Pages

Saturday, April 26, 2014

"အရက်အလွန်အကြွံသောက်စားတတ်သည့်အမျိုးသားတစ်ဦး နေအိမ်တွင် အန်ဖတ် ဆို့ သေဆုံး"

RangonNewsDaily: March . 26 .2014
၂၅.၄.၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊သောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာ၊ ခိုင်ရတနာလမ်းတွင် အမျိုးသားတစ်ဦးမှာနေအိမ်၌ သေဆုံးနေကြောင်းသတင်း
အရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ သက်ကိုဦး၊ (၂၈)နှစ်၊ (ဘ)ဦးအောင်နိုင်ဦးဖြစ်ပြီး နေအိမ်တဲအတွင်း၌ ပါးစပ်တွင် အန်ဖတ်များဆို့လျက်ဖြင့် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည်ကိုတွေ့ရှိရ၍ စုံစမ်းရာ ၎င်းသည် အရက်အလွန်အကြွံသောက်
စားတတ်သူ တစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၁၉/၂၀၁၄)ဖြင့် ရေးဖွင့်ကာစုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment