Pages

Monday, June 17, 2013

မိကျောင်းကန်ရပ်ကွက်မှ ဖယ်ရှားခံရသူများကို တောင်ဒဂုံတွင် မြေနေရာပေးမည်

Monday, June 17, 2013
သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန်ရပ်ကွက် ရှိဖယ်ရှားခံရသူ အိမ်ထောင်စုများ ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အတွင်းမြေကွက်များ ပြန်လည် ချထားပေးရန်စီစဉ်နေကြောင်း နေအိမ်ဖယ်ရှားခံရသူများထံမှ သိရသည်။ လက်ရှိဖယ်ရှား ခံထားရ သူများသည် မြေကွက်ပေ(၂၀* ၆၀)ကို ပေးရန်အလိုရှိသော်လည်း သက်ဆိုင်ရာမှမြေကွက် ပေ (၂၀* ၃၀)ကိုသာပေးရန် ပြန်လည်ပြင် ဆင်ပြော ကြောင်း ဖယ်ရှားခံရသူ များက ရန်ကုန်တိုင်းမ်သတင်းစာ သို့ပြောသည်။ 
ဖယ်ရှားခံထားရ သူတစ်ဦးဖြစ်သည့်အပြင် ဒုက္ခ ရောက်နေသူ များအတွက် သက်ဆိုင်ရာ များနှင့် ညှိနှိုင်းရေးပြုလုပ်နေသည့် ကော် မတီမှအဖွဲ့ဝင်ဖြစ်သူ ဒေါ်ကြည် ကြည်မြင့်ကလည်း ''ဇွန်၁၅ရက်က သင်္ဃန်းကျွန်းမယကက ဖယ်ရှား ခံရသူတွေ ကို ပေ၂၀*၆ဝ မြေကွက် တွေ တောင်ဒဂုံဘက်မှာပေးမယ် လို့ပြောတယ်။ ဒါကို ဖယ်ရှားခံရ သူတွေက လက်ခံလိုက်တာမဟုတ် ဘူး။ 
ကျွန်မတို့ကဖယ်ရှားခံရသူ တွေနဲ့ ညှိနှိုင်း ပြီး ဒီနံနက်လက်ခံ မယ်ဆိုပြီး သွားတဲ့အခါကျတော့ သူတို့ဘက်က အပြောမှားလို့တဲ့။ ပေ(၂၀*၃၀)ပဲပေးမယ်လို့ ပြော တယ်။ ပေ(၂၀*၃၀)က ကျွန်မ တို့ အတွက် တော့ ဘယ်လို မှ မဖြစ် နိုင်ဘူးလေ''ဟု မြေကွက်စီစဉ်ပေး မှုကို ပြောသည်။

အဆိုပါမိကျောင်းကန်ရပ် ကွက်အပိုင်း(၁၊ ၂)တွင် ဇွန်၁၃ ရက် နံနက်၆နာရီဝန်းကျင်တွင် အာဏာပိုင်များဘက်မှ အဓမ္မဝင် ရောက်ဖျက်ဆီးခဲ့သည့်အတွက် ယင်းရပ် ကွက်များ တွင် မြေငှား ရမ်းလုပ်ကိုင်နေသည့် စိုက်ပျိုးရေး သမားမိသားစု ၁ရဝကျော်သည် ယင်းရပ်ကွက်၏ဘေးဘက် ကား လမ်းဘေးသို့ ဖယ်ရှား ပေးခဲ့ ရပြီး လမ်းဘေး တွင် မိုးကာသားများ ဖြင့် တဲထိုးပြီးနေထိုင်နေရသည် မှာ ယနေ့အထိ သုံးရက်ရှိပြီဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ဖယ်ရှားခံထား ရသူ၉ဝကျော်သည် ယင်းရပ်ကွက် ဘေးရှိ ဘောက်ထော်ဘူတာသို့ သွားရာလမ်းမဘေးတွင် တဲထိုး နေထိုင်နေကြပြီး ကျန်မိသားစု များသည် ယင်းရပ်ကွက်အနီးရှိ ဘုန်းကြီးကျောင်းတိုက်သုံးခုတွင် နေထိုင်နေကြောင်း သိရသည်။

ဖယ်ရှားခံထားရသူတစ်ဦး က ''အခုအချိန်ထိရေမချိုးရသေး ဘူး။ ကလေး တွေကျောင်း တက်ဖို့ လဲရှိသေး
တယ်။ သူတို့စီစဉ်ပေး မယ်ဆိုတဲ့နေရာကို အမြန်ဆုံး ပြောင်း ချင်ပြီ''ဟု ပြောသည်။ အဆိုပါမိကျောင်းကန်ပိုင်း (၁၊ ၂)ရပ်ကွက်သားများကို ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၈၃) ရပ်ကွက်နှင့် (၁၅၅)ရပ်ကွက်ကြား တွင် နေရာချ ထား မည်ဖြစ်ကြောင်း သိရသည်။ 
လက်ရှိတွင် ယင်းရပ်ကွက် ကို 'တပ်မြေမ ကျူးကျော်ရ' ဆို သည့်စာတန်းအနီများဖြင့် သိမ်း ပိုက်လိုက်ပြီး စည်ပင်သာ ယာ ဝန် ထမ်း များနှင့်စစ်သားများက ယင်း ဝင်းကြီးကို လုံခြုံရေးယူထားကြောင်း သိရ သည်။

မာန်ယုကျော် ၊ ကျော်ဇေယျ
YMG , RangonNewsDaily
kolatt(PBDN): 17.6.2013

0 comments:

Post a Comment