Pages

Monday, June 17, 2013

DKBAတိုင်းရင်းသားပေါင်းစုံ ဆွေးနွေးပွဲအခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆို

Photo: DKBAတိုင်းရင်းသားပေါင်းစုံ  ဆွေးနွေးပွဲအခြေခံဥပဒေ  ပြင်ဆင်ရေး              တောင်းဆို
Monday, June 17, 2013

ကရင်ပြည်နယ် မြဝတီမြို့ ဆုံစည်းမြိုင်ကျေးရွာမှာ (DKBA) ကလိုထူးဘောတပ်ဖွဲ့က ဦးစီးပြီး ဇွန်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲကနေ အချက် ၈ ချက်ပါတဲ့ သဘောထားကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ထုတ်ပြန်ချက်မှာပါဝင်တဲ့ အချက်တချို့ကို DKBA ကလိုထူးဘောတပ်ဖွဲ့ ဗိုလ်မှူးစန်းအောင်က RFA ကို အခုလို ပြောပါတယ်။

"နံပါတ် ၁ အချက်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စရပ်များကို မဖြေရှင်းနိုင်သည့်အတွက် ပြန်လည်ရေးဆွဲရန်၊ နံပါတ် ၂ အချက်က စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့်တမျိုးသားလုံးပါဝင်သောညီလာခံကြီး  တစ်ရပ်ခေါ်ယူရန်၊ ၃ အချက် မတရားသည့် ဥပဒေများကို ပယ်ဖျက်ရန်နှင့် ကန့်သတ်ချုပ်ချယ်မှုကင်းသော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံးကြေညာပေးရန်တို့ဖြစ်ပါတယ်"

ဒါ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ အညီ ဆောင်ရွက်ဖို့၊ ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလ သဘောတူညီချက်တွေကို အစိုးရတပ်တွေအနေနဲ့ အတိအကျ လိုက်နာဆောင်ရွက်ဖို့နဲ့ အလုပ်သမား၊ လယ်သမားတွေရဲ့ အခက်အခဲတွေကို မှန်ကန်စွာဖြေရှင်းဆောင်ရွက်ပေးဖို့ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

ဒီကြေညာချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် တက်ရောက်လာသူတွေထဲက အဖွဲ့ဝင် ၁၇ ဦးပါဝင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ကိုယ်စားလှယ်တွေ၊ မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေအပြင် ပြည်ပအခြေစိုက် နိုင်ငံရေး အဖွဲ့အစည်းတွေဖြစ်တဲ့ ABSDF ကျောင်းသားအဖွဲ့၊ မဲဆောက်အခြေစိုက် NLD (LA) အဖွဲ့အပါအဝင် အဖွဲ့အစည်း ၃ဝ ခန့်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ ပါတယ်။

RFA Burmese

Monday, June 17, 2013

ကရင်ပြည်နယ် မြဝတီမြို့ဆုံစည်းမြိုင်ကျေးရွာမှာ(DKBA) ကလိုထူးဘောတပ်ဖွဲ့က ဦးစီးပြီး ဇွန်လ ၁၅ ရက်
နေ့ကနေ ၁၇ ရက်နေ့အထိ၃ ရက်ကြာကျင်းပခဲ့တဲ့တိုင်းရင်းသားပေါင်းစုံသဘောထားအမြင် နှီးနှောဖလှယ်
ပွဲကနေ အချက် ၈ ချက်ပါတဲ့ သဘောထားကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

ရွှေညောင် ၉၆၉ တရားပွဲအပြီး တောင်ကြီးမှာ အော်ဟစ်လှုံ့ဆော်မှုဖြစ်၊ ယနေ့ည ၉၆၉ တရားပွဲ တောင်ကြီးတွင်စမည်

4

ဇွန် ၁၇၊ ၂၀၁၃

တောင်ကြီး ။          ။   ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဘာသာရေးကိုအခြေခံပြီး ပြဿနာများ
ပေါ်ပေါက်စေရန် လှုံ့ဆော်မှုတစ်ခုကို ပြီးခဲ့သည့် ဇွန်လ ၁၄-ရက်နေ့ ည ၁၀-နာရီခွဲခန့်ခွဲက ဆူပူအော်ဟစ်ပြီး လှုံ့ဆော်သွားကြောင်း သတင်းရရှိသည်။

