Pages

Monday, December 31, 2012

သီရိမင်္ဂလာဈေးသစ်အနီး မက်စ်မြန်မာဝင်းအတွင်း လောင်စာဆီကား ပေါက်ကွဲမှုဖြစ်၊ လူတစ်ဦးဒဏ်ရာရ

သီရိမင်္ဂလာဈေးသစ်အနီး မက်စ်မြန်မာဝင်းအတွင်း လောင်စာဆီကား
ပေါက်ကွဲမှုဖြစ်၊ လူတစ်ဦးဒဏ်ရာရ

မိုးမြင့်ကျော်-(မြစ်မခ)

ယနေ့နံနက် (၁၀း၀၀)၀န်းကျင်က လှိုင်မြို့နယ်၊ သိရီမင်္ဂလာဈေးသစ်
အနီးမက်စ်မြန်မာကုမ္ပဏီပိုင် မက်စ်အင်နာဂျီဝင်းအတွင်း လောင်စာဆီ
တင်ကားတစ်စီးအသေးစားပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

အဆိုပါကားမှာ ဆိပ်ကမ်းရှိလောင်စာဆီရေယာဉ်မှ လောင်စာဆီထည့်နေစဉ် ကားအတွင်းလက်ကျန်ဆီ များမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းဆိပ်ကမ်း
လက်ထောက်တာဝန်ခံ ဦး၇ဲမြင့်အောင်က ဆိုသည်။

"ကျွန်တော်တို့က ဒီမှာ ဒီဇယ်ပဲထည့်တာ၊ လာတဲ့ကားတွေက ဒီဇယ်ရော၊အော့တိန်းရော သယ်ကြတယ်၊ အဲ့ဒီအော့တိန်းဆီ
ကျန်နည်းနည်းရှိနေတယ်၊ဆီထည့်ပြီး ၁၅မိနစ်လောက်ကြာတော့ အဲ့ဒီဆီကျန်တွေကနေ အငွေ့ရိုက်ပြီးနောက်ဆုံး အခန်းက မီးစလောင်တာပါ"ဟု ဦးရဲမြင့်အောင်က ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဦးသန်းရွှေဆိုသည့် ဆိပ်ကမ်းဝန်ထမ်း
တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် မီအားအချိန်မီငြိမ်းသတ်နိုင်ခဲ့ကြောင်း ၄င်းကဆက်ပြောသည်။

အဆိုပါလောင်ကျွမ်းမှုမှာ (၁၀)မိနစ်ခန့်ကြာမြင့်ခဲ့ပြီးမီးသတ်ဆေးဗူးများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့ကြောင်းကိုလည်းသိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ သီရိမင်္ဂလာဈေးအတွင်း ဈေးရောင်းသူ
တစ်ဦးမှအန္တရာယ်ရှိမည်ကို စိုးရိမ်မီကြောင်း ယခုကဲ့သို့ဆိုသည်။

"အမတို့ဆိုင်နဲ့ဆို ကားမှတ်တိုင်တစ်တိုင်စာလောက်ဝေးတယ်၊ ဒါပေမယ့်ပေါက်ကွဲသံတော့ကြားလိုက်ရတယ်၊ တော်တော် သိသာပါတယ်၊လူတစ်ယောက်ဒဏ်ရာရသွားတယ် ဆိုတာလည်းသိတယ်၊ အခုက ဈေးနဲ့ကပ်နေတော့စိုးရိမ်ရတယ်၊ Safety မဖြစ်တာတွေ
ရှိနေရင် ဈေးအတွက် စိုးရိမ်ရတယ်"ဟုသိရိမင်္ဂလာဈေးအတွင်းမှ
ဈေးသည်မမျိုးမျိုးက ပြောသည်။

အဆိုပါဖြစ်စဉ်အတွက် အမှုဖွင့်ထားခြင်းမရှိဟု ရန်ကုန်တိုင်း
မီးသတ်ဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။


အေးချမ်းမွန်မှ Myit Makha Mediagroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ယနေ့နံနက် (၁၀း၀၀)၀န်းကျင်က လှိုင်မြို့နယ်၊ သိရီမင်္ဂလာဈေးသစ်အနီးမက်စ်မြန်မာကုမ္ပဏီပိုင်မက်စ်
အင်နာဂျီဝင်းအတွင်း လောင်စာဆီတင်ကားတစ်စီးအသေးစားပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ အဆိုပါကားမှာ ဆိပ်ကမ်းရှိလောင်စာဆီရေယာဉ်မှ လောင်စာဆီထည့်နေစဉ်ကားအတွင်းလက်ကျန်ဆီ များ
မှ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းဆိပ်ကမ်းလက်ထောက်တာဝန်ခံ ဦး၇ဲမြင့်အောင်က ဆိုသည်။

"ကျွန်တော်တို့က ဒီမှာ ဒီဇယ်ပဲထည့်တာ၊ လာတဲ့ကားတွေက ဒီဇယ်ရော၊အော့တိန်းရော သယ်ကြတယ်၊ အဲ
့ဒီအော့တိန်းဆီကျန်နည်းနည်းရှိနေတယ်၊ဆီထည့်ပြီး ၁၅မိနစ်လောက်ကြာတော့ အဲ့ဒီဆီကျန်တွေကနေ အ
ငွေ့ရိုက်ပြီးနောက်ဆုံး အခန်းက မီးစလောင်တာပါ"ဟု ဦးရဲမြင့်အောင်က ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့်ဦးသန်းရွှေဆိုသည့်ဆိပ်ကမ်းဝန်ထမ်းတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့်
မီအားချိန်မီငြိမ်း
သတ်နိုင်ခဲ့ကြောင်း ၄င်းကဆက်ပြောသည်။

အဆိုပါလောင်ကျွမ်းမှုမှာ (၁၀)မိနစ်ခန့်ကြာမြင့်ခဲ့ပြီးမီးသတ်ဆေးဗူးများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့ကြောင်း
ကိုလည်းသိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍သီရိမင်္ဂလာဈေးအတွင်း ဈေးရောင်းသူတစ်ဦးမှအန္တရာယ်ရှိ
မည်ကို စိုးရိမ်မီ
ကြောင်း ယခုကဲ့သို့ဆိုသည်။

"အမတို့ဆိုင်နဲ့ဆို ကားမှတ်တိုင်တစ်တိုင်စာလောက်ဝေးတယ်၊ ဒါပေမယ့်ပေါက်ကွဲသံတော့ကြားလိုက်ရ
တယ်
တ်ာတော် သိသာပါတယ်၊လူတစ်ယောက်ဒဏ်ရာရသွားတယ် ဆိုတာလည်းသိတယ်၊ အခုက ဈေးနဲ့ကပ်
နေတော့စိုးရိမ်ရတယ်၊ Safety မဖြစ်တာတွေရှိနေရင် ဈေးအတွက် စိုးရိမ်ရတယ်"ဟုသိရိမင်္ဂလာဈေးအတွင်း
မှဈေးသည်မမျိုးမျိုးက ပြောသည်။

အဆိုပါဖြစ်စဉ်အတွက် အမှုဖွင့်ထားခြင်းမရှိဟု ရန်ကုန်တိုင်းမီးသတ်ဋ္ဌာနမှတာဝန်ရှိသူတစ်ဦး
က ဆိုသည်။

မိုးမြင့်ကျော်-(မြစ်မခ)

0 comments:

Post a Comment