Pages

Saturday, April 26, 2014

တိုက်ကြီး-ဆူးလေ ခရီးသည်တင်ယာဉ်ပေါ်၌ ခရီးသည်အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပြတ်သေဆုံး

RangonNewsDaily: March . 26 .2014
၂၅.၄.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန်တွင် တိုက်ကြီးမြို့နယ်နေ ယာဉ်မောင်းဖြစ်သူကိုကျော်ကျော်ဝင်းသည် ၎င်းမောင်းနှင်သော ၁ဂ/---- အမှတ်(၁၃၂) တိုက်ကြီး-ဆူးလေ ခရီးသည်တင်ယာဉ်ဖြင့် မှော်ဘီမြို့မရဲစခန်းသို့ ရောက်ရှိလာပြီး ယာဉ်ပေါ်တွင် ခရီးသည်တစ်ဦးသေဆုံးပါရှိလာကြောင်း အကြောင်းကြားသဖြင့်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးကျော်စိန်၊ (၆၃)နှစ်၊(ဘ)ဦးစိန်ပွင့်၊ ဖန်ခါးကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်နေသူဖြစ်ကြောင်းသိရှိရပြီး ထိုင်ခုံတွင်ထိုက်လျက် ပြင်ပဒဏ်ရာမရှိဘဲ
သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ယာဉ်မောင်း ကိုကျော်ကျော်ဝင်းသည် ယာဉ်အား ဆူးလေမှ တိုက်ကြီးသို့မောင်းနှင်လာစဉ် သေဆုံးသူမှာ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းရှိ စံပြကားမှတ်တိုင်မှ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊စမ်းချောင်းပေါက်မှတ်
တိုင်သို့ စီးနင်းလိုက်ပါလာသူဖြစ်ကြောင်း၊

၁၆၀၀ အချိန်ခန့်တွင် စမ်းချောင်းပေါက်မှတ်တိုင်သို့ရောက်ရှိစဉ် ၎င်းအားခေါ်မရသဖြင့် ကြည့်ရှုရာမှ သေဆုံးနေသည်

ကိုတွေ့ရှိရ၍ ရဲစခန်းသို့မောင်းနှင်လာခဲ့ပြီး အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှ သေဆုံးသူ ဦးကျော်စိန်အား မှော်ဘီမြို့နယ်ဆေးရုံသို့ ပို့အပ်စစ်ဆေးခဲ့ရာ ပဏာမထင်မြင်ယူဆချက်အဖြစ် နေပူရှိန်လွန်ကဲပြီး ဦးနှောက်သွေးကြောပြတ်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးခြင်းနှင့်ပတ်သက်၍ မှော်ဘီမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment