Pages
Monday, June 17, 2013
ရွှေညောင် ၉၆၉ တရားပွဲအပြီး တောင်ကြီးမှာ အော်ဟစ်လှုံ့ဆော်မှုဖြစ်၊ ယနေ့ည ၉၆၉ တရားပွဲ တောင်ကြီးတွင်စမည်
4
ဇွန် ၁၇၊ ၂၀၁၃
တောင်ကြီး ။          ။   ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဘာသာရေးကိုအခြေခံပြီး ပြဿနာများ
ပေါ်ပေါက်စေရန် လှုံ့ဆော်မှုတစ်ခုကို ပြီးခဲ့သည့် ဇွန်လ ၁၄-ရက်နေ့ ည ၁၀-နာရီခွဲခန့်ခွဲက ဆူပူအော်ဟစ်ပြီး လှုံ့ဆော်သွားကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ဇွန်လ ၁၃-ရက်နေ့ ရွှေညောင်မြို့ တွင် ကျင်းပသော ၉၆၉ တရားပွဲပြီးနောက် ရွှေညောင်မြို့ နှင့် ၁၂ မိုင်သာကွာဝေးသော တောင်ကြီးမြို့ရှိ တောင်ဗလီ အနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ယခု ဇွန်လ ၁၄-
ရက်ည ၁၀-နာရီခွဲခန့် တွင် ရမ်းကားသူတစ်စု မှ Super Custom ကားဖြင့် လာရောက် အော်ဟစ်ဆူပူသွားခဲ့
ည်။
အဆိုပါ ရမ်းကားသူတစ်စုမှ” ငါတို့ ကကိုးခြောက်ကိုး၊ကိုးခြောက်ကိုးကွ”ဟု အော်ဟစ်ကာ ခြိမ်းခြောက်သည့်
သဘောမျိုးပြုလုပ်ပြီး ဗလီအနီးဝန်းကျင်တွင် ရှိနေသည့် မွတ်စလင်အချို့အားလည်း ဆဲဆိုသွားခဲ့သည်ဟုသိ
ရသည်။ ကားနံပါတ်အား လိုက်လံ မှတ်သားသော်လည်း ညအချိန်အမှောင်ကျနေစဉ်ဖြစ်သောကြောင့် ကား
မီးရောင်ကြောင့်ကားနံပါတ်အားမှတ်သားနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်းကို မျက်မြင်များက M Media သို့ ပြောကြား
ခဲ့သည်။
တိုင်းရင်းသားပါတီတစ်ခုမှ ပါတီဝင်တစ်ဦးက “ဒါမျိုး မငြိမ်မသက်ဖြစ်ပေါ်အောင် ဖန်တီးလုပ်ဆောင်နေတာ
တွေကို ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။
တောင်ကြီးမြို့ ဆိုတာ ဟိုးရှေးယခင်ကတည်းက တိုင်းရင်းသားပေါင်းစုံအတူယှဉ်တွဲနေထိုင်လာတာပါ။ ဗိုလ်
ချုပ်လက်ထက်ကတည်းက ပင်လုံစာချုပ် ချုပ်ဆိုရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဦးဖေခင်တို့ ၊
 နောက် ပါလီမန် ဒီမိုကရေစီခေတ်က တောင်ကြီး မြို့ တော်ဝန်ဦးခန်းတို့ ဆိုတာ နိုင်ငံတော်ကို အကျိုးပြုခဲ့
တဲ့ ထင်ရှားတဲ့ အစ္စလာမ်ဘာသာဝင်တွေပါ။ ဒါတွေကိုကျွန်တော်တို့ သိပါတယ်” ဟု M Media သို့ ပြောကြား
ခဲ့သည်။
3
တောင်ကြီးမြို့သည် ၁၈၉၄ တွင် အင်္ဂလိပ်အစိုးရက တည်ထောင်ခဲ့သည်။ စတင်တည်ထောင်ချိန်တွင် စုစု
ပေါင်းလူဦးရေ ၁၂၄၇ ယောက်ရှိပြီး အိမ်ခြေမှာ ၃၃၆ အိမ်ရှိသည်။ ရှမ်း(၈၅၁)ယောက်၊ ဗမာ(၁၇၅)ယောက်၊ အိန္ဒိယ(၁၈၉)ယောက် နှင့် တရုတ်(၃၂)ယောက်သာရှိခဲ့သည်။ ၁၉၉၈-ခု တွင် တစ်မြို့ လုံးရှိလူဦးရေမှာ ၁၂
၆၃၀၀ ယောက်ရှိဟု တောင်ကြီးမြို့ ပထ၀ီဝင်ဌာနမှ မ၀င်းပပသန်း၏ တောင်ကြီးတက္ကသိုလ် သုသေသန
စာအုပ်တွင် အတိအလင်းဖော်ပြထားသည်ကို သိရှိရသည်။
တောင်ကြီးမြို့ တွင် ဇွန်လ   ၈ ရက်နေ့ မှစ၍ ၉၆၉ တရားပွဲကြေညာ ဗီနိုင်းဘုတ်များကို လိုက်လံစိုက်ထူလျက်
ရှိသည်။ယင်းတရားပွဲကိုဇွန်လ၁၇ရက် မှ ၁၈ ရက်အထိ တောင်ကြီးမြို့ ရှိ သိမ်တောင် ပရိယတ္တိစာသင်တိုက်
တွင် ည ၇ နာ၇ီတွင်ကျင်းပမည်ဖြစ်သည်။
wirathu
ယနေ့ညတွင် ၉၆၉ တရားပွဲ စတင်မည်ဖြစ်ပြီး တောင်ကြီးမြို့ ရှိဗလီများ၌ အစ္စလာမ်ဘာသာဝင်များ ယနေ
ထိုင်ကြရန် အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီးမှ  ယနေ့ နေ့လည် ၀တ်ပြုဆုတောင်းမှု အပြီးတွင် ဆော်သြထုတ်
ပြန်ခဲ့သည်။
မကြာခင်လများအတွင်းက မူဆယ်မြို့ တွင် အစွန်းရောက် ၉၆၉ တရားများဟောကြားပြီးနောက် လာရှိုးမြို့ ၌ အစွန်းရောက် ဗုဒ္ဓသာသာများ၏ အကြမ်းဖက်ရမ်းကားမီးရှို့ မှု၊ သတ်ဖြတ်မှုများ ကိုလာရှိုးမြို့ ရှိမွတ်စလင်များ ခံစားခဲ့ရသည်။
ယခုတဖန် ၉၆၉ အစွန်းရောက် တရားခွေများပြန့် နှံ့လျက်ရှိသော ရှမ်းပြည်တောင်ပိုင်းဒေသ များ တွင်လည်း ငြိမ်းချမ်းစွာနေထိုင်လိုသော ဗုဒ္ဓဘာသာဝင်များနှင့် ဒေသခံမွတ်စလင် များက ယင်းကဲ့သို့ အကြမ်းဖက် မှုများ
ဖြစ် လာမည်ကိုစိုးရိမ်လျက်ရှိကြသည်။
6
5
M-Media , RangonNewsDaily
kolatt(PBDN): 17.6.2013
0 comments:
Post a Comment