Pages

Monday, June 17, 2013

ရာသက်ပန်အငှားယာဉ် CC အက္ခရာ ဇွန်လ နောက်ဆုံးပတ် စထုတ်ပေးမည်

Monday, June 17, 2013

ရာသက်ပန် အငှားမော်ယာဉ်များကိုသာ ထုတ်ပေးသည့် အင်္ဂလိပ် အက္ခရာ CC နံပါတ်များကို ဇွန်လ နောက်ဆုံးပတ်တွင် စတင်ထုတ်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်က The Voice သို့ ပြောကြားသည်။ လက်ရှိတွင် BB အက္ခရာ ၉၃၀၀ ကျော်သို့ ရောက်ရှိနေပြီး ရာသက်ပန်အငှား မော်တော်ယာဉ် နံပါတ်များကို တစ်ရက်လျှင် ပျမ်မျှအစီး ၇၀ ခန့် ပြုလုပ် ပေးနေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

BB အက္ခရာ ၉၉၉၉ အထိ ထုတ်ပေးပြီးပါက CC အက္ခရာကိုလည်း CC – 1001 မှ CC – 9999 အထိ ဂဏန် လေးလုံးပေါင်းခြင်း ၁၀ နှင့် ၁၃ ဂဏန်း မဖြစ်သည့် နံပါတ်များ ဆက်လက် ထုတ်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ကြေညာသည်။

BB အက္ခရာများ ကုန်သွားလျှင် CC အက္ခရာများကို ဆက်လက် ထုတ်ပေးပါက CC အက္ခရာများကို နယ်မြို့များတွင်သာ ထုတ်ပေးရန် စီစဉ်နေကြောင်း အငှားယာဉ် လောကတွင် သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းသို့ ပြုလုပ်ရန် အစီအစဉ် မရှိကြောင်း ဦးသိန်းထွဋ်က ပြောဆိုသည်။

AA၊ BB ရာသက်ပန် အငှားယာဉ်များ ကနဦး မှတ်ပုံတင်ခြင်း လုပ်ငန်းကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး မြင်သာရှိ က.ည.န ရုံးချုပ်တွင် စတင်ဆောင်ရွက်ပေးခဲ့ပြီး AA အက္ခရာမှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် နံပါတ် ၉၉၉၉ အထိ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 17.6.2013

0 comments:

Post a Comment