ရာသက်ပန်အငှားယာဉ် CC အက္ခရာ ဇွန်လ နောက်ဆုံးပတ် စထုတ်ပေးမည်

Monday, June 17, 2013

ရာသက်ပန် အငှားမော်ယာဉ်များကိုသာ ထုတ်ပေးသည့် အင်္ဂလိပ် အက္ခရာ CC နံပါတ်များကို ဇွန်လ နောက်ဆုံးပတ်တွင် စတင်ထုတ်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်က The Voice သို့ ပြောကြားသည်။

ဘင်္ဂါလီ ဒုက္ခသည်များအတွက် ယာယီ စာသင်ကျောင်း သုံးဆယ်ကျော်ဆောက်မည်

Photo: ဘင်္ဂါလီ ဒုက္ခသည်များအတွက် ယာယီ စာသင်ကျောင်း သုံးဆယ်ကျော်ဆောက်မည်
Monday, June 17, 2013

ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF (မြန်မာ) တို့ ပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ဒုက္ခသည်ကျောင်းသား များ အတွက် ယာယီ စာသင်ကျောင်း ၃၃ ကျောင်းကို ဇူလိုင်လအတွင်း အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

ကျောင်းဖွင့်ရာသီ ရောက်ရှိသော်လည်း ကျောင်းမတက်နိုင်သေးသော ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ ကျောင်းသား၊ ကျောင်းသူ တစ်ထောင်ကျော် အတွက် ရခိုင်ပြည်နယ် မြို့နယ် ငါးခုတွင် ယာယီ စာသင်ကျောင်းများကို UNICEFက အကုန်အကျခံ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း အဆိုပါရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယာယီ စာသင်ကျောင်းများတွင် သင်ကြားပေးမည့် စေတနာ့ဝန်ထမ်း အလုပ်သင် ဆရာ၊ ဆရာမ ၉၃ ဦးအတွက် ထောက်ပံ့မှုများလည်း ပေးသွား ရန် ရှိကြောင်း၊ ယင်း စာသင်ကျောင်းများတွင် ကျောင်းသား တစ်ဦးကို တစ်နေ့လျှင် နှစ်နာရီသာ သင်ကြားပေးမည်ဖြစ်ကြောင်း UNICEF အရေးပေါ် ပညာရေး ထောက်ပံ့မှု တာဝန်ခံ Ms. Mary Ombaka က ပြောကြားသည်။

ယခုလ ၂၈ ရက်နေ့တွင် စစ်တွေ၊ ပေါက်တောနှင့် မင်းပြားမြို့နယ်များရှိ ယာယီ စာသင်ကျောင်းများကို အပြီးသတ်သွားမည်ဖြစ်ပြီး စစ်တွေမြို့တွင် စာသင်ကျောင်း ၁၆ ကျောင်း ဆောက်လုပ်ထားကြောင်း ပညာရေး ဝန်ကြီး ဌာနထံမှ သိရသည်။

"ကျောင်းပညာရေး စနစ်ကနေ နှစ်ဖက် အဖွဲ့အစည်းတွေကို ပြန်လည် စေ့စပ် ညှိနှိုင်းပေးဖို့ ကြိုးစားရမယ်" ဟု ရခိုင်ပြည်နယ်တွင် အခြေစိုက်သော OCHA ရုံးချုပ်မှ တာဝန်ရှိသူ Ms. Barbara Manzi က ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခင်နှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ပျက်စီး သွားသော စာသင်ကျောင်း သုံးကျောင်းကို ပညာရေး ဝန်ကြီးဌာနက ဇူလိုင်လတွင် စတင် ပြင်ဆင်ရန် စီစဉ်လျက်ရှိကြောင်း၊ ပြည်နယ် တစ်ခုလုံး စာသင်ကျောင်း နှစ်ထောင့် ခုနစ်ရာ ကျော်ရှိပြီး ကျောင်းသား ဦးရေ ငါးသိန်းကျော် ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သည်။

The Voice Weekly

Monday, June 17, 2013

ပညာရေးဝန်ကြီးဌာနနှင့်ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF (မြန်မာ) တို့ ပူးပေါင်းကာ ရခိုင်ပြည်
နယ်ရှိဘင်္ဂါလီဒုက္ခသည်ကျောင်းသား များ အတွက် ယာယီ စာသင်ကျောင်း ၃၃ ကျောင်းကို ဇူလိုင်လအတွင်း
 အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

စက်မှုဖွံ့ ဖြိုးပြီး နိုင်ငံများရဲ့ G 8 အစည်းအဝေး စတင်

Photo: G 8 အစည်းအဝေး စတင်
Monday, June 17, 2013

စက်မှုဖွံ့ ဖြိုးပြီး နိုင်ငံများ အစည်းအဝေး G8 ကို တက်ရောက်ရန်အတွက် အမေရိကန် သမ္မတ အိုဘားမား သည် ၎င်း၏ မိသားစု နှင့်အတူ မြောက် အိုင်ယာလန် ဘဲလ်ဖတ်(စ) မြို့  နိုင်ငံတကာ လေဆိပ်သို့ 
ရောက်ရှိလာစဉ်

လွန်ခဲ့သည့် ၁၅ နှစ်က Good Friday သဘောတူညီချက် ဖြင့် မြောက်အိုင်
ယာ လန် ငြိမ်းချမ်း ရေးရရှိ ရေးအတွက် အမေရိကန်ကမကထ ပြုပေးမှု အထိမ်းအမှတ်အဖြစ် ၀ါးတာဖရန့် ခန်းမတွင် သမ္မတ က မိန့် ခွန်း ပြောခဲ့ရာ
မြောက် အိုင်ယာလန် နှင့်အတူ အမေရိကန် အစဉ်ရှိ နေမည်ဟု ထည့် သွင်း ပြောကြားခဲ့သည်။

G 8 အစည်းအဝေးတွင် ဆီးရီးယားအရေး ၊ အမေရိကန် ၏ ပုဂ္ဂလုံခြုံရေးကို
ထိပါးသည့် စောင့် ကြည့်မှုများမှာ အဓိက ဦးစားပေး ဖြစ်သည်။

Russia, Canada, Japan, Britain, France, Italy, Germany and the United States are members of the G-8.

Freedom News Group(Burma)
စက်မှုဖွံ့ ဖြိုးပြီး နိုင်ငံများ အစည်းအဝေး G8 ကို တက်ရောက်ရန်အတွက် အမေရိကန် သမ္မတ အိုဘားမား သည် ၎င်း၏ မိသားစု နှင့်အတူ မြောက် အိုင်ယာလန် ဘဲလ်ဖတ်(စ) မြို့  နိုင်ငံတကာ လေဆိပ်သို့ 
ရောက်ရှိလာစဉ်
Monday, June 17, 2013

လွန်ခဲ့သည့် ၁၅ နှစ်က Good Friday သဘောတူညီချက် ဖြင့် မြောက်အိုင်ယာ လန် ငြိမ်းချမ်း ရေးရရှိ ရေးအ
တွက် အမေရိကန်ကမကထ ပြုပေးမှု အထိမ်းအမှတ်အဖြစ် ၀ါးတာဖရန့် ခန်းမတွင် သမ္မတ က မိန့် ခွန်း ပြော
ခဲ့ရာမြောက် အိုင်ယာလန် နှင့်အတူ အမေရိကန် အစဉ်ရှိ နေမည်ဟု ထည့် သွင်း ပြောကြားခဲ့သည်။

၈၈ ကျောင်းသားများ ဗြိတိန်ခရီးစဉ် ယနေ့စမည်

၈၈ ကျောင်းသားများ ဗြိတိန်ခရီးစဉ် ယနေ့စမည်
...........................................................
ရန်ကုန်၊ ဇွန် ၁၆

