Pages

Monday, June 17, 2013

တာမွေမြို့နယ်တွင် ရပ်ထားခဲ့သည့်ကားပျောက်ဆုံး

၁၆.၆.၂၀၁၃ရက်နေ့ ၂၀၀၀အချိန်ခန့်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ သြဘာလမ်းနေ
ဦးအောင်စိုးသည် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ကျိုက္ကဆံလမ်း၊ အထက (၅)ရှေ့တွင် ၎င်းပိုင်
ယာဉ်အမှတ် ၈ဂ/၄၉၅၀ လိုက်ထရပ်အဖြူရောင်ကိုယ်ပိုင်ယာဉ်အား ရပ်ထားခဲ့ရာမှ ၁၇.၆.၂၀၁၃ ရက်နေ့
၀၉၀၀ အချိန်တွင်ကားအားကြည့်ရာ မတွေ့ရှိဘဲပျောက်ဆုံးနေ၍ တာမွေမြို့မရဲစခန်းသို့ ကူညီစုံစမ်းပေးရန်အကြောင်းကြားလာခဲ့သည်။ သတင်းအရ တာမွေမြို့နယ်မှတပ်ဖွဲ့ဝင်များ၊ တိုင်းအကူတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ (၄)ခရိုင်မှအထူးမှုခင်းနှိမ်နင်းရေးအဖွဲ့များ ယာဉ်ထိန်းတပ်ဖွဲ့ခွဲ(ရန်ကုန်)မှတပ်ဖွဲ့ဝင် များနှင့်
မြို့ပေါ်ရပ်ကွက်များ၊ မြို့အ၀င်/အထွက်များတွင် ပူးပေါင်းပိတ်ဆို့ စုံစမ်းရှာဖွေလျက် ရှိပါသည်။
ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိတို့၏ယာဉ်များအားလုံခြုံရေးအစောင့်ရှိသော ယာဉ်ရပ်နားစခန်း/နေရာများတွင်ထားရှိရန်၊ ယာဉ်၏တံခါးသော့များအား ကောင်းမွန်စွာပြုပြင် ထားရှိပြီး သေချာစွာသော့ခတ် ပိတ်ထားကြရန်နှင့် ယာဉ်ထားသည့်နေရာပတ်ဝန်းကျင်ရှိသူများအား အိမ်နီးချင်းကောင်းစောင့်ရှောက်မှုမျိုးရရှိရေးအပ်နှံဆောင်ရွက်သင့်ကြောင်းအသိပညာပေးဖော်ပြအပ်ပါသည်။

ရဲဇာနည် , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၇.၆.၂၀၁၃

0 comments:

Post a Comment