Pages

Monday, December 31, 2012

ဘုန်းကြီးလမ်း စံပြ ...မီးပွိုင့် အကျော်တွင်....226 ယာဉ်မှမီးပွိုင့်လွတ်ရန် အရှိန်ပြင်းစွာ ဖြတ်ကျော်မောင်းနှင်ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ ကား ၉စီးဆက် ဆင့်တိုက်မှုဖြစ်ပွား။

ယနေ့ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၈နာရီး ၃0 မိနစ်ခန့်က အနောက်ပိုင်းခရိုင် ယာဉ်လိုင်းတစ်ခုဖြစ်သည့် ၂၂၆ ယာဉ်လိုင်းမှ ၆ခ/၄၈၈၁ မှသည် ရန်ကုန်တိုင်း ၊ လမ်းမတော်မြို့နယ် ၊ ဘုန်းကြီးလမ်း ပေါ်တွင် စံပြမီး
ပွိုင့်ကို ဖြတ်ကျော်ခဲ့ရာတွင် အရှိန်မထိန်းနိုင်းဘဲ အရှေ့မှသွားနေသည့်ကားများ၊ လမ်းညာဘက်ခြမ်းတွင်ရပ်
ထားသည့် ကားများကို ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။
လမ်းဖြတ်ကူးသူများအပါအဝင် ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရခဲ့ပြီး ၃ဦးမှာဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ပို့
ဆာင် ခဲ့ရသည်။ ကုံးထက် ကြက်ဆီထမင်းဆိုင်မှ Mark-2 ကားတစ်စီးအပါအဝင် ၂စီး ပျက်စီးသွားခဲ့သလို Taxi ယာဉ် ၂စီးမှာလည်း ဆိုးရွားစွာ ပျက်စီးခဲ့သည်။ 

အဆိုပါ ဖြစ်ရပ်အားစတင်ဖြစ်ပွားစေခဲ့သည့် ၂၂၆ ယာဉ်မောင်းမှာ ယာဉ်အကူကို ၄င်းဝတ်ဆင်ထားသည့် အ
ကျိ င်္ကိုချွတ်ပေးကာ ထွက်ပြေးသွားသော်လည်း ပထမဆုံး အတိုက်ခံခဲ့ရသည့် တက္ကစီသမားမှ ဦးဆောင်ပြီး လမ်းတစ်ဘက်အခြမ်းတွင် ဖမ်းစီးနိုင်ခဲ့သည်။ 

ဒဏ်ရာရသူများ အနက် ဆေးရုံတွင် တစ်ဦးသေဆုံးသွားသည်ဟုသတင်းကြားသော်လည်းယခုသတင်း တင်
ချိန် နံနက် ၉ နာရီ ၃၁မိနစ် အထိ အတည်မပြုနိုင်သေးပါ။ ယခုအခါ ကားများကို ရွေ့နေပြီးဖြစ်ပြီး ခရီးသွား
ပြည်သူများက ယာဉ်မောင်းကြမ်းသူများအား ထိရောက်စွာပြစ်ဒဏ်ချမှတ်စေလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။


Ko Sai Sai

0 comments:

Post a Comment