Pages

Saturday, April 26, 2014

အချုပ်သားကိုရိုက်သည့် ဒုရဲအုပ် ၂ ဦးနှင့် တပ်ဖွဲ့ဝင် ၂ ဦးကို လူသတ်မှုဖြင့် ထောင်၁၀နှစ် ချမှတ်

RangonNewsDaily: March . 26 .2014
 ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိ နှစ်ဦးနှင့် ရဲတပ်သား ၂ ဦးတို့ကို တောင်ငူခရိုင် တရားရုံး (၁)က ဧပြီ ၂၅ရက်တွင် လူသတ်မှုထင်ရှားခဲ့သဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်ဟု အသတ်ခံရသည့် လူငယ်၏ အစ်မဖြစ်သူ မမြင့်ခက်ခက်မွန်က မဇ္ဈိမသို့ ပြောသည်။၎င်းတို့ ၄ ဦးမှာ လူသတ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ခရိုင်တရားသူကြီး မောင်မောင်အေးက အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့သည်ဟု ဆိုသည်။

ဘင်္ဂါလီဖြည့်သူ ၆၀၀၀ ကျော်ရှိသည်ဟု ဦးမြင့်ကြိုင် ပြောခြင်းမှာ ၀ါဒဖြန့်ခြင်းသာ ဖြစ်

RangonNewsDaily: March . 26 .2014
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က သန်းခေါင်စာရင်း ကောက်ခံရာတွင် ရိုဟင်ဂျာများက မိမိတို့၏ စိတ်ဆန္ဒဖြင့် ဘင်္ဂါလီဟု ထွက်ဆို၍ သန်းခေါင်စာရင်း အကောက်ခံ နေသည်မှာ အိမ်ထောင်စု ၆၀၀၀ ကျော်ရှိနေပြီး ဖြစ်ကြောင်း ဧပြီလ ၂၃ ရက်နေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားခြင်းမှာ မှန်ကန်မှု မရှိဘဲ ၀ါဒဖြန့်ခြင်း သက်သက်သာ ဖြစ်ကြောင်း ရခိုင်ပြည်နယ်မှ ဒေသခံ ရိုဟင်ဂျာများက ပြောပါသည်။ 

ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် ကျောက်စာထားရှိဖို့ စီစဉ်


RangonNewsDaily: March . 26 .2014
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေး မြို့တောင်လေးလုံးကျောင်းတိုက်မှာ အထိမ်းအမှတ် ကျောက်စာထားရှိဖို့ အတွက် မန္တလေး မြို့ခံစာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာတွေ စီစဉ်နေကြပါတယ်။

ဖခင်အတွက် အလုပ်ရှာပေးရန် သမ္မတကတော်ကို အကူအညီတောင်းသည့် ကလေးမလေး


RangonNewsDaily: March . 26 .2014
ချာလော့တီဘဲလ် အနေဖြင့် သူမ၏ဖခင် အလုပ်လက်မဲ့ ဖြစ်နေပြီး စိတ်လက်မရွှင်လန်းသည်ကို သဘောပေါက်ခဲ့သည်။ ထို့ကြောင့်လည်း သူမအနေဖြင့် ဖခင်ကို ကူညီပေးနိုင်မည့်သူ တစ်ဦးကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ ချာလော့တီ အနေဖြင့် သူမစိတ်ကူးထားသူကိုလည်း အမှန်တကယ် တွေ့ဆုံခွင့် ရခဲ့ပြီး လက်တွေ့လည်း အကူအညီ တောင်းခံခဲ့သည်။

အလုံလမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိ ၂ ထပ် တိုက်တစ်လုံး အပေါ်ထပ်ပြိုကျ ယနေ့ညနေပိုင်းကဖြစ်ပွား


RangonNewsDaily: March . 26 .2014
ယနေ့ ညနေပိုင်းတွင် အလုံလမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိ ၂ ထပ် တိုက်တစ်လုံး အပေါ်ထပ်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

မန္တလေး - လားရှိုး ရွှေလားရှိုး ခရီးသည်တင်မှန်လုံယာဉ်တိုက်၍ တစ်ဦးသေဆုံး


RangonNewsDaily: March . 26 .2014
သီပေါမြို့နယ်၊ နမ့်အွန်ကျေးရွာအနီးတွင် ယနေ့နံနက်(၇)နာရီအချိန်ခန့်က မန္တလေးဘက်မှ လားရှိုးသို့မောင်းနှင်လာသည့် ရွှေလားရှိုးခရီးသည်တင်မှန်လုံက ရှေ့တွင်လဲနေသောခြောက်ဘီးယာဉ်အား ဝင်တိုက်ခဲ့၍ ယာဉ်ပြုပြင်မှုပြုလုပ်နေသော ခြောက်
ဘီးယာဉ်မောင်းဒဏ်ရာရကာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

အကြမ်းဖက်မှုလှုံ့ဆော် အမုန်း တရားဟောပြော သူတွေကို အစိုးရက ပြတ်ပြတ် သားသား အရေးယူဖို့ လိုတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပြော

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
RangonNewsDaily: March . 26 .2014
မြန်မာ့ မိတ်ဆွေနိုင်ငံများကို ပြန်လည်ဖွဲ့စည်းထားတဲ့ Partnership Group on Myanmar မြန်မာ့အရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ရဲ့ ပထမဦးဆုံး အကြိမ် အစည်းအဝေးကို သောကြာနေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် က ခေါ်ယူကျင်းပခဲ့ပါတယ်။ 

အင်းလျားကန်ပေါင်နံဘေး ရပ်ထားသည့် လင်ခရူဆာယာဉ်အား အမျိုးသားငါးဦးက ဓားပြတိုက်ကာ လက်ဝတ်ရတနာနှင့် ယာဉ်အား လုယူမောင်းနှင်


RangonNewsDaily: March . 26 .2014
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ အင်လျားကန်ပေါင်နံဘေး ရပ်ထားသည့် လင်ခရူဆာ ယာဉ်ပေါ်ရှိ လူငယ်နှစ်ဦးအား အမျိုးသားငါးဦးက ခြိမ်းခြောက်ကာ လက်ဝတ်ရတနာများနှင့် ယာဉ်အား လုယူမောင်းနှင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုံရွာမြို့ သလ္လာရပ်ကွက်နေအိမ်မှ ၀ါယာရှော့ဖြစ်ပွားကာ နေအိမ်(၂၃)လုံးခန့် မီးလောင်ကျွမ်း


RangonNewsDaily: March . 26 .2014
၂၅. ၄. ၂၀၁၄ ည( ၁၁)နာရီအချိန်ခန့် တွင်မုံရွာမြို့ သလ္လာရပ်ကွက် သလ္လာအမှတ်(၄) ရပ်တွင် ဦးကျော်မြင့် ဒေါ်သင်းသင်းဟန် တို့ ၏နေအိမ်တွင် အိမ်ငှား ငှားရမ်း နေထိုင်သူဦးဘိုဌေး ဆိုသူ ၏ နေအိမ် မှ ၀ါယာရှော့ဖြစ်ပွား ကာ နေအိမ်(၂၃)လုံးခန့်
မီးလောင်ကျွမ်းခဲ့ရကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့ရုံး ၏ ကနဦး ကြေးနန်းများအရ သိရသည်။

"အရက်အလွန်အကြွံသောက်စားတတ်သည့်အမျိုးသားတစ်ဦး နေအိမ်တွင် အန်ဖတ် ဆို့ သေဆုံး"

RangonNewsDaily: March . 26 .2014
၂၅.၄.၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊သောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာ၊ ခိုင်ရတနာလမ်းတွင် အမျိုးသားတစ်ဦးမှာနေအိမ်၌ သေဆုံးနေကြောင်းသတင်း
အရ သွားရောက်စစ်ဆေးခဲ့ပါသည်။

မန္တလေးတွင်လေပြင်းတိုက်ခတ်၍ ကျုံး မြောက်ဘက်ရှိပေပင်ကြီး အမြစ်ကျွတ်၍ ကျုံး ထဲ ကျ


RangonNewsDaily: March . 26 .2014
ယနေ့၊ဧပြီ ၂၆ ရက်နံနက် ၃း၃၀ နာရီကမန္တလေးတွင် လေပြင်း တိုက်ခတ်သောကြောင့်ကျုံး မြောက်ဘက် ၇၈ လမ်းထိပ် ပေပင်ကြီး အမြစ်ကျွတ်၍ ကျုံးထဲကျသွားကြောင်းသိရသည်။

တိုက်ကြီး-ဆူးလေ ခရီးသည်တင်ယာဉ်ပေါ်၌ ခရီးသည်အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပြတ်သေဆုံး

RangonNewsDaily: March . 26 .2014
၂၅.၄.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန်တွင် တိုက်ကြီးမြို့နယ်နေ ယာဉ်မောင်းဖြစ်သူကိုကျော်ကျော်ဝင်းသည် ၎င်းမောင်းနှင်သော ၁ဂ/---- အမှတ်(၁၃၂) တိုက်ကြီး-ဆူးလေ ခရီးသည်တင်ယာဉ်ဖြင့် မှော်ဘီမြို့မရဲစခန်းသို့ ရောက်ရှိလာပြီး ယာဉ်ပေါ်တွင် ခရီးသည်တစ်ဦးသေဆုံးပါရှိလာကြောင်း အကြောင်းကြားသဖြင့်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးကျော်စိန်၊ (၆၃)နှစ်၊(ဘ)ဦးစိန်ပွင့်၊ ဖန်ခါးကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်နေသူဖြစ်ကြောင်းသိရှိရပြီး ထိုင်ခုံတွင်ထိုက်လျက် ပြင်ပဒဏ်ရာမရှိဘဲ
သေဆုံးနေသည်ကို တွေ့ရှိရပါသည်။