလပ်
စတစ် ဆင်ရုပ်ကို ကျဲချခဲ့သည်။ ယင်းဆင်ရုပ်ကို မြစ်ကြီးနားမြို့၊ ၀ိုင်းမော် ဧရာဝတီမြစ်ရိုးတလျှောက်၊ လိုင်
ဇာမြို့ အထက် ကောင်းကင်တွင် ပျံဝဲနေသည် တွေ့ရှိခဲ့ကြရသည်။

“ဒေါ်အောင်ဆန်းစုကြည် ၂၀၁၄ မှာ သမ္မတ ဖြစ်မယ်”လို့ပြောတဲ့ နက္ခတ္တဗေဒ ဆရာ စံဇာဏီဘို

နက္ခတ္တဗေဒ ဆရာ စံဇာဏီဘို (ဓာတ်ပုံ- ဧရာဝတီ)
နက္ခတ္တဗေဒ ဆရာ စံဇာဏီဘို (ဓာတ်ပုံ- ဧရာဝတီ)
နှစ်သစ်ကူးဖို့ နီးကပ်လာပါပြီ။ ကူးပြောင်းတော့မယ့် ၂၀၁၃ ခုနှစ်အတွက် ကြိုတင်ဟောကိန်းတွေ သိနိုင်ဖို့ နာမည်ကျော် မြန်မာ နက္ခတ္တဗေဒ ပညာရှင်တဦးဖြစ်သူ ဆရာ စံဇာဏီဘိုကို ဧရာဝတီက တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။ မြန်မာ့ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အရှိန်နှေးကွေးနေမှာ ဖြစ်ကြောင်း လာမည့်နှစ် ဂြိုလ်ခွင်တွေအရ ခန့်မှန်း ဟောကိန်း ထုတ် လိုက်ပါတယ်။

လက်အဆစ် ချိုးခြင်းကအရိုးအဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီးသွားစေနိုင်

လက်အဆစ် ချိုးလျှင် 

လက်အဆစ် ချိုးခြင်းက အဆစ်ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။ သို့ပေမယ့် လက်ဆစ်ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။ 

လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုးအဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီးသွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများအပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုးများအား သေစေပါတယ်။ 

နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုးတယ်ရယ်လို့မဟုတ်ပဲ ချိုးတဲ့ အဆစ်များအားလုံး ဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်းများတယ်လို့ ဆေးပညာရှင်များက ဆိုထားတယ် လို့ သိရပါတယ်။ 
--
Ref: medic-facts
International news for myanmar

http://www.innewsmyanmar.com/2012/12/blog-post_31.html


---

က်အဆစ် ချိုးခြင်းက အဆစ်ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။ သို့ပေမယ့် လက်ဆစ်
ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။

NEW YEAR COUNTDOWN အစီအစဉ် ဖျော်ဖြေပွဲ ကျင်းပမည်

ထူးခြား ဆန်းသစ်သော NEW YEAR COUNTDOWN အစီအစဉ် အဖြစ် DJ, DANCER များ၏ ဖျော်ဖြေမှု များနှင့်အခြားပျာ်ရွှင်စရာအစီအစဉ် များစွာကို ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီတွင်ကန်တော်ကြီး မျှော်စင်
ကျွန်း၌ ကျင်းပ ဖျော်ဖြေမည် ဖြစ်ရာ METAL ZONE တီးဝိုင်းနှင့် အတူ အဆိုတော် Rဇာနည်၊ လင်းလင်း၊ ဆို
တး၊ ဉာဏ်လင်းအောင်၊ S.I.R,  Big Bag, Reason, Wanted , Idiots၊ ဝိုင်းစု ခိုင်သိန်းနှင့် အေသင် ချိုဆွေတိုပါ
ဝင် ဖျော်ဖြေမည် ဖြစ်သည်။

လျှို့ဝှက်စွာ ကြီးထွားခဲ့သော WINDOWS TABLET များ၏ သမိုင်းတစ်စ

တက်ဘလက်တွေရဲ့ သမိုင်းကို ပြောရမယ်ဆိုရင် ၁၉၈၆ ခုနှစ်ကတည်းက စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကွန်ပျူတာ ပညာရှင် အလန်းခေးဟာ ပထမဆုံး တက်ဘလက်ပုံစံကို စဉ်းစားတွေးခေါ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့ ထုတ်ကုန်တစ်ခုအဖြစ်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

myanmar Mini နှင့် Cherry QQ 3 မော်တော်ယာဉ်များ အတွက် အခမဲ့ ၀န်ဆောင်မှု ပေးပြီ

စက်မှုဝန်ဘကီးဌာနနှင့် Cherry Automobile Co,Ltd., တို့ ပူးပေါင်း ထုတ်လုပ် တင်သွင်း လျက် ရှိသော myanmar Mini နှင့် Cherry QQ 3 မော်တော်ယာဉ်များ အတွက် အခမဲ့ ၀န်ဆောင်မှု များကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဆောင်ရွက်ပေး မည့် ၀န်ဆောင်မှု များမှာ Fiter သုံးမျိုး လဲလှယ်ပေးခြင်း နှင့် လဲလှယ်ရန် မလိုသည့် ကားများ အတွက် မေတ္တာ လက်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သမီးလေးယောက်နှင့်အတူ မီးရှို့အသေခံခဲ့သည့်မိခင်

အိုကလားဟိုးမားမြို့တွင် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က မီးလောင်မှုတစ် ခု ဖြစ်ပွားခဲ့ရာ မိခင်တစ်ဦးသည် သူမနှင့်အတူ သမီးလေးယောက် ကိုမီးရှို့သတ်သေသွားခြင်းဖြစ်ကြောင်း  ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ခဲ့သည်။

တရုတ် စာရေး ဆရာ ၈ ဦးကို Apple က လျော်ကြေး ပေးလိုက်ရ

တရုတ် စာရေး ဆရာ ၈ ဦးကို Apple က လျော်ကြေး ပေးရ

Apple ရဲ့ iTunes နဲ့ သက်ဆိုင်တဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ တရုတ် စာရေးဆရာ ၈ ဦးရဲ့ ခွင့်ပြုချက် အရပဲ သူတို့စာအုပ်တွေ ကို iTunes မှ တစ်ဆင့် Apple က ဖြန့်ချိခဲ့လို့ ဖြစ်ပါတယ်။ ယင်းအတွက် တရားဆွဲဆို
 မှုကြောင့် ပေကျင်းမြို့  ပေါ်တရားရုံးက စီရင်ချက် ချလိုက်ခြင်း ဖြစ်ပါတယ်။

အဓမ္မကျင့်ခံရတဲ့ အိန္ဒိယ ဆေးကျောင်းသူ မြုပ်နှံသဂြုင်္ိဟ် လိုက်ပြီ

အိန္ဒိယနိုင်ငံမှာ အုပ်စုလိုက် အဓမ္မပြုကျင့်တာ ခံခဲ့ ရတဲ့ ဆေးကျောင်း သူလေးရဲ့ အလောင်းကို မိသားစုက
မှုပ်နှံသဂြုင်္ိဟ်တဲ့ အခမ်းအနား သီးသန့် ကျင်းပခဲ့ပါတယ်။ဒီ ဆေးကျောင်းသူလေးအဓမ္မ ပြုကျင့်ခံရမှုနဲ့ သေ
ဆုံးခဲ့တာ အတွက် အိန္ဒိယ နိုင်ငံတလွှား ၀မ်းနည်း ပူဆွေး မှုတွေနဲ့ ဒေါသတွေ ထွက်ခဲ့ကြပါတယ်။

မြန်မာသီချင်းနှင့် ညစ်ညမ်းခွေမပါပဲ ဆင်ဆာမဲ့အခွေဆိုင်များ ဆက်လက်ရောင်းချနေဆဲ


ဆင်ဆာမဲ့ခိုးကူးခွေအရောင်းဆိုင်များအား တရားဝင်ခွင့်ပြု ရောင်းချခွင့်မပြုသော်လည်း နားလည်ယူ၍ ဖွင့်လှစ်ရောင်းချနေဆဲဖြစ်ကြောင်း လမ်းဘေးဆင်ဆာမဲ့ အခွေဖွင့်လှစ်ရောင်းချနေသူများထံက သိရှိရ
သည်။

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန် 

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။ 

သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။

စကင်နီ ဘောင်းဘီ ဝတ်သော အမျိုးသမီးများဟာ အခြား ဘောင်းဘီ ဝတ်ဆင်လေ့ ရှိတဲ့ အမျိုးသမီးများနဲ့ စာရင် ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါတယ်။ ကိုယ်ဝန်ရှိစဉ် ကာလမှာ စကင်နီ ဘောင်းဘီ ဝတ်ခြင်း ကလည်း ပျက်ကျဖို့ အနီးစပ်ဆုံးပဲ ဖြစ်ပါတယ်။ ခါးပေါ်ပဲ တင်ဝတ်ဝတ်၊ ခါးအောက်ပဲ လျှော ဝတ်ဝတ် သွေးနဲ့၊ အာရုံကြော များကို ကြပ်ကြပ် စည်းထားတဲ့အတွက် ခါးအောက်ပိုင်း တစ်ခုလုံး ဒဏ်ဖြစ်လာ တတ်ပါတယ်။ အာရုံကြောစနစ်ဆိုတာ ခြေဖျားကနေ ဦးနှောက်အထိ အားလုံး ဆက်စပ် နေပြီး ခါးအောက်ပိုင်း အာရုံကြော စနစ် အားနည်းမှုက အခြား ကိုယ်အစိတ်အပိုင်းများသို့လည်း သက်ရောက်မှု ရှိပါတယ်။ 

ကိုယ်ကြပ်ဘောင်းဘီရဲ့  ဒဏ်ကို အမျိုးသားများ ပိုခံရပါတယ်။ အထူးသဖြင့် ဆီး လမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေ ပိုများပြီး ဆီးသွားရ မလွယ်ကူခြင်း၊ ဆီးလမ်းကြောင်းလွဲခြင်း၊ ဆီးလမ်းကြောင်းမှ တစ်ဆင့် ပိုးဝင်ခြင်း၊ ကျောက်ကပ် နှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်းတို့အထိ ဆိုးကျိုး ရှိပါတယ်။ 

ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်လေ့ရှိသော အမျိုးသမီး တစ်ဦး ဟာ သားအိမ်လမ်းကြောင်းလွဲပြီး ကလေးမမွေးနိုင်တဲ့ အခြေအနေ အထိ ဖြစ်ခဲ့တာလည်း ရှိခဲ့ဖူးပါတယ်။ 

အားလုံးချည်းပြောလို့ ကိုယ်ကြပ်ဘောင်းဘီ မဝတ်သင့်ပါဘူးလို့ ဆိုလိုခြင်း မဟုတ်ကြပါဘူး။ ဒီလိုသာ ဖြစ်ကြေးဆိုရင် အားလုံး ဆီးလမ်းကြောင်းနဲ့ ဆိုင် တဲ့ ရောဂါများ ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ဖြစ်ကြပေမယ့် ဒါဟာ ချက်ခြင်း မဟုတ်ပဲ တဖြည်းဖြည်းနဲ့ အားယူလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ဗြိတိန်မှာ စကင်နီ ဘောင်းဘီ ဝတ်တဲ့ အမျိုးသား အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ထားပြီး ဖြစ်ရာ အမြဲ စွဲဝတ်သူများအတွက် ကျန်းမာရေး ဆိုးကျိုး ပိုများတယ်ဆိုတာကို လေ့လာ တွေ့ရှိထားပါတယ်။ 

ဒါကြောင့် ကိုယ်ကြပ်ဘောင်းဘီကို ဝတ်ဆင်တဲ့ ဖက်ရှင်ကို နှစ်သက်ပေမယ့် အမြဲ စွဲဝတ်တဲ့ အလေ့အထတော့ မပြုလုပ်ရန် လိုအပ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref- medic-facts
International news for myanmar

http://www.innewsmyanmar.com/2012/12/blog-post_30.html

---

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။

စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်းမေးခွန်းထုတ်

စစ်ဦးစီးချုပ်အား ကိုမြအေးက အတိအလင်းမေးခွန်းထုတ်

ရန်ကုန် ၊ ဒီဇင်ဘာ၊၃၀ ။

ဒီဇင်ဘာလ (၃၀) ရက်နေ့က ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် 
ပက်သက်၍ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ဦးစီးချုပ်ကို မေးခွန်းထုတ်စရာများ ရှိနေကြောင်းကို ကိုမြအေးက ပြောကြားသွားခဲ့သည် ။
 	
"ကျွန်တော် ထောင်ကလွှတ်လာပြီးကတည်းက ကချင်ပြည်နယ် 
ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်နေတာ တစ်နှစ်ရှိပါပြီ ၊ 
လက်ရှိ အခြေအနေမှာ ဘာမှအရာမထင်သေးတဲ့အပြင် ပိုပြီးဆိုးရွာလာတာတွေ တွေ့လာရတဲ့အခါမှာ လက်ရှိအစိုးရကို
 မေးခွန်းထုတ်စရာ အများကြီး ရှိလာပါတယ် ၊ နောက်ကြောင်းပြန်
လှည့်နေသလားလို့ သံသယဖြစ်စရာတွေ ကျွန်တော်တို့ တွေ့လာရပါတယ် ၊ နောက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တိတိလင်းလင်း
ပြောချင်ပါတယ် ၊ ဒီလိုစစ်တွေဖြစ်ပြီး ဖိအားပေးပြီးလုပ်နေတဲ့
 စေ့စပ်ဆွေးနွေးပွဲတွေဟာအာရပ် အစ္စရေးကို ပြန်ကြည့်ပါ ။
 အခုထိမပြီးဆုံးသေးပါဘူး ။ ဒီလိုအချင်းချင်း စခန်းတစ်ခုကို သိမ်းပြီးတော့မှ
 အကယ်ဒမီဆုတွေယူဖို့ ပြိုင်နေမှာလားဆိုတာကို
ကျွန်တော် မေးချင်ပါတယ် " ၄င်းကပြောကြားခဲ့သည် ။
 
ဆက်လက်ပြီး "အခုလက်ရှိုကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့
 ပြည်တွင်းစစ်မှာ ကြောက်စရာကောင်းတဲ့ စစ်လက်နက် ပစ္စည်းတွေအပြင် လေယာဉ်တွေ ၊ ဟယ်လီကော်ပရာတွေ သုံးပြီးတော့ တိုက်နေကြရအောင် ဘာအကျိုးကျေးဇူး ရှိပါသလဲ ၊ အဲတာတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ် ။
ဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိုလုံးဝမရနိုင်ဘူး ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ " ဟု ထပ်မံပြောကြားသွားသည် ။ 
 	 
ဒီဇင်ဘာလ(၂၃)ရက်နေ့ နောက်ပိုင်းမှစတင်၍  တပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် ထပ်မံဖြစ်ပွားနေသော အဆိုပါစစ်ပွဲတွင် 
တပ်မတော်ဘက်မှ ဂျနီဗာကွန်ဗင်းရှင်းပါ အချက်အလက်များအရ
 ပြည်တွင်းစစ်တွင် အသုံးမပြုရန် တားမြစ်ထားသော စစ်ဂျက်လေယဉ်များ ၊ ၁၀၅မမ ၊ ၁၂၀မမကဲ့သို့သော အဖျက်စွမ်းအားမြင့် အမြောက်များနှင့် မူးဝေအော့အန်စေသော ဓါတုလက်နက်ဟုယူဆရသည့် ဓါတ်ငွေ့များကို
 အသုံးပြုနေကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဒေါ်မေစံပယ်ဖြူ၏
 ပြောကြားချက်အရ သိရသည် ။

ထက်နောင်နောင်

ဒီဇင်ဘာလ (၃၀) ရက်နေ့ကကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင်ပက်သက်၍ ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်း
ပွဲတွင် စစ်ဦးစီးချုပ်ကို မေးခွန်းထုတ်စရာများ ရှိနေကြောင်းကို ကိုမြအေးက ပြောကြားသွားခဲ့သည် ။

ဘုန်းကြီးလမ်း စံပြ ...မီးပွိုင့် အကျော်တွင်....226 ယာဉ်မှမီးပွိုင့်လွတ်ရန် အရှိန်ပြင်းစွာ ဖြတ်ကျော်မောင်းနှင်ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ ကား ၉စီးဆက် ဆင့်တိုက်မှုဖြစ်ပွား။

ယနေ့ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၈နာရီး ၃0 မိနစ်ခန့်က အနောက်ပိုင်းခရိုင် ယာဉ်လိုင်းတစ်ခုဖြစ်သည့် ၂၂၆ ယာဉ်လိုင်းမှ ၆ခ/၄၈၈၁ မှသည် ရန်ကုန်တိုင်း ၊ လမ်းမတော်မြို့နယ် ၊ ဘုန်းကြီးလမ်း ပေါ်တွင် စံပြမီး
ပွိုင့်ကို ဖြတ်ကျော်ခဲ့ရာတွင် အရှိန်မထိန်းနိုင်းဘဲ အရှေ့မှသွားနေသည့်ကားများ၊ လမ်းညာဘက်ခြမ်းတွင်ရပ်
ထားသည့် ကားများကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

တရားမ၀င် ၀င်ရောက်ဖို့ သင်္ဘောနဲ့ထွက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၅၀၀ ခန့် ကို ကပ္ပတိန်က သင်္ဘောပေါ်မှ အတင်းအကြပ် ခုန်ချခိုင်း

မလေးရှားနိုင်ငံကို တရားမ၀င် ၀င်ရောက်ဖို့ သင်္ဘောနဲ့ထွက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၅၀၀ ခန့်ကို ကပ္ပတိန်က သင်္ဘောပေါ်မှ အတင်းအကြပ် ခုန်ချခိုင်းကာ မီတာ ၅၀၀ ရေကူးခဲ့ရပြီး မလေးရှားနိုင်ငံ Langkawi ကျွန်း (ထိုင်းတောင်ပိုင်းနယ်စပ်နှင့် နီးကပ်) Teluk Burau ကမ်းခြေကို ရောက်ရှိခဲ့ပါတယ်။ မလေးရှားရဲများက ကမ်းခြေမှာ ပင်ပန်းနွမ်းနယ်နေတဲ့ မြန်မာနိုင်ငံသား ၄၄၉ ဦးကို တွေ့ခဲ့ပြီး ၁ ဦးက ရေနှစ်သေဆုံးပြီး ၂ ဦးကတော့ အခြေအနေဆိုးတယ်လို့ ပြောပါတယ်။ အယောက် ၅၀ ခန့်က ကမ်းခြေကိုရောက်ခဲ့ကာ ခိုပုန်းနေတယ်လို့ ယူဆကြောင်း မလေးရှားရဲများက ဆိုပါတယ်။ သူတို့ဟာ သင်္ဘောခရီးအတွက် မလေးရှားငွေ ၁၀၀၀ စီပေးရပြီး မြန်မာနိုင်ငံမှ သင်္ဘောနှင့် ၁၅ ရက်ကြာ ထွက်ခွာခဲ့ကြောင်း၊ ယခုအခါ ဖမ်းဆီးခံရသူများကို Langkawi ရဲစခန်းမှာ ထားရှိကြောင်း ရဲအရာရှိ Harrith Kam က ပြောသွားပါတယ်။

 The Star online, Dec 31, 2012

မလေးရှားနိုင်ငံကို တရားမ၀င် ၀င်ရောက်ဖို့ သင်္ဘောနဲ့ထွက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၅၀၀ ခန့်
ကို ကပ္ပတိန်က သင်္ဘောပေါ်မှ အတင်းအကြပ် ခုန်ချခိုင်းကာ မီတာ ၅၀၀ ရေကူးခဲ့ရပြီး မလေးရှားနိုင်ငံ Lang
kawi ကျွန်း (ထိုင်းတောင်ပိုင်းနယ်စပ်နှင့် နီးကပ်) Teluk Burau ကမ်းခြေကို ရောက်ရှိခဲ့ပါတယ်။

မိုးရွာလျှင် တူရိယာသံစုံ ထွက်သော အိမ်

မိုးရွာလျှင် တူရိယာသံစုံ ထွက်သော အိမ်

30 DECEMBER 2012  

မိုးရွာရင် လူတီးစရာ မလိုပဲ အလိုအလျောက် သံစုံ ထွက်တဲ့ အိမ် အပြင်မှာ တကယ်ရှိပါတယ်။
ဂျာမနီနိုင်ငံ၊ Saxony ပြည်နယ် Dresden မြို့ ထဲမှာ ဖြစ်ပြီး အနုပညာရှင်နဲ့ ဒီဇိုင်နာ များ ဖြစ်တဲ့ Christoph Roßner, Annette Paul နဲ့ Andre Tempel တို့က ဖန်တီးထားတာ ဖြစ်ပါတယ်။ သူတို့ သုံးယောက်နေတဲ့ တိုက်လည်း ဖြစ်ပါတယ်။
အိမ်ခေါ်မိုးက ကျလာတဲ့ မိုးရေကို အသုံးပြုလို့ ပုလွေ၊ အနောက်တိုင်း နှဲ တစ်မျိုး ဖြစ်တဲ့ ဆက်ဆိုဟွန်း (Saxophone) ပေါင်းများစွာနဲ့ ဖန်တီး ထားပါတယ်။ အချက်မှန်မှန် ထွက်အောင်လည်း တစ်ခါတည်း အီလက်ထရောနစ် ဆားကစ် ချိန်သလို ချိန်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် မိုးရွာပြီဆိုတာနဲ့၊ ဘယ်လောက်များများ၊ ဘယ်လောက်နည်းနည်း အနောက်တိုင်း စစ်တီးဝိုင်း သို့မဟုတ် အကတီးဝိုင်းက သံစဉ်များကို ကြားရမှာ ဖြစ်ပါတယ်။
၎င်းတို့ရဲ့ တီထွင်ဆန်းသစ်မှုကြောင့် လာရောက် လေ့လာသူများနဲ့ အမြဲ စည်ကားလျက် ရှိကြောင်း သိရပါတယ်။ 
--
Ref: wiki

အေးချမ်းမွန်မှ   ရိုးရာလေး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

မိုးရွာရင် လူတီးစရာ မလိုပဲ အလိုအလျောက် သံစုံ ထွက်တဲ့ အိမ် အပြင်မှာ တကယ်ရှိပါတယ်။ဂျာမနီနိုင်ငံ၊ 
Saxony ပြည်နယ် Dresden မြို့ ထဲမှာ ဖြစ်ပြီးအနုပညာရှင်နဲ့ ဒီဇိုင်နာ များ ဖြစ်တဲ့Christoph Roßner, Annette 
Paul နဲ့ Andre Tempel တို့ကဖန်တီးထားတာ ဖြစ်ပါတယ်။သူတို့သုံးယောက်နေတဲ့ တိုက်လည်း ဖြစ်ပါတယ်။

ရှားစောင်းလက်ပပ် ဘယ်လို အသုံးဝင်လဲ

ရှားစောင်းလက်ပပ် ဘယ်လို အသုံးဝင်လဲ

ရှားစောင်း လက်ပပ် အရွက်ကို အရင်းကနေ ဓါးထက်ထက်နဲ့ ဖြတ်ပါ။ တစ်ယောက်စာ အတွက်ပဲ ဆိုရင်တော့ လေးရွက်၊ ငါးရွက်လောက် အနည်းဆုံး ဖြတ်ယူပါ။ အရွက်ငယ် လေးတွေကို မဖြတ်ပဲ အပင်မှာပဲ ချန်ထားခဲ့ပါ။ ရေစင်စင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ဖျားကို ဖြတ်ပစ် လိုက်ပါ။
၁။ ဓါးနဲ့ ပါးပါးလှီးပြီး သစ်သီး ဖျော်ရည်စက်နဲ့ မွှေပါ။

၂။ ပိတ်စပါး သန့်သန့်နဲ့ အရည်ညှစ်ပါ။ ရှားစောင်း လက်ပပ်ရည်ကို အိုးသန့်သန့် တစ်လုံးနဲ့ ခံယူပါ။

၃။ ရှားစောင်း လက်ပပ်ရည်ကို မီးဖိုပေါ်တင်ပြီး မိနစ်၃၀ ခန့်ကြာအောင် ကျိုပါ။ ဆူလာတဲ့ အခါမှာ အမြှုပ်တွေ တက်လာ ပါလိမ့်မယ်။ တက်လာတဲ့ အမြှုပ်တွေကို ခပ်ထုတ် ပစ်ပါ။ အမြှုပ်တွေဟာ ဖန်တဲ့ အရည်တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် အမြှုပ်တွေကို ကုန်အောင် ခပ်ထုတ် ရတာပါ။

၎။ ပျားရည် (သို့မဟုတ်) သကြားသန့်သန့် သင့်ရုံ လောက်ကို ကြိုက်နှစ်သက်တဲ့ အရသာ ဖြစ်အောင်ထည့်ပြီး သမအောင် မွှေပေးပါ။ အအေးခံထားပြီး ရေခဲ သေတ္တာထဲ ထည့်သိမ်း ထားနိုင်လျှင် ပိုကောင်း ပါတယ်။ သွေးချို၊ ဆီးချို ရှိသူများ အတွက်ကတော့ အချို မထည့်သင့်ပါဘူး။ သဘာဝအတိုင်း သောက်တာ ပိုကောင်း ပါတယ်။ ရှားစောင် လက်ပပ် သတ္တုရည်ကို နေ့စဉ် ကြွေဇွန်းကြီး ၁ဇွန်းနှုန်းဖြင့် သုံးကြိမ် သောက်သင့် ပါတယ်။

ရှားစောင်း လက်ပပ်ရည်ကို ဒီအတိုင်းပဲ ထားမယ်ဆိုရင် သူ့ထဲမှာပါဝင်တဲ့ အောက်ဇားလစ် အက်ဆစ် Oxalic Acid တွေက ဓါတ်ပြောင်း သွားတတ်ပါ တယ်။ ဒါကြောင့် ရေခဲသေတ္တာ မရှိသူများ နှစ်ရက်စာ လောက်သာ ကျိုချက် သောက်လျှင် ကောင်းပါတယ်။ နှစ်ရက်ထက် ပိုမထား သင့်ပါဘူး။

ရှားစောင်းလက်ပပ် အမှုန့် ပြုလုပ်နည်း

ရှားစောင်းလက်ပပ် အမှုန့်ပြုလုပ်နည်းကတော့ ...

ရှားစောင်း လက်ပပ် အရွက်ကို သန့်စင်အောင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ချွန်တွေကို ဖယ်ပြီး ပါးနိုင် သလောက် ပါးအောင် လှီးပါ။ ပါးလေ ကောင်းလေ ဖြစ်ပါတယ်။

လှီးထားတဲ့ ရှားစောင်း လက်ပပ် အဖတ်လေးတွေကို ၀ါးနဲ့ လုပ်ထားတဲ့ ဆန်ကောထဲမှာ ဖြန့်လှန်းပါ။ တစ်ရက်နဲ့ မခြောက်ရင် နှစ်ရက်၊ သုံးရက် စသည်ဖြင့် လုံးဝ ခြောက်သွားအောင်လှန်းပါ။

နှစ်ရက်၊ သုံးရက် ကြာတဲ့အခါ ရှားစောင်း လက်ပပ်တွေ လုံးဝ ခြောက်သွားပြီ ဆိုရင် ဆုံထဲမှာ ထည့်ပြီး ထောင်းပါ။ မှုန့်မှုန့်ညက်ညက် လိုချင်တယ် ဆိုရင် တော့ ဆန်ကာချ ပေးရုံပါပဲ။

ရှားစောင်း လက်ပတ် အခြောက်မှုန့် သောက်နည်းကတော့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို

ရေနွေး တစ်ခန်ခွက်နဲ့ ရောပြီး တစ်နေ့နှစ်ကြိမ်၊ သုံးကြိမ် သောက်ပါ။

ရှားစောင်းလက်ပပ် အမှုန့်ပြုလုပ်ဖို့ အချိန်မရသူတွေ အတွက် ရှားစောင်း လက်ပပ် အခြောက်ဖတ် အတိုင်း ရေနွေးဆူဆူထဲ ခတ်ပြီး ရေနွေးကြမ်း သောက်သလို သောက်သုံး နိုင်ပါ တယ်။ သောက်ရတာ ခက်တယ် ထင်ရင်တော့ ပျားရည် လေးနည်းနည်း ထည့်သောက်ပါ။ သွေးချို၊ဆီးချိုရှိ သူများ အတွက်ကတော့ ပျားရည် မထည့်သင့်ပါဘူး။ ပျောက်ကင်း ကာကွယ် နိုင်တဲ့ ရောဂါများကတော့ အစာအိမ် ပြည်တည်နာနဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ ရောဂါ၊ ဆီးချို၊ သွေးချို၊အသည်း၊ သွေးတိုးရောဂါ အစရှိသည် တို့ကို ကာကွယ် ပျောက်ကင်း နိုင်ပါတယ်။

မြဝတီ ကျန်းမာရေးကဏ္ဍ

ရှားစောင်း လက်ပပ် အရွက်ကို အရင်းကနေဓါးထက်ထက်နဲ့ ဖြတ်ပါ။တစ်ယောက်စာအတွက်ပဲဆိုရင်တော့
လးရွက်၊ ငါးရွက်လောက် အနည်းဆုံး ဖြတ်ယူပါ။ အရွက်ငယ် လေးတွေကို မဖြတ်ပဲ အပင်မှာပဲ ချန်ထား
ခဲ့ပါ။ ရေစင်စင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ဖျားကို ဖြတ်ပစ် လိုက်ပါ။

ထာဝရအလင်းတန်းများ ဇာတ်ကားသည် တရုတ်ရုပ်ရှင်အား တိုက်ရိုက် ကော်ပီရိုက်ကူးထားကြောင်းသိရ

ထာဝရအလင်းတန်းများ ဇာတ်ကားသည် တရုတ်ရုပ်ရှင်အား တိုက်ရိုက်
ကော်ပီရိုက်ကူး
Monday, December 31, 2012

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီ(၈)ခု ရရှိသွားသော ထာဝရအလင်းတန်းများ ဇာတ်ကားသည် တရုတ်ရုပ်ရှင်အား တိုက်ရိုက်
ကော်ပီရိုက်ကူးထားတာ ဖြစ်ပါကြောင်း။

- ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး (အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု)

- ဒါရိုက်တာ ထွန်းအောင်ဇော် (အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆု)

 - နောင်နောင် (အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု)

- မယ်လိုဒီ (အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု)

 - မော့စ် (အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု)

- ဟိန်းထက် (လယ်ဝေး) (အကောင်းဆုံးတည်းဖြတ်ဆု)

- ဇော်မျိုးထွဋ် (အကောင်းဆုံးတေးဂီတဆု)

- မြင့်ဆောင်၊ စိုးကျော်ဆန်း (အကောင်းဆုံးဇာတ်ညွှန်းဆု) 

http://jacbaburma.blogspot.com/2012/12/blog-post_9308.html

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီ(၈)ခု ရရှိသွားသော ထာဝရအလင်းတန်းများ ဇာတ်
ကားသည် တရုတ်ရုပ်ရှင်အား တိုက်ရိုက်ကော်ပီရိုက်ကူးထားတာ ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား ဆေးရုံတင်ထား

နယူးယောက်၊ ဒီဇင်ဘာ-၃၁
ဦးခေါင်းကို ထိခိုက်မိရာမှတစ်ဆင့် သွေးခဲမှုဖြစ်နေ၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအားဆေးရုံတင်ထား
ရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာက ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။မစ္စစ်ဟီလာရီကလင်တန်အား
နယူးယောက်မြို့Resbyterian Hospital သွေးခဲမှုကိုသက်သာစေမည့်ဆေးဝါးများဖြင့်ကုသနေသည်ဟုကန်နိုင်
ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအကြံပေး မစ္စတာဖိလစ်ရိုင်းနက်စ်ကပြောကြားသည်။

Sunday, December 30, 2012

ကွန်မြူနတီဖလား ရန်ကုန်ယူနိုက်တက် ရရှိ

ကွန်မြူနတီဖလား ရန်ကုန်ယူနိုက်တက် ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀။

မြန်မာနေရှင်နယ်လိဂ် ကွင်းဖွင့်ဖလား (ကွန်မြူနတီဖလား) ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားသော ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဧရာဝတီ ယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဆုဖလားဆွတ်ခူး ရရှိခဲ့ သည်။

ရန်ကုန်ယူနိုက်တက် အသင်းနည်းပြ အိုင်ဗင်ကိုလက်က "အဲပုဂံ လေယာဉ်
ပျက်ကျမှုကြောင့် ဆုံးရှုံးမှုတွေများနေတဲ့ ကျွန်တော်တို့ အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌ နဲ့ ကုမ္ပဏီက လူတွေအားလုံးအတွက် စိတ်ထွက်ပေါက် အောင်မြင်မှု တစ်ခု အနေနဲ့ အခုလို ဆုဖလားရယူပေးနိုင်ခဲ့လို့ ၀မ်းသာမိပါ တယ်” ဟု ပြောကြား သည်။

ပြိုင်ပွဲမစမီအချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း၏ စပွန်ဆာဖြစ်သည့် အဲပုဂံလေယာဉ် မတော်တဆမှုအတွက် သေဆုံးသည့်သူများကို ၀မ်းနည်း သည့်အနေဖြင့် တစ်မိနစ် ငြိမ်သက်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။

ကွန်မြူနတီဖလားပြိုင်ပွဲသို့ လာရောက်ကြည့်ရှုသော ကွင်းဝင်ကြေး ကျပ် ၁၀ သိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာနေရှင်နယ်
လိဂ် အသင်းများမှ လှူဒါန်းငွေ များပေါင်းစပ်ကာ စုစုပေါင်း ကျပ် သိန်း ၁၀၀ ကို ပရဟိတအဖွဲ့ များသို့ လှူဒါန်းမည်ဖြစ် ကြောင်း မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောကြားသည်။

“အားလုံး ၄ နေရာပါ။ အညီအမျှခွဲပြီး လှူဒါန်းသွားမှာပါ။ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းတာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြား သည်။

ပဲခူးတိုင်း ရွှေကျင်မြို့နယ်ပရဟိတကျောင်း၊ တွံတေးဘုရားကြီးပရဟိတ
ကျောင်း၊ မင်းဘူး မဇ္စျိမလွင်ပြင် ပရဟိတကျောင်းနှင့် ဒေးဒရဲ မိဘမဲ့ကျောင်း များသို့ လှူဒါန်းသွားမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် တိုက်စစ်မှူး ဆီဆာက ဂိုးဧရိယာအစပ်မှ လှလှပပ သွင်းယူပေး ခဲ့ခြင်း ဖြစ်သည်။

ဟိန်းသူ


အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၃၀။

မြန်မာနေရှင်နယ်လိဂ် ကွင်းဖွင့်ဖလား (ကွန်မြူနတီဖလား) ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားသော ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဧရာဝတီ ယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဆုဖလားဆွတ်ခူး ရရှိခဲ့ သည်။

မြန်မာစစ်ကြောင်းတွင် သင်္ဃန်းဝတ်ဘုန်းကြီးတစ်ပါးပါဝင်နေ

မြန်မာစစ်ကြောင်းတွင် သင်္ဃန်းဝတ်ဘုန်းကြီးပါဝင်

December 30,2012 by Myitkyina blog news

ဒီဇင်ဘာလ(၃၀)ရက် မနက်(၉)နာရီမှ (၁၀း၃၀)အချိန်အထိ ပန်ဝါဒေသ၊ နယ်ခြားမှတ်တိုင်(၅)တွင် တပ်မ(၈၈) လက်အောက်တပ်ဖွဲ့ ခမရ(၃၀၁) တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ခလရ(၃၀၁) တွင် ဘုန်းကြီးတစ်ပါး ပါဝင်ကြောင်း သိရသည်။ သင်္ဃန်းဝတ်ဘုန်းကြီးတွင် မှန်ဘီလူးတလက်ပါရှိ ကာ KIA တပ်စခန်းသို့ မှန်ဘီလူးဖြင့် မကြာခဏကြည့်ကာ မြေကတုတ်ထဲသို့ ၀င်လိုက်ပြူကြည့်လိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၃၀)ရက် မနက်(၉)နာရီမှ (၁၀း၃၀)အချိန်အထိ ပန်ဝါဒေသ၊ နယ်ခြားမှတ်တိုင်(၅)တွင် တပ်မ
(၈၈) လက်အောက်တပ်ဖွဲ့ ခမရ(၃၀၁) တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ခလရ
(၃၀၁) တွင် ဘုန်းကြီးတစ်ပါး ပါဝင်ကြောင်း သိရသည်။

အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့

အစိုးရ၏ လဂျားယန် ပွိုင့်တခုကို KIA ပြန်လည် သိမ်းပိုက် နိုင်ခဲ့

30 December 2012 Written by ရွှေဟင်္သာသတင်းဌာန

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့သည်၊ ကြည်းကြောင်း၊ လေကြောင်းနှင့် အမြောက်ကြီးများ၏  တလစပ် ပစ်ခတ် မှုဖြင့် အကာအကွယ် ရနေသော လဂျားယန်ရှိ အစိုးရ တပ်များ သိမ်းပိုက် ထားသော တောင်ကုန်း တခုကို ယနေ့ (၂း ၁၅) နာရီ တွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု ABSDF မြောက်ပိုင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။

“ လေယာဉ်ရော အမြောက်ရော ပြင်းပြင်း ထန်ထန် ပစ်နေတဲ့ ကုန်းနှစ်ကုန်း ကနေ ကျနော်တို့ ဆုတ်ပေး ထားတယ်။ အဲဒီ ကုန်းကို အစိုးရ တပ်တွေ ၀င်သိမ်းတယ် မနေ့ ကပေါ့။ ဒီနေ့ ကျတော့ လက်နက် ကြီးနဲ့ လေယာဉ်ဗုံးကျဲ ဒဏ်ကနေ လွတ်တာနဲ့ ကျနော်တို့ တက်ပြီး သိမ်းလိုက် တာပါ။ တက်သိမ်း ပြီးတာနဲ့ အစိုးရ ဖက်က မြေပြင် တပ်ရော လက်နက် ကြီးတွေရော တိုက်လေယာဉ် နဲ့ရော တလစပ် ထပ်မံ ပစ်ခတ် တော့တာပါဘဲ” ဟု ဗိုလ်မှူး မင်းဌေးမှ ဆိုပါသည်။  

လဂျားယန် စစ်မြေပြင်သည် KIA ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ရန် အချက်အချာ ကျသော နေရာ ဖြစ်ပါသည်။ ဤလမ်း ကြောင်းသည် ဗန်မော်-လိုင်ဇာ လမ်းကြောင်း၏ စစ်ဆင်ရေး အပိုင်း ဖြစ်ပါသည်။ ဤ လမ်းကြောင်းကို ထိုးဖေါက်နိုင် ရန် အစိုးရ တပ်ဖွဲ့များသည် အင်အား တထောင် ကျော်နှင့် ၁၀၅ မမနှင့် ၁၂၀ မမ လက်နက် ကြီးများ အပါဝင် လေကြောင်း အကူပါ တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ပြင်းထန်စွာ စစ်ဆင် နေသည့် ကြားမှ KIA နှင့် ABSDF ပူးပေါင်း တပ်ဖွဲ့ တို့က အရေးကြီး တောင်ကုန်း တခုကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များသည် ဆက်လက် ချီတက် နိုင်ရန် ဤ လဂျားယန် စစ်မြေပြင်ကို  (၁၀၅ မမ နှင့် ၁၂၀ မမ) လက်နက်ကြီး များဖြင့် နေ့ည မဆိုင်းဘဲ ပြင်းထန်စွာ တလစပ် ပစ်ခတ် နေခဲ့ ပါသည်။ ထို့အပြင် လေယာဉ် များကလည်း ယနေ့ နံနက် (၈) နာရီ အချိန်မှ စတင်ပြီး လိုက်လံ ဗုံးကျဲ နေခဲ့ ပါသည်။ တိုက်လေယာဉ် (၄) စီး သည် လေးကြိမ်မျှ ပစ်ခတ် ခဲ့ရာတွင် တကြိမ်လျှင် လေယာဉ် (၂)စီး သည် အပြိုင် တလစပ် ပစ်ခဲ့ အပြီးတွင် ထပ်မံ ဗုံးကျဲ သွားသည့် နည်းလမ်းကို အသုံးပြု ခဲ့ပါသည်။ 

ဤကဲ့သို့ လေကြောင်း ပစ်ကူ ပေးပြီး နောက်ပိုင်း အစိုးရ တပ်များ ရှေ့တိုးရန် ကြိုးစား ချိန်၌ KIA နှင့် ABSDF ပူးပေါင်း တပ်တို့၏ ချေမှုန်း ခြင်းကို ခံရပြီး အဆိုပါ တောင်ကုန်း ကိုပါ လက်လွှတ် လိုက်ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် ညနေ (၄)နာရီ အထိ တိုက်ပွဲများ ပြင်းထန်လျှက် ရှိပါသည်။

လဂျားယန် ဒေသ တဝိုက်သို့ ထိုးစစ် ဆင်လာနေသည့် အစိုးရ တပ်များမှာ  တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၃၁၇၊ ၄၁၄၊ ၄၁၆ တပ်ရင်းများနှင့် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၃) ရင်း အပြင် အခြားတပ်များလည်း ရှိကြောင်းနှင့် စုစုပေါင်း အင်အား (၁၄၀၀) ခန့် ရှိနိုင်ကြောင်း ABSDF က ဆိုပါသည်။

ဤစစ်ဆင် ရေး၏ ရှေ့တန်း ဗျူဟာရုံးမှာ  ဒေါ့ဖုန်ယန်း နားရှိ မန်မော် အရပ်၌ ရှိပါသည်။ အစိုးရသည် လဂျားယန် စခန်းများကို သိမ်းပိုက် နိုင်သည်နှင့် KIA နှင့် တွေ့ဆုံ ဆွေးနွေး ရေးကို ထပ်ဆင့် ခေါ်မည်ဟု တွက်ဆ ထားပါသည်။ အဘယ့်ကြောင့် ဆိုသော် KIA ဌာနချုပ်ကို သိမ်းပိုက် ခြင်းထက် လှုပ်ရှား၍ မရအောင် စိုးမိုး ထားပြီး ကျန်ရှိ နေသည့် KIA အင်အား များကို ထိမ်းသိမ်း နိုင်ရန် တွေ့ဆုံ ဆွေးနွေးသည့် နည်းကို ကျင့်သုံးမည်ဟု တွက်ဆ ခြင်းကြောင့် ဖြစ်ပါသည်။

အလားတူ ကချင်ပြည်နယ် မိုးကောင်း မြို့နယ် တောင်နီ ကျေးရွာရှိ အစိုးရ စစ်စခန်း တခုကိုလည်း ယနေ့ နံနက် ၂ နာရီ ဝန်းကျင်တွင် KIA က သိမ်းပိုက် လိုက်သည်ဟု KIA တပ်မဟာ (၂) မှ အရာရှိ တဦးက ပြောပါသည်။ ယင်း တိုက်ခိုက် မှုကို ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅) မှ တိုက်ခိုက် လိုက်ခြင်း ဖြစ်ပါသည်။

အဆိုပါ စခန်းတွင် ခရမ ၃၈၄ တပ်ဖွဲ့ များနှင့် ခလရ ၁၀၅ တပ်ရင်းမှ မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် တပ်ဖွဲ့ များက နေရာယူ ထားပါသည်။ ထို့အပြင် KIA တပ်မဟာ (၄) ရှိ ကွတ်ခိုင် မြို့နယ် ၌လည်း တိုက်ပွဲများ ပြင်းထန် လျှက်ရှိ ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့မှ ဆိုပါသည်။

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့သည်၊ ကြည်းကြောင်း၊ လေကြောင်းနှင့် အမြောက်ကြီးများ၏ တလစပ် ပစ်ခတ် မှုဖြင့် အကာအကွယ် ရနေသော လဂျားယန်ရှိ အစိုးရ တပ်များ သိမ်းပိုက် ထားသော
တောင်ကုန်း တခုကို ယနေ့ (၂း ၁၅) နာရီ တွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု ABSDF မြောက်ပိုင်း
ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဆိုပါသည်။

ကချင်စစ်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ ကြောက်စရာကောင်းသော လက်နက်များ ဖြင့် ထိုးစစ်ဆင်နေခြင်းကို ကန့်ကွက် ရှုတ်ချကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးမှပြောကြား

ကချင်စစ်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ ကြောက်စရာကောင်းသော လက်နက်များ၊ လေယာဉ်များသုံး၍ ထိုးစစ်ဆင်နေခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားသည်။

ဒီဇင်ဘာ ၃၀ ရက်တွင် ကျင်းပသော ကချင်ငြိမ်းချမ်းရေး သတင်းစာရှင်းလင်းပွဲတွင် ကိုမြအေးက ၎င်း၏ပုဂ္ဂလိက အမြင်ကိုပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒါဟာ တစ်အုပ်စု၊ အဖွဲ့အစည်းတစ်ဖွဲ့တည်းက လုပ်တဲ့ပွဲမဟုတ်ဘူး။ ၈၈ ကလုပ်တဲ့ ပွဲမဟုတ်ဘူးဆိုတာလည်း ရှင်းရှင်းထပ်ပြောပါရစေ။ အဲဒါကြောင့် ၈၈ အနေနဲ့ ဒီမှာပြောမှာမဟုတ်ပါဘူး။ ဒီကညီအစ်ကိုမောင်နှမတွေရဲ့ပွဲမှာ ပူးပေါင်းပါဝင်တက်ရောက်ခြင်းဖြစ်ပါတယ်"ဟု ဆိုသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်မေစပယ်ဖြူက "အစိုးရဘက်မှ ဂျနီဗာကွန်ဗင်းရှင်းအရ အတိအလင်းတားမြစ်ထားတဲ့ ဂျက်လေယာဉ်နဲ့ အမြောက်တွေသုံးနေတယ်။ အငွေ့ရှူမိရင် ၁၅ မိနစ်လောက် မလှုပ်ရှားနိုင်တဲ့ ဓာတုလို့ ယူဆရတဲ့ ဗုံးတွေသုံးနေတယ်" ဟု သူမ၏ထင်မြင်ချက်ကို ပြောသည်။

သတင်းစာရှင်းလင်းပွဲတွင် ကိုမြအေးက ပြောကြားနေစဉ်
ဓာတ်ပုံ - ထက်ပိုင်ဖြိုး(ဇ၀န)
ဓာတ်ပုံ - ထက်ပိုင်ဖြိုး(ဇ၀န)
ကချင်စစ်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ ကြောက်စရာကောင်းသော လက်နက်များ၊ လေယာဉ်များသုံး၍ ထိုးစစ်ဆင်နေခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
တစ်ဦးဖြစ်သူကိုမြအေးက ပြောကြားသည်။ဒီဇင်ဘာ ၃၀ ရက်တွင်ကျင်းပသောကချင်ငြိမ်းချမ်းရေး သတင်း
စာရှင်းလင်းပွဲတွင် ကိုမြအေးက ၎င်း၏ပုဂ္ဂလိက အမြင်ကိုပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲပုံရိပ်များ

သက်မွန်က မယ်လိုဒီအတွက် ကွန်ဂရက်ကျူလေးရှင်းပါတဲ့ :-)

Photo - SaiSai KhamLeng Flutterby

Myanmar Model Girls

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲပုံရိပ်များတင်ပြပေးလိုက်ပါတယ်။

၂၀၁၁ခုနှစ်အတွက် အကယ်ဒမီဆု ၁၁ဆု ထာဝရအလင်းတန်းများ ဇာတ်ကားက ၈ဆု ရရှိကာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ စံချိန်တင်

Photo

၂၀၁၁ခုနှစ်အတွက် အကယ်ဒမီဆု ၁၁ဆု ကြေညာပြီးခဲ့ပြီဖြစ်ရာ ထာဝရအလင်းတန်းများ ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆုအပြင် အကောင်းဆုံးဒါရိုက်တာဆု မင်းသား၊မင်းသမီးဆု နဲ့ ဇာတ်ပို့ အမျိုးသား
ဆုနှင့် တေးဂီတ၊ ဇာတ်ညွှန်း ၊ တည်းဖြတ်ဆုတို့ အတွက် ၈ဆု ရရှိကာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ စံချိန်တင်
သွားပြီဖြစ်ပါတယ်။

အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု အား ဒါရိုက်တာ ထွန်းအောင်ဇော်မှ ထာဝရအလင်းတန်းများဇာတ်ကားဖြင့်ရရှိ

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု အား ဒါရိုက်တာ ထွန်းအောင်ဇော်မှ ထာဝရအလင်းတန်းများဇာတ်ကားဖြင့်ရရှိသြွးပါသည်။

အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု အား ဒါရိုက်တာ ထွန်းအောင်ဇော်မှ ထာဝရအလင်းတန်းများဇာတ်ကား
ဖင့်ရရှိသွာပါသည်။

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို မော့စ်မှ ထာဝရအလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့်ရရှိ

ထာ၀၀ရအလင်းတန်းဇာတ်ကားဖြင့်အကယ်ဒမီ ရရှိတဲ့အကယ်ဒမီ မော့စ်

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို မော့စ်မှ ထာဝရအလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့်ရရှိ
သွားကြောင်းသတင်းရရှိပါသည်။

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အား မယ်လိုဒီမှ ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့်ရရှိ

အကောင်းဆုံး  အမျိုးသမီးဇာတ်ဆောင်ဆု အား မယ်လိုဒီမှ ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့်ရရှိသွားပါသည်။

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အား မယ်လိုဒီမှ ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့်ရရှိသွား
ပါသည်။

၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုရှင်ကို ရင်ကွဲနာ ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် ချစ်စနိုးဦးက ရရှိ

၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုရှင်ကို ရင်ကွဲနာ ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် ချစ်စနိုးဦးက ရရှိသွားကြောင်းသိရသည်။

The Myanma Age

၂၀၁၁ ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရှင်ကိုရင်ကွဲနာရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် ချစ်စနိုးဦးက ရရှိသွားကြောင်းသိရသည်။အကယ်ဒမီပေးပွဲမှချစ်စနိုးဦးရဲ့ပုံရိပ်များ-----------------

KIA နှင့် ABSDF တို့ အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသော လဂျားယမ်တောင်ကြောတစ်ခုလုံးအားအ စိုးရတပ်များမှသိမ်းပိုက်

KIA နှင့် ABSDF တို့ အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသော လဂျားယမ်တောင်ကြောတစ်ခုလုံးအားအစိုးရတပ်များမှသိမ်းပိုက်

Sunday, 30 December 2012

(၃၀-၁၂-၂၀၁၂) ရက်နေ့ နေလယ်တွင် KIA နှင့် ABSDF တို့ အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသောလဂျားယမ်တောင်ကြောအားအစိုးရတပ်များမှသိမ်းပိုက်ရရှိခဲ့ကြောင်း ၄င်းဒေသတွင် တာဝန်ထမ်းဆောင်နေသော အရာရှိတစ်ဦးမှ Online မှတဆင့်ပြောကြားခဲ့သည်။ ကျွန်တော်တို့တပ်တွေ လဂျားယန်တောင်ကြော်တစ်ခုလုံးကိုဒီနေ့နေ့လည်မှာရပါတယ်။
KIA အဖွဲ့တွေကတော့ ယောက်၅၀ လောက် အလောင်းတွေကျန်နေပါတယ်။ အသေးစိတ်စာရင်းမရသေးပါဘူး လက်နက်တွေမိုင်းတွေ အများကြီးရပါတယ်။ ထို့ပြင် ဒါဏ်ရာရတဲ့ KIA စစ်သည် ၄၀ဦးခန့်ကိုလည်း ဆေးဝါး ကုသပေးလျက် ရှိကြောင်းပြောဆိုထားပါတယ်။

ဖမ်းဆီရမိသူအများစုမှာ KIA အဖွဲမှအတင်းအားဓမ လူသစ်စုဆောင်း ခံထားသူများဖြစ်ကြောင်းကို၎င်းမှပြောကြားသည်။ ကျွှန်တော်တို့အခု၇ထားတဲ့ စခန်ကနေ KIA ဌာနချုပ်လိုင်ဇာကို လမ်းမြင်နေရပါတယ်။
လက်နက်ကြီးတစ်ကမ်းပါဘဲ ဒါပေမဲ့ကျွှန်တော်တို့တပ်တွေ လိုင်ဇာကို တိုက်ဖို့အစီစဉ်မရှိပါဘူး ဟု၎င်းမှ Email မှတဆင့်ပြောဆိုသွားသည်။ ၄င်းကကျွှန်တော်တို့ ဒီစခန်းကိုဒီနေ့နေ့လည်လောက်ကသိမ်းပိုက်ခဲ့ပါတယ်။
အခုစခန်းကသိမ်းဆီးရမိတဲ့ Laptop နဲ့ တရုတ် ဖုန်းကတဆင့် Internet သုံးပြီး မေးလ်ပို့လိုက်တာပါ။ အထောက်အထားဓါတ်ပုံတွေလည်းဆက်ပြီးပို့ပေးသွားမှာပါဟု ၄င်းပေးပို့သော Email တွင်ဖေါ်ပြထားသည်။

Aung Naing Thu Facebook

(၃၀-၁၂-၂၀၁၂) ရက်နေ့ နေလယ်တွင် KIA နှင့် ABSDFတို့အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသောလဂျား
မ်တောင်ကြောအားအစိုးရတပ်များမှသိမ်းပိုက်ရရှိခဲ့ကြောင်း ၄င်းဒေသတွင် တာဝန်ထမ်းဆောင်နေသော အရာရှိတစ်ဦးမှ Online မှတဆင့်ပြောကြားခဲ့သည်။ ကျွန်တော်တို့တပ်တွေ လဂျားယန်တောင်ကြော်တစ်ခု
လုံးကိုဒီနေ့နေ့လည်မှာရပါတယ်။

"ပုသိမ်-ချောင်းသာ မှန်လုံအမြန်ယာဉ် ချောင်းထဲကျ၊ ၁ ဦးသေ၊ ၁၄ ဦး ပုသိမ်ဆေးရုံရောက်"


ပုသိမ်မှ ချောင်းသာသို့သွားသော မှန်လုံအမြန်ယာဉ်တစ်စီးသည် ယနေ့ နေ့လည်ပိုင်းက ပုသိမ်-ချောင်းသာ
လမ်းပေါ်ရှိ ၀ါးပိုးကျေးရွာတံတားအရောက်တွင် တံတားပေါင်ကိုဝင်တိုက်မိရာမှ တံတားအောက် ချောင်းထဲ
သို့ ထိုးကျခဲ့ကြောင်းသိရသည်။ယင်းဖြစ်ရပ်ကြောင်းတစ်ဦးသေဆုံးက၁၄ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မြန်မာတပ်မတော် တိုက်လေယာဉ်များ KIA ကို ယနေ့မနက်ပိုင်းက အပြင်အထန် ထိုးစစ်ဆင်

ယခု အရေးပေါ်သတင်း

ယနေ့ နံနက် 8 နာ 10 မိနစ် နှင့် 9 နာရီ 10 မိနစ် အတွင်းဝယ် တိုက်လေယာဉ်နှစ်စီး 2 နှစ်ကြီမ် လာရောက်ပြီး တကြိမ်လျင် ရုရှား လုပ် ရော့ကက် ဆပ်ဗင်ဆန် အား ၄ လုံး အသုံးပြုပြီ ပစ်ခတ်သည့်အပြင် 120 ပေါင် ရှိသော မြေပြင် ခွဲဗုံး အလုံး20 ခန့်ပစ်ချကြောင်း စစ်ပြေးဒုက္ခသယ်များနှင် အလွန်နီးစပ်သော နေရာများ တွင် ကျရောက်ပေါက်ကွဲပြီး အထိခိုက်မရှိကြောင်း သိရသည်။
မြေပြင် စစ်ကြောင်း 3 ကြောင်း လိုင်ဇာတ၀ိုက်ဖြစ်သော လက်ဂျာ၇န်တွင် ချီတက် တပ်စွဲပြီး အချိန်မရွေး မြေပြင်မှ ၀င်ရောက်တိုက်ခိုက်လာနိုင်ကြောင်း ၄င်းတို့ ဖြန့်ကျက်ချထားသော စစ်အင်းအား 800 ၀န်းကျင်ခန့်ရှိကြောင်း တပ်မ 101 လက်အောက်ခံ တပ်ရင်း ခမရ ၃၁၇၊ ၄၁၇၊ ၄၁၆ မှ အင်အား ဖြည့်စွက်ပြီး လက်ဂျားယန် ပင်မလမ်းကြောင်းတွင် စစ်ကြောင်း ၂ကြောင်း ခွဲပြီး စစ်ပြင်နေကြကြောင်း၊ အခြား စစ်ကြောင်းတခုဖြစ်သော တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၃ရင်းမှ အင်း ၄၀၀ ကျော်ဖြင့် လက်ဂျာယန် တောင် ဘက်မှ ထိုးစစ်ဆင်ဖို့ ချီတက်လာကြောင်း သိရသည်။
ရှေ့တန်း စစ်မြေပြင်၏ ရှေ့ဆုံး စစ်ဆင်ရေး စစ်တား စစ်နှောက်ရန် အချို့ တောင်ကုန်းများတွင် နေရာယူထားကြသော ABSDFရှေ့ ကင်း စခန်း အချို့ ဆုတ်ခွာပေးထားပြီး ထိုးစစ်အဖြစ်ပြောင်းလဲရန် ပြန်လည်စီမံထားကြောင်းသိရသည်။ လက်ဂျာယန်တွင် ကျောင်းသား တပ်မတော်၏ တာဝန်ရှိသူ ကိုလှဆိုင်းမှ "ဦးသိန်းစိန်အစိုးရမှ ယခုကဲ့သို့ တ၇ားမမျှတသော စစ်ဆင်ရေးကြီးတခု ဆင်နွဲပြီး လူမျိုးတုန်း ရှင်းလင်းရန် စီစဉ်ပြီး ယခု ကဲ့သို့ စစ်ဆင်ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည်မှုများ အကြီးကျယ်ထိခိုက်ပျက်စီးပြီး ယခုကဲ့သို့ စစ်ပွဲများ တပြည်လုံး အတိုင်းတာဖြင့် ပြန့်နှံ့လာနိုင်ကြောင်းရှိပါတယ်။ ဒေါ်အောင်ဆန်စုကြည်အနေဖြင့် ယခုစစ်ပွဲအား တရား ဥပဒေ စိုးမိုးရေး ကော်မတီ၏၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းအား လက်တွေ့ အကောင်ထည်ဖေါ် ဆောင်ရွက် စေလိုပြီး၊ ယနေ့ ကချင် ပြည်သူများကလဲ ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်တယောက်အဖြစ် အသိမှတ်ပြုထားဆဲဖြစ်ပြီး အားကိုးလောက်ယုံကြည်လောက်သော ငြိမ်းချမ်းရေး နှင့် ပြည်သူပြည်သားများကို လုံခြုံရေးနှင့် တရားဥပဒေ အမှန်တကယ်စိုးမိုးမှုကို ဖေါ်ဆောင်ပေးရန်လိုပါတယ်" ဟုပြောဆိုကာ တိုက်ပွဲအတွင်းသို့ ပြေးဝင် ပြီး တာဝန်ထမ်းဆောင်ရန်အတွက် ဆက်သွယ်မှု ယာယီဖြတ်တောက်ထားခဲ့ပါသည်။
ကချင်စစ်ပွဲ အတွင်းမှ တိုက်ရိုက် သတင်းပေးပို့ပါသည်။
အချိန်နဲ့ တပြေးညီ တင်ပြပေးနေပါမည်။

ယနေ့ နံနက် 8 နာ 10 မိနစ် နှင့် 9 နာရီ 10 မိနစ် အတွင်းဝယ် တိုက်လေယာဉ်နှစ်စီး 2 နှစ်ကြီမ် လာရောက်
ပြီး တကြိမ်လျင် ရုရှား လုပ် ရော့ကက် ဆပ်ဗင်ဆန် အား ၄ လုံး အသုံးပြုပြီ ပစ်ခတ်သည့်အပြင် 120 ပေါင် ရှိသော မြေပြင် ခွဲဗုံး အလုံး20ခန့်ပစ်ချကြောင်းစစ်ပြေးဒုက္ခသယ်များနှင်အလွန်နီးစပ်သော နေရာများ တွင် 
ကျရောက်ပေါက်ကွဲပြီး အထိခိုက်မရှိကြောင်း သိရသည်။

ခန္တီးမြို့နယ် မကျန်းခ- ပဒူးမုန်းသွား ကားလမ်းပေါ်၌ မော်တော်ဆိုင် ကယ်တစ်စီးမှ ၁ဝ ဘီးကားအား ကျော်တက်စဉ် ကားနှင့်ချိတ်မိ၍ တစ်ဦး သေဆုံး