အမေရိကန်ပြည်ထောင်စုမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြန်လည်ရောက်ရှိ လာသော ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (၈၈မျိုးဆက်ကျောင်းသားများ) အဖွဲ့ဝင် ရှစ်ဦးသည် ဗြိတိန်နိုင်ငံသို့ ယနေ့ ဇွန်လ ၁၇ရက် သွားရောက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးထံမှ သိရသည်။

၈၈ မျိုးဆက် ခေါင်းဆောင်များသည် ဗြိတိန်နိုင်ငံတွင် ဇွန်လ ၁၇ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့ အထိ ရှစ်ရက်ကြာ သွားရောက်မည်ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ခရီးစဉ်တွင် ဗြိတိန်ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်များ ၊ ဗြိတိန် အစိုးရ ဝန်ထမ်း အဖွဲ့အစည်း၏ အကြီးအကဲ Edward Llewellyn တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးအံ့ဘွယ်ကျော်က ပြောကြားသည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် များဖြစ်သော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးဌေးကြွယ်၊ ဦးမြအေး၊ ဦးမာကီး၊ ဒေါ်မီးမီးနှင့် ဒေါ်နီလာသိန်းတို့ ပါဝင်မည့် ယင်းခရီးစဉ် အတွင်း ဗြိတိန်အစိုးရ တာဝန်ရှိသူများ၊ ဗြိတိန် လွှတ်တော်နှင့် ဓနသဟာယရုံး မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈ ခေါင်းဆောင်များက ရှင်းပြသည်။

၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ရှစ်ဦးသည် ဗြိတိန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ ဗြိတိန် တက္ကသိုလ် ကျောင်းသားများ၊ ဗြိတိန်ရောက် မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဦးအံ့ဘွယ်ကျော်က ဆိုသည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့သည် မေလ ၁၅ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိ ကိုရီးယားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့ သွားရောက် ခဲ့ပြီး ဦးမြအေး ဦးဆောင်သည့် အဖွဲ့ဝင် လေးဦးသည် ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အသီးသီး သွားရောက်ခဲ့သည်။

အေးချမ်းမွန် Copy & Credit To>The Voice Weekly < Thank

ရန်ကုန်၊ ဇွန် ၁၇
အမေရိကန်ပြည်ထောင်စုမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြန်လည်ရောက်ရှိ လာသော ငြိမ်းချမ်းရေးနှင့် ပွင့်
လင်း လူ့အဖွဲ့အစည်း (၈၈မျိုးဆက်ကျောင်းသားများ) အဖွဲ့ဝင် ရှစ်ဦးသည် ဗြိတိန်နိုင်ငံသို့ ယနေ့ ဇွန်လ ၁၇
ရက် သွားရောက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးထံမှ သိရသည်။

" နန်းဆုရတီစိုး၏ ရှင်းတမ်း"

" နန်းဆုရတီစိုး၏  ရှင်းတမ်း" 

 " ဟဲဟဲပြောပြရဦးမယ်..... တချို့ကောလဟာလတွေက စိတ်တိုစရာကောင်းပေမယ့်တချို့ကတော့
အတော်ရီရသား:-p

နန်းဆုကတော့ကောလဟာလတွေကို နားထောင်ပြီးပြုံးလိုက်ရုံနဲ့ သူငယ်ချင်းတွေကို အပျင်းပြေ ပြန်ပြောပြရုံလောက်ပါပဲ...။ 

အခုကောလဟာလက ဘာတဲ့ရင်သားအရွယ်အစားကြီးလာလို့ ခွဲစိတ်ပြုပြင်ထားတယ်ဆိုလား ဟိုးကလေးဘဝ အသက်၁၅နှစ်တုန်းကပုံတွေနဲ့တောင်တွဲတင်ထားလိုက်
သေး ဂျပန်မှာတောင်သွားပြင်တယ်ဆိုပဲ....နန်းဆုစာမေးပွဲဖြေနေလို့ဂျပန်
မသွားဖြစ်တာလဲ၂နှစ်ကျော်နေပါပြီ ။ ဒါနဲ့တချို့ပုံတွေမှာကြီးနေတယ်ဆိုတာ
လည်းနေတဲ့post ,အဝတ်အစားနဲ့ photographers,designers
တွေနဲ့ အများကြီးဆိုင်ပါတယ်....။

တချို့ Journal cover တွေက သူတို့ journal ဆွဲဆောင်မှူရှိအောင် အနုပညာရှင်တွေကို အသိမပေးဘဲ သူတို့ဘာသာသူတို့ photoshop နဲ့ပြုပြင်လိုက်တာတွေလည်းရှိပါတယ် ဒါတွေအားလုံးက
ညဏ်နဲ့အမြင်ရှိပြီးသားကျွန်မပရိသတ်တွေအားလုံးနားလည်သိရှိပြီး
သားတွေပါ ဒါကြောင့်' ဟုတ်မှလည်းပြောပါ ဧရာဝတီရယ်'လို့ပဲပြောရတော့မှာပဲ ။

ဒါပေမယ့်နန်းဆုကိုကမ္ဘာ့အဆင့်မှီ ကိုယ်လုံးလို့ချီးကျူးဖွင့်ဆိုထားတဲ့ အတွက်တော့ကျေးဇူးတင်ပါတယ်ဧရာဝတီရယ်.. အော်ပြီးတော့ ကျွန်မနဲ့ကျွန်မပရိသတ်တွေအတွက် ရီစရာ ကောင်းသောကောလဟာသ တခုဖန်တီးတင်ဆက်ပေးတဲ့ အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း... "

သူမ၏ဖေ့ဘွက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

" ဟဲဟဲပြောပြရဦးမယ်..... တချို့ကောလဟာလတွေက စိတ်တိုစရာကောင်းပေမယ့်တချို့ကတော့
အတော်ရီရသား:-p
နန်းဆုကတော့ကောလဟာလတွေကို နားထောင်ပြီးပြုံးလိုက်ရုံနဲ့ သူငယ်ချင်းတွေကို အပျင်းပြေ ပြန်ပြော
ပြရုံလောက်ပါပဲ...။

မတော်တဆဖြစ် လေယာဉ် Black Box များ စစ်ဆေးရန် တရုတ်ကုမ္ပဏီ ကမ်းလှမ်းမှု ငြင်းဆို

မြန်မာ့လေကြောင်းမှ မတော်တဆမှုများ ဖြစ်ပွားခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံလုပ်MA 60 လေယာဉ်များ၏ Black Box များကို စစ်ဆေးရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ Xian Aircraft Manufacture ကုမ္ပဏီ၏ ကမ်းလှမ်းမှုကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန မြန်မာ့လေယာဉ် မတော်တဆ စုံစမ်းရေးအဖွဲ့က ငြင်းဆိုထားကြောင်း ယင်းဌာနရှိ မြန်မာ့လေယာဉ် မတော်တဆ ထိခိုက်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှ တာဝန်ခံ ဦးမျိုးညွန့်က ရှင်းပြသည်။

စနစ်တကျ မထိန်းသိမ်းလျှင် ရန်ကုန် ရှေးဟောင်းအမွေအနှစ်များ နှစ်အနည်းငယ်အတွင်း လုံးဝ ပျောက်ကွယ်ဖွယ်ရှိ

ရန်ကုန်၊ ဇွန် ၁၆

ရန်ကုန်မြို့တော်၌ ကျန်ရှိနေသေးသည့် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများကို ၂ နှစ်၊ သုံးနှစ်အတွင်း စနစ်တကျ ကြိုတင် ကာကွယ်စောင့်ရှောက်ခြင်း မရှိပါက အဆိုပါ အဆောက်အအုံများ လုံးဝ ပျောက်ကွယ် သွားနိုင်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) မှ ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးက The Voice သို့ ပြောကြားသည်။

တာမွေမြို့နယ်တွင် ရပ်ထားခဲ့သည့်ကားပျောက်ဆုံး

၁၆.၆.၂၀၁၃ရက်နေ့ ၂၀၀၀အချိန်ခန့်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ သြဘာလမ်းနေ
ဦးအောင်စိုးသည် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ကျိုက္ကဆံလမ်း၊ အထက (၅)ရှေ့တွင် ၎င်းပိုင်
ယာဉ်အမှတ် ၈ဂ/၄၉၅၀ လိုက်ထရပ်အဖြူရောင်ကိုယ်ပိုင်ယာဉ်အား ရပ်ထားခဲ့ရာမှ ၁၇.၆.၂၀၁၃ ရက်နေ့
၀၉၀၀ အချိန်တွင်ကားအားကြည့်ရာ မတွေ့ရှိဘဲပျောက်ဆုံးနေ၍ တာမွေမြို့မရဲစခန်းသို့ ကူညီစုံစမ်းပေးရန်အကြောင်းကြားလာခဲ့သည်။

မလေးမှ ပြန်ရောက်လာသော အလုပ်သမားများ အလုပ်စတင်လျှောက်

ရန်ကုန် ၊ ဇွန် ၁၆

မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရှားပါးမှုကြောင့် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ် လုပ်သော မြန်မာအလုပ်သမားသည်မျှော်လင့်မထားသော အကြမ်းဖက် တိုက်ခိုက်မှုများ တွေ့ကြုံသဖြင့်
ပြန်လည် ရောက်ရှိလာပြီးနောက် ပြည်တွင်းတွင် အလုပ်စတင် လျှောက်ထားနေပြီ ဖြစ်ကြောင်း ထင်သီဟ JOB ဖောင်ဒေးရှင်းနှင့် Air Bagan လေကြောင်းလိုင်းတို့ထံမှ စုံစမ်း သိရှိရသည်။

မလေးရှားရောက် မြန်မာလုပ်သားများအကြောင်း ရုပ်ရှင်ရိုက်မည်

Monday, June 17, 2013

မလေးရှားနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် သွားရောက် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများ ကြုံတွေ့ခဲ့သည့်ဖြစ်ရပ်မှန်များကို မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံမှ အနုပညာရှင်များ ပူးပေါင်း၍ ရုပ်ရှင် ရိုက်ကူးသွားမည် ဖြစ်ကြောင်း ယင်းဇာတ်လမ်းရေးသားသူ ဦးစတီးလ်မှ ပြောကြားသည်။

“ဒီဇာတ်လမ်းက လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လက်ရှိ အကြောင်းကို ထည့်ရိုက်ရင်လည်း ပြဿနာ ရှိနိုင်တယ် ထင်လို့ပါ။ အဲ့ဒါကြောင့် အခုဖြစ်ပျက်နေတဲ့ အကြောင်းတွေ မပါဘူး။ ရန်တိုက်ပေးမယ့် အကြောင်းတွေ မပါဘူး။ ဒါကြောင့်လည်း ဟိုနိုင်ငံမှာ ရိုက်ဖို့ ခွင့်ပြု ချက်တင်တော့ ဘာကန့်သတ်ချက်မှ မပါဘဲ ရိုက်ခွင့်ရတာပါ”ဟု ဦးစတီးလ်က ဆိုသည်။

မဟာဆန်တဲ့ မာယာမျက်နှာဖုံး အမည်ရှိ အဆိုပါ ရုပ်ရှင်ဇာတ်လမ်းကို့မြန်မာနိုင်ငံမှ နဝရတ်၊ ဝါဝါအောင်၊ ဇော်ဇော်အောင်နှင့် အခြားသရုပ်ဆောင်များနှင့် မလေးရှားနိုင်ငံမှ အိန္ဒိယ သရုပ်ဆောင်များက ပါဝင် သရုပ်ဆောင်မည် ဖြစ်ပြီး မလေးရှားနိုင်ငံမှ ဒါရိုက်တာ R.Perakas Rajaram က ရိုက်ကူးမည် ဖြစ်ကြောင်း၊ အမျိုးသား သရုပ်ဆောင်နေရာတွင် ပါဝင်မည့် သရုပ်ဆောင် ပြေတီဦးမှာ လက်ရှိတွင်ဖြစ်ပျက်နေသော ပဋိပက္ခများ အကြားတွင် ထိုကဲ့သို့ ဇာတ်လမ်းများ သရုပ်ဆောင်ရန် အခက်အခဲ ရှိသောကြောင့် ပါဝင်နိုင်ခြင်း မရှိကြောင်း၊ 
ဇာတ်လမ်းပုံစံမှာ မကြာသေးခင်က ဖြစ်ပျက်နေသော ပဋိပက္ခများ အကြောင်းမဟုတ်ဘဲ ၂၀၁၁ လောက်က မလေးရှား နိုင်ငံတွင် သွားရောက်လုပ်ကိုင်ပြီး ထိုနိုင်ငံမှ ဖျက်ဆီးခံခဲ့ရသော အမျိုးသမီးတစ်ဦး အကြောင်းနှင့် အလုပ်တွင် ညှဉ်းပန်း နှိပ်စက်ခံရပြီး လစာ နှိမ်ခံခဲ့ရသော လူငယ်တစ်ဦး အကြောင်းကို ရိုက်ကူးမည် ဖြစ်ကြောင်း၊ ရိုက်ကူးပြီးလျှင် မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ နော်ဝေ စသည့် ငါးနိုင်ငံတွင် ရုံတင် ပြသမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း
ပြောကြားသည်။

“ဒီလို ဖြစ်ရပ်မှန် ကားလေးတွေကို နဝရတ် ရိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်တော့ တော်တော် ကောင်းပါတယ်။ အဲဒီလိုကောင်းတဲ့ ဇာတ်လမ်းလေးကို နဝရတ် လက်လွတ်မခံပါဘူး။ ပြီးတော့ သိပ်မကွာတဲ့ လစာလေးရပြီး သူများနိုင်ငံမှာ အနှိပ်စက်ခံရတဲ့ မြန်မာတွေ အကြောင်းကို ကြည့်ပြီး သူတို့ နိုင်ငံမှာ ဒုက္ခခံ လုပ်စရာ မလိုဘူး။ ကိုယ့်နိုင်ငံမှာလည်း မိသားစုနဲ့ မကွဲဘဲ ကြိုးစားပြီး လုပ်နိုင်တယ်ဆိုတဲ့ Massage လေးထည့် ပေးထားပါတယ်”ဟု သရုပ်ဆောင် နဝရတ်က ပြောသည်။

အဆိုပါ ဇာတ်လမ်းတွင် တစ်ဖက်နိုင်ငံသို့ သွားရောက် လုပ်ကိုင်ချင်သော မြန်မာအမျိုးသမီးကို ပို့ဆောင်ပေးမည့် ပွဲစား တစ်ယောက်အနေနှင့် သရုပ်ဆောင်ရမည် ဖြစ်ပြီး ထိုဇာတ်လမ်းကို ဘာအကျိုးမှ မမျှော်ကိုးဘဲ သရုပ်ဆောင် တစ်ယောက် လုပ်ဆောင်ရမည့် ပုံစံကို ပေါ်လွင်အောင် သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ တခြားနိုင်ငံတွင် သွားရောက် ရိုက်ကူးရမည် ဖြစ်သောကြောင့် ဘာသာစကား အခက်အခဲများ ကြုံနိုင်ကြောင်း၊ သူများနိုင်ငံကို အထင်မကြီးဘဲ ကိုယ့်နိုင်ငံထဲတွင် လုပ်ကိုင် စားသောက်နိုင်ကြောင်း ပုံဖော်သွားမည် ဖြစ်ကြောင်း သရုပ်ဆောင် ဝါဝါအောင်က ဆိုသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 17.6.2013

အေးရှားဝေါဆိပ်ခံ တံတား၌ လူသေအလောင်းတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ်ရှိ အေးရှားဝေါဆိပ်ခံတံတားရေပြင်ပေါ်၌ လူသေအလောင်း တစ်
လောင်းတွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။အဆိုပါ လူသေအလောင်းကို ၂၀၁၃ ခုနှစ် ဇွန်လ ၁၆ရက်နေ့ နေ့လည် ၂နာရီတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့`
ကာ ပီအာ ၂၀၄ ဖြင့် လက်ခံထားကြောင်း သိရသည်။

မိကျောင်းကန်ရပ်ကွက်မှ ဖယ္ရွားခံရသူမ်ƞ