Pages

Monday, June 17, 2013

ဒိုင်နာလိုင်းကား ဂက်စ်ပိုက်ပေါက်၍ မီးလောင်မှုဖြစ်

ရန်ကုန်၊ ဇွန် ၁၆

၁၆.၆.၂၀၁၃ရက်နေ့ ၀၅၁၈ အချိန်တွင် ယာဉ်မောင်း မြင့်စိုး၊ ၃၈နှစ်၊ (ဘ)ဦးခင်ဦး၊ လှိုင်သာယာမြို့နယ်နေ
သူ မောင်းနှင်သည့် ၂၂၆(အစိမ်း)လိုင်း၊ ဒိုင်နာယာဉ်သည်သီရိမင်္ဂလာဈေးဘက်မှလှိုင်သာယာမြို့နယ်ဘက်
သို့ မောင်းနှင်လာစဉ် ကပရ၀န်းရှေ့ အရောက်တွင် ဂက်စ်ပိုက်ပေါက်ပြီး မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်းသ
တင်းရရှိသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ လှိုင်မြို့နယ်မီးသတ်တပ်ဖွဲ့မှမီးသတ်ယာဉ်(၂)စီး ဖြင့်ရောက်ရှိငြိမ်းသတ်
ခဲ့၍ ၀၅၃၀ အချိန် မီးငြိမ်းသွားခဲ့ပါသည်။ 

မီးလောင်မှုကြောင့်ယာဉ်၏ရှေ့ခန်းမီးလောင်ပျက်စီးခဲ့ရာတန်ဖိုး(၁)သိန်းကျပ်ခန့်ဆုံးရှုံးခဲ့ပြီး၊ယာဉ်၏နောက်
ခန်းတွင်စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် မင်္ဂလာဒုံနေ ဒေါ်ညိုညိုထွေး၊၄၇နှစ်၊ (ဘ)ဦးတင်ညွန့်
သည်ယာဉ်ပေါ်မှ ဆင်းပြေးစဉ်ပြုတ်ကျခဲ့၍၀ဲဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး
တွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ်ကုသလျက်ရှိသောကြောင့် ယာဉ်မောင်း မြင့်စိုးအား ပိတောက်ချောင်း
နယ်မြေရဲစခန်း(ပ)၁၄၀/၂၀၁၃ ပုဒ်မ-၂၈၅/၃၃၇ ဖြင့် အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police ,  RangonNewsDaily
kolatt(PBDN): 16.6.2013


0 comments:

Post a Comment