ခန္တီးမြို့နယ် မကျန်းခ- ပဒူးမုန်းသွား ကားလမ်းပေါ်၌ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်က ဟန်ဝမ်း ၁၈ နှစ် (ဘ)ဦးဟာမို မကျန်းခကျေးရွာ ခန္တီးမြို့နယ် စီးနင်းပြီး တစ်ရွာတည်းနေ အောင်နောင် ၂၈ နှစ် (ဘ)ဦးနောင်ထန်း နောက်မှ လိုက်ပါသည့် နံပါတ်မပါ မော်တော်ဆိုင် ကယ်သည် ယာဉ်မောင်း ရဲအောင် ၂၇ နှစ်(ဘ)ဦးသန်းအောင် (မကျန်းခ) ရွှေမှော် မောင်းနှင်သည့် ၆ခ/----- ၁ဝဘီးယာဉ်အား နောက်မှ ကျော်တက်စဉ် ကားနှင့် ချိတ်မိ၍ လဲကျ တိမ်းမှောက် ခဲ့ရာ ဟန်ဝမ်းမှာ နေရာတွင် သေဆုံး ခဲ့ပြီး အောင်နောင်မှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသည်။

ဒီလှိုင်းစာစောင် ရုံးခန်းသစ်ဖွင့်လှစ်ပွဲတွင်ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်း

ဒီလှိုင်းစာစောင် ရုံးခန်းသစ်ဖွင့်လှစ်ပွဲတွင်ပြောကြားသော
ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်း
Sunday, 30 December 2012

ကျွန်မတို့ ဒီလှိုင်းရုံးခန်းသစ်ဖွင့်ပွဲကို လာပြီးတော့ အားပေးတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးတင်ပါ တယ်။ ဒီလှိုင်းဟာဆိုလို့  ရှိရင်ကျွန်မတို့ အခုထုတ်တာဆိုလို့ ရှိရင် တစ်နှစ်နီးပါး ရှိသွားပါပြီ။ 

ဒီတစ်နှစ်နီးပါးအ တွင်းမှာလဲ အတော်အတန် တိုးတက်မှုရှိတယ်လို့  ကျွန်မတို့က ယုံကြည်ပါတယ်။ ကျွန်မတို့  ဒီလှိုင်းကိုစပြီးတော့ ထုတ်ရတဲ့ အကြောင်းရင်းကတော့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ရဲ့ အမြင်တွေ၊ လူမှုရေးအမြင် ၊နိုင်ငံရေးအမြင် ကျွန်မတို့ ရဲ့  လှုပ်ရှားမှုတွေနဲ့ ပါတ်သက်လို့ အများပြည်သူကို အသိပေးဘို့ ဖြစ်ပါတယ်။

ဘာဖြစ်လို့ လည်းဆိုလို့ ရှိရင် နိုင်ငံရေးပါတီတစ်ခုဆိုရင် ပြည်သူနဲ့ 
အမြဲပဲနီးစပ်နေဘို့ လိုပါတယ်။နီးစပ်တယ် ဆိုတာဟာ စိတ်ချင်းနီးစပ်ဖို့ 
ကိုကျွန်မအဓိကပြောတာပါ။

ကျွန်မတို့ ရဲ့ အတွေးတွေ၊အခေါ်တွေ၊အမြင်တွေ ကျွန်မတို့ ရဲ့ လှုပ်ရှားမှုတွေ
ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေအကြောင်းကို ပြည်သူကမသိနိုင်ပဲနဲ့ ပြည်သူက တကယ်တော့နီးစပ်မှုရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ လို့ ကျွန်မ တို့စပြီးတော့ ဒီလှိုင်းကိုထုတ်ခဲ့ တာပါ။ အခုဒီလို ထုတ်တဲ့အချိန် အတွင်းမှာပေါ့နော် ကျွန်မတို့က ပြည်သူကနေပြီးတော့ ဒီလှိုင်းရဲ့ 
ဆောင်းပါးတွေ၊ အရေးအသားတွေ ဘယ်လိုမြင်တယ် ဘယ်လိုဝေဖန်တယ် ဆိုတာလဲကျွန်မတို့ သိရပါတယ်။ဝေဖန် တာတွေကိုလဲ ကျွန်မတို့ ကနေပြီးတော့ ကြိုဆိုပါတယ်။ ဒီဟာတွေကိုရမှ ဝေဖန်မှုတွေကို ကျွန်မတို့သိရမှ ကိုယ့်ရဲ့ စာစောင်ကို ပိုပြီးတော့အဆင့်မြင့်အောင် လုပ်နိုင်မှာပါ ။နောက်ဆိုလို့ ရှိရင် ကျွန်မတို့ကတစ်ဆင့်ြ မင့် ပြီး သတင်းစာတစ်စောင် ဖြစ်စေချင်တယ်။ အခုပုဂ္ဂလိက သတင်းစာတွေလဲ လုပ်တော့မယ်ဆိုတော့ဖြစ်စေ ချင်တယ်။

ဒီလှိုင်းကို သတင်းစာတစ်ခုဖြစ်ဖို့ ကြိုးစားတဲ့နေရာမှာ ကျွန်မတို့
ပြည်သူတွေကလဲဝိုင်းဝန်းပြီး တော့ကူညီမစမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။
ဒီလိုအများရဲ့ ကူညီမစမှုနဲ့ သာကျွန်မတို့ ဒီလှိုင်းကို စာစောင်အဖြစ်ကနေ သတင်းစာတစ်စောင် ဖြစ်အောင်လုပ်နိုင်မှာပါ။ သတင်းစာတွေ၊ စာစောင်တွေ၊ ဂျာနယ်တွေ သတင်းဖြန့် ချီတဲ့စာစောင်တွေဟာ အင်မတန်မှကို အရေးကြီးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုသတင်း
 ဖြန့် ချိခြင်းဟာ အခုခေတ်မှာဆိုလို့ ရှိရင် ကမ္ဘာကြီးကိုဆက်စပ်ထားတဲ့
အရာဖြစ်တယ်။

ဒီတာ့လူတွေရဲ့ စိတ် ကိုဆက်စပ်ပေးတဲ့ အလုပ်တစ်ခုလို့ ကျွန်မတို့ ပြောလို့ ရပါတယ်။ လူတွေရဲ့ စိတ်ကိုဆက်စပ်ပေးတဲ့ အလုပ်တစ်ခုမို့လို့  အင်မတန်မှလည်း အရေးကြီးတယ်၊ အင်မတန်မှလဲတာဝန် ကြီးပါတယ်။စာစောင်တွေ ထုတ်တဲ့ ပုဂ္ဂိုလ်တွေ၊ သတင်းစာတွေ ထုတ်တဲ့ပုဂ္ဂိုလ်တွေ သတင်းသမားတွေမှာ အင်မတန်မှ တာဝန်ကြီးပါတယ် ဆိုတာ ကျွန်မခဏခဏပြောတဲ့ ကိစ္စပါ၊ကျွန်မတို့ ရဲ့ နိုင်ငံမှာတင်မက ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကိုကျွန်မတို့ ပြည်သူတွေသိရုံတင် အသိပေးရုံတင် မကပါဘူး၊ ဘယ်ကိုသွားနေသလဲ၊ အဲဒီလိုသွားနေတာဟာ ဟုတ်သလား မဟုတ်သလားဆိုတာကို ကျွန်မတို့ ရဲ့ ပြည်သူတွေ သုံးသပ်နိုင်အောင်လို့ အထောက်အကူဖြစ် အောင်လို့ သတင်းဆောင်းပါးတွေကိုရေးရတယ်လို့ ကျွန်မကတော့ ဒီလိုပဲမြင်ပါတယ်။

 ဒီလိုသတင်းဆောင်းပါး တွေကိုဖတ်ခြင်းအားဖြင့် သတင်းတွေကို သိခြင်းအားဖြင့် ကိုယ့်ပါတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ
လေ့လာနိုင်ရုံမက ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား၊ မဖြစ်သင့်တာတွေ ဖြစ်နေလို့ ရှိရင် ဘယ်လိုဒါတွေမဖြစ် အောင်လုပ်မလဲ၊
ဖြစ်သင့်တာတွေ မဖြစ်လို့ ရှိရင်လဲ ဒါတွေဖြစ်အောင်လို့ ဘယ်လိုလုပ်မလဲ
ဆိုတာ အဲဒါအများ ကနေပြီးတော့ ၀ိုင်းပြီးတော့စဉ်းစားနိုင်အောင်လို့ 
ကျွန်မတို့ ဒီလိုသတင်းစာစောင်တွေ ထုတ်ပြန်ရတယ်လို့  ကျွန်မကတော့ ဒီလိုပဲအယုံအကြည်ရှိပါတယ်။ ရိုးရိုးဘာတွေဖြစ်နေသလဲ ဆိုတာသိရုံက မလုံလောက်ပါဘူး။ ဘာတွေဖြစ်နေသလဲဆိုတာ အပေါ်မှာ အခြေခံပြီးတော့ ဘာတွေဖြစ်သင့်သလဲ ဆိုတာကို စဉ်းစားတတ်ဖို့ က အင်မတန်မှ အရေးကြီးပါတယ်လို့ ကျွန်မသတိပေးချင်ပါတယ်။ဒီတော့ ဒီလိုတန်ဖိုး ရှိတဲ့စာစောင်ဖြစ်ဖို့ ဆိုတာဟာ စာစောင်ကိုထုတ်ဝေတဲ့ သူတွေအပေါ်မှာလဲ တာဝန်ရှိတယ်၊ စာစောင်ကိုဖတ်တဲ့သူတွေမှာလဲ တာဝန် ရှိတယ်။ ဖတ်တဲ့သူတွေကလဲ ပွင့်ပွင့်လင်းလင်းနဲ့  စဉ်းစဉ်းစားစားနဲ့  စာစောင်ထဲမှာပါတဲ့ ကိစ္စတွေကို လေ့လာ နိုင်ရမယ်၊ သုံးသပ်နိုင်ရမယ် ၊ဝေဖန်နိုင်ရမယ် ။ဒီလိုသုံးသပ် ၊ဝေဖန်ချက်တွေကိုလည်း အသိပေးနိုင်ရမယ်။

အခုဟာက ကျွန်မတို့ စာစောင်က လွတ်လပ်တဲ့ ဒီမိုကရေစီစံနှုန်းစံထား
ပေါ်မှာ အခြေခံထားတာကြောင့်မို့လို့ စာ ဖတ်ပရိတ်သတ်ရဲ့  ဝေဖန်မှုတွေကို လိုလိုလားလားနဲ့ လက်ခံမှာပါ။ ဒီဝေဖန်မှုတွေအပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့ ပိုပြီးတော့ ကောင်းတဲ့စာစောင်ဖြစ်ဖို့ ပိုပြီးတော့ ကျွန်မတို့
နိုင်ငံအတွက်တွင်သာမက ကမ္ဘာ့အတွက် ပိုပြီးတော့တန်ဖိုးရှိတဲ့ စာစောင်ဖြစ်ဖို့ ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ်။

အခုဆိုလို့ ရှိရင် ကျွန်မတို့ ဒီလှိုင်းရုံးခန်းလေးက အင်မတန်မှ
သေးပါတယ်။ ခပ်သေးသေးနဲ့ ခပ်ကြုံ့ကြုံ့ပါပဲ။ ဒါပေမဲ့ ဒီလိုပဲ
သေးသေးလေးကနေ စပြီးတော့ ညောင်စေ့လေးကနေ ညောင်ပင်ကြီးဖြစ် သွားသလို ကျွန်မတို့ တစ်ချိန်တစ်ခါမှာ ကျွန်မတို့  ဒီလှိုင်းစာစောင်က
နောင်ကျလို့ ရှိရင် တစ်တိုင်းပြည်လုံး တင်မက တစ်ကမ္ဘာလုံးကနေ
လေးစားရတဲ့ သတင်းစာကြီးတစ်ခုအဖြစ် ဖြစ်သွားမယ်လို့ ကျွန်မမျှော်လင့်ပါ တယ်လို့ ပြောရင်းကျွန်မနိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မြင့်ကျော်
The Myanma Age

ကျွန်မတို့ ဒီလှိုင်းရုံးခန်းသစ်ဖွင့်ပွဲကို လာပြီးတော့ အားပေးတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးတင်ပါ တယ်။ ဒီလှိုင်းဟာဆိုလို့  ရှိရင်ကျွန်မတို့ အခုထုတ်တာဆိုလို့ ရှိရင် တစ်နှစ်နီးပါး ရှိသွားပါပြီ။

ကမ္ဘာ့ဒုတိယ အကြီးဆုံး စိန်တွင်း (မိုင်းတွင်း)

ကမ္ဘာ့ဒုတိယ အကြီးဆုံး စိန်တွင်း (မိုင်းတွင်း)

ကမ္ဘာ့ဒုတိယအကြီးဆုံး မိုင်းတွင်း အဖြစ် စံချိန်ထားတဲ့ Mr mine ဟာ ရုရှားနိုင်ငံ၊ ဆိုက်ဘေးယီးယား အရှေ့ ပိုင်း Mirny မြို့ မှာ တည်ရှိပါတယ်။ ပထမ အကြီးဆုံးကတော့ အမေရိကန်နိုင်ငံမှာ ရှိတာ ဖြစ်ပါတယ်။ 

Mr mine ဟာ အနက်ဟာ ၁၇၂၂ ပေရှိပြီး အကျယ်အဝန်းကတော့ ၃၉၀၀ ပေ ရှိပါတယ်။ ၁၉၅၇ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ၂၀၁၁ ခုနှစ်မှာ တူးဖော်မှုများ ယာယီ ရပ်နားထားပါတယ်။ ဆိုဗီယက်ခေတ်ကာလ ကတည်းက တူးဖောက်ပြီး ဆိုဗီယက်ရဲ့  စိန်အထွက် အများဆုံး နေရာ လို့တောင် အသတ်မှတ်ခံခဲ့ ရပါသေးသတယ်။ တစ်နှစ်ကို စိန် ၂ထောင် ကီလိုဂရမ် ပျှမ်းမျှ ထွက်ရှိပြီး အရည်အသွေး ပြည့်မှီတဲ့ စိန်များ ဖြစ်ပါတယ်။ 

ကြားမှာ ကုမ္မဏီသုံးခုလာက်အပြောင်းအလဲ ဖြစ်ခဲ့သေးပြီး ဆိုဗီယက်နိုင်ငံ ပြိုကွဲစဉ် ကာလက တစ်နှစ်လောက် နားခဲ့ရပါသေး တယ်။ ဆောင်းရာသီရဲ့  လွန်ကဲတဲ့ အအေးဒဏ်ကြားထဲကနေလည်း ခက်ခက်ခဲခဲ တူးခဲ့ကြပါတယ်။ ယခုတော့ ရေမြေအနေအထား ဆက်တူး ရင်ပတ်ဝန်းကျင် ဒေသများကို ထိခိုက်နိုင်တဲ့အတွက် ရပ်တန့်ထားပါတယ်။ သို့ပေမယ့် ယာယီမျှသာ ဖြစ်ပြီး စိန်ထွက်ရှိမှု မရပ်သေးတဲ့ Mr mine ကို ဆက်တူးအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: wiki
ရိုးရာလေး သတင်း

ကမ္ဘာ့ဒုတိယအကြီးဆုံး မိုင်းတွင်း အဖြစ် စံချိန်ထားတဲ့ Mr mine ဟာ ရုရှားနိုင်ငံ၊ ဆိုက်ဘေးယီးယား အရှေ့ ပိုင်း Mirny မြို့ မှာ တည်ရှိပါတယ်။ ပထမ အကြီးဆုံးကတော့ အမေရိကန်နိုင်ငံမှာ ရှိတာ ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်က ရေးမြို့နယ်တွင် လောင်းကစားဝိုင်းဖွင့် စီးပွားရှာ

နယ်ခြားစောင့်တပ်က ရေးမြို့နယ်တွင် လောင်းကစားဝိုင်းဖွင့် စီးပွားရှာ

စနေနေ့၊ ဒီဇင်ဘာလ 29 ရက် 2012 ခုနှစ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံရွာအခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(တပ်ခွဲရုံး)က လောင်းကစားဝိုင်းများဖွင့်လှစ်ကာ စီးပွားရှာနေကြသည်ဟု ဒေသခံများ ပြောကြားချက် အရ သိရသည်။

နှင်းစုံရွာတွင် ကြက်ဝိုင်းမှအစ ဖဲဝိုင်း၊ အနီထောင်၊ အန်ဂလုံကစားနည်းမျိုးစုံမှ နယ်ခြားစောင့်တပ်ဖွဲ့က အကောက်ကြေးငွေကောက်ခံရယူပြီး လုံခြုံရေးစောင့်ရှောက်ပေးကာ လောင်းကစားဝိုင်းများ နေ့ညဖွင့်လှစ်ခွင့်ပြု ထားခြင်း ဖြစ်သည်။

မော့ကနင်ရွာမှ အနီထောင်ဒိုင်တစ်ဦးက “အနီးအနားပတ်ဝန်းကျင်တဝိုက် လမိုင်း၊ မော့ကနင်၊ ကော့ဒွတ်၊ သောင်ပြင်၊ တောင်ဘုံ၊ အာရုတောင်ရွာတွေက ကစားသမားတွေစုံလို့ပါပဲ၊ ဘုရားပွဲလိုပဲ သိပ်ကိုစည်ကား နေတာ” ဟု ပြောသည်။

ယခု-နတ္တော်လတွင် ဒေသတွင်းဘုရားပွဲတော်များမရှိသည့်ကာလဖြစ်သည့်အတွက် နှင်းစုံရွာသည် လောင်း ကစားဒိုင်များ အလုပ်စခန်းဖြစ်ရာနေရာဟုလည်း သူကဆက်ပြောသည်။

လောင်းကစားဝိုင်းအကောက်ငွေ တစ်နေ့လျှင် ပျမ်းမျှဝင်ငွေ ၁၅ သိန်းကျပ်ဝန်းကျင်ရရှိနေသည်ဟုလည်း နှင်းစုံရွာအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့အရာရှိတစ်ဦးနှင့် နီးစပ်သူတစ်ဦးပြောကြားချက်အရ သိရသည်။

“နှင်းစုံရွာလောင်းကစားဝိုင်းတွေမှာ မြင်းဆေးတွေကိုလည်း ဝယ်လို့ရတယ်၊ သူ့အဆက်အသွယ်နဲ့သူပေါ့၊ တခြားမှာဝယ်ရင် ရဲတို့ကိုသတိထားနေရတယ်” ဟု လမိုင်းမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အတွင်းရှိ လူငယ်အတော်များများသည် မူးယစ်စိတ်ကြွ ဆေးဝါးဖြစ်သည့် ရာဘ(ခေါ်) မြင်းဆေးအပြင် ဘိန်းစာရွက်များကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေ သည်ကိုလေ့လာတွေ့ရှိရသဖြင့် မွန်ပြည်သစ်ပါတီက မူးယစ်ဆေးဝါးနှိမ်နင်းရေးအစီအစဉ်များ ချမှတ်အကောင်အထည်ဖေါ်နေသည်ကို တွေ့ရှိနေရသည်။

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ အရာရှိတစ်ဦးက “မူးယစ်ဆေးဖြန့်တဲ့ နေရာတွေဟာ လောင်းကစားဝိုင်းတွေရှိတဲ့နေရာတိုင်းလိုလိုမှာ ဖြစ်နေတယ်၊ သံဖြူဇရပ်မြို့နယ်က လောင်းကစားဝိုင်း၊ ကော့ဘိန်း ကော့ပေါက်က လောင်းကစားဝိုင်းတွေမှာ အလားတူဖြစ်ပေါ်နေတယ်” ဟု ပြောသည်။

လက်နက်ချအလင်းဝင်အဖွဲ့အစည်းများနှင့် နယ်ခြားစောင့်တပ်ဖွဲ့အချို့သည် ၄င်းတို့ရပ်တည်နိုင်ရေးအတွက် လောင်းကစားဝိုင်းဖွင့်လှစ်ကာ တဖက်တလမ်းမှရံပုံငွေရှာဖွေနေကြသည်ဟု ၎င်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်ပေါ်လာပြီး လက်နက်ချအလင်းဝင်များလည်း အဖွဲ့အစည်းကဲ့သို့ရပ်တည်ပြီး ဒေသတွင်းလက်နက်များကိုင်ဆောင်သွားလာနေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

ရေးမြို့နယ်မှ လောင်းကစားဝိုင်း(IMNA)


အေးချမ်းမွန်မှ    မွန်အေဂျင်စီ  သတင်း   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
ရေးမြို့နယ်မှ လောင်းကစားဝိုင်း(IMNA)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံရွာအခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(တပ်ခွဲရုံး)က လောင်းကစားဝိုင်းများဖွင့်လှစ်ကာ စီးပွားရှာနေကြသည်ဟု ဒေသခံများ ပြောကြားချက် အရ သိရသည